Breaking News

နိုင်မင်းညို မြစ်ခြေ - စစ်ပြေးပြည်သူ ဖတ်ဖို့စာ



စစ်ပြေးပြည်သူ ဖတ်ဖို့စာ
နိုင်မင်းညို မြစ်ခြေ
(မိုးမခစက်တင်ဘာ ၂၃၊ ၂၀၁၉

လွှစက်ပေါ် ရောက်နေတဲ့
သစ်ပင်လို အတွေးမှာ
မျက်လုံးမှေးမှေးလေးဆီက
တောခြောက်သံကြားရတယ်
ဘိုမရုပ်နဲ့ ကြေးနန်းကြိုး
မော်တော်ကားနဲ့ ခွန်အားဖြည့် အချိုရည်
အတုတွေ ပစ်ပစ် အထည့်ခံရတဲ့ တိုင်းပြည်ထဲ
အသက်ရှူသံမလပ် ထိတ်ထိတ်ပြာပြာနေ့များ
ခုမှ
ရက်ရက်ရောရော
ကျည်ဆန်အစစ်တွေ ဝေငှနေတဲ့
ဖြူဖပ်ဖြူရော်လက်များ
အိမ်ကြက်ချင်း နားကိုက်လို့ ပါးရိုက်နေတာ
အားပါးတရ မြိန်ရေယှက်ရေ ကြည့်ရင်း
မျက်ရည်ကျနေတဲ့ မျက်နှာဖုံးအတုကိုစွပ်
ခြောက်သွေ့နေသော ခေါက်ဆွဲခြောက်တွေထဲ
ဝမ်းနည်းကြောင်း သဝဏ်လွှာ
စစ်ပြေးပြည်သူဖတ်ဖို့ ပေးပို့လိုက်ရဲ့