Breaking News

စိုးနောင်(မုံရွာ)- တိုက်ပွဲရှောင်စခန်း

KT#
တိုက်ပွဲရှောင်စခန်း
စိုးနောင်(မုံရွာ)
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၉


တိုက်တမ်းကစားနေကြတဲ့ပွဲတွေ
တိုက်ပွဲတွေ။

တိုက်ပွဲကလူတွေကိုမရှောင်တော့
လူတွေကတိုက်ပွဲကိုရှောင်ရ။

ဝဋ်ရှိတော့
အပြစ်လည်းခံ
အပစ်လည်းခံ။

ယမ်းက
ရမ်းတယ်။

ဘီလူးကိုခိုင်းစားရင်
အောက်လမ်းဆရာဆိုတော့
ယမ်းဘီလူးကိုခိုင်းစားရင်ရော။

ကောင်းကင်ပေါ်မှာ
လကမျက်နှာညိုလို့
ကြယ်တွေကမျက်ရည်စိုလို့။     ။