Breaking News

လင်းတည်ဦး ● ရာသီဥတုနဲ့ သင့်တင့်လျောက်ပတ်စွာ နေထိုင်ခြင်း

လင်းတည်ဦး ● ရာသီဥတုနဲ့ သင့်တင့်လျောက်ပတ်စွာ နေထိုင်ခြင်း
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၉

ရာသီက ပြင်းတယ်
လေထုထဲ ညှော်နံ့တွေချည်း ရနေတယ်
စက်ရုံထုတ်အချိုရည်တွေ လျှော့သောက်
ခန္ဓာကိုယ်ကို ဥပါဒ်ဖြစ်စေမယ့်
အမှိုက်စာတွေ လျှော့စား
သင့်ဦးနှောက်ကို လှိုက်စားမယ့်
အမုန်းကို တရားလုပ်နေတဲ့
အမုန်းတရားတွေကို ရှောင်ကြဉ်လိုက်

အပြု တစ်ပဲ ဆဲရေးမှု တစ်ပိသာ
ဒါဟာ နေ့စဉ်သုံး ဗန်းစကားတွေလို
ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပေါ့
စစ်အေးတိုက်ပွဲဆိုတာ ကြားဖူးပါစ

ဂုဏ်ယူလိုက်စမ်းပါ မိတ်ဆွေ
ခင်ဗျားဟာ
ဘယ်နိုင်ငံနဲ့မှ ပဋိက္ခဖြစ်မနေဘဲ
ယမ်းငွေ့နဲ့ ပေါက်ကွဲသံတွေ မြေစာပင်စစ်စစ်တွေနဲ့
တိုက်ပွဲရဲ့အလယ်ဗဟို တည့်တည့်ကြီးမှာပါ

ဒီလို မီးတောက်တွေကြား
ကျနော့်မိတ်ဆွေလေး လီလီ့အတွက်
Google မှာ white roses လို့ ရိုက်ရှာ
လူမှုမီဒီယာပေါ် တင်ပေးလိုက်ပါတယ်
ကျနော်တို့ လူချင်း မတွေ့ကြရဘူးလေ။

လင်းတည်ဦး
၁၈ စက်တင်ဘာ ၂၀၁၉