Breaking News

လင်းဝေး - ကြာ/ပန်း

KT#
ကြာ/ပန်း
လင်းဝေး
(မိုးမခ) နို၀င်ဘာ ၆ ၂၀၁၉

ရေတွက်ရတဲ့ ရက်တွေများ

ယမ်းငွေ့တဝေဝေ လများ

ဆိုခဲစေ မြဲစေနှစ်များ

လူကြီးမင်းခေါ်ဆိုသောဆွေးနွေးပွဲမွာ

နေရာမှားနေပါတယ်...တဲ့

ေဒါသတရားဟာ

သိန်းတစ်ဆယ်တန် ထိုင်ခုံပေါ်မှာ မိန်မိန့်ကြီးပြုံးလို့

ယိုင်နဲ့နဲ့ခွေးခြေပေါ်က 

အပစ်အခတ် ရပ်စဲရေးဟာ

လေးလံလွန်းစွာ့

လူသေတွေက အလောင်းချင်းထပ်နေပြီ

ရလဒ်က နောက်ဘုရားမှာပွင့်မယ်

ရန်သူတွေက အယူသန်တော့

မိန်းခလုတ်တွေ ဖွင့်ဖို့ ဖျု့စ်ပြတ်နေတယ်
မငြိမ်းသေးတဲ့မီးရယ်

မအေးချမ်းတော့တဲ့ဆောင်းရယ်

မရေးရသေးတဲ့စာချုပ်ရယ်

ပေါင်းလိုက်တော့" ငြိမ်း ချမ်း ရေး "တဲ့

အသားမဲပေမယ့် အသည်းမာတဲ့

"နယ်လ်ဆင်မင်ဒဲလား"ဟာ ပြုံးလျက် ။ ။