Breaking News

ဟန်သစ်နိုင် - လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိူးသိန်းက ဖွဲ့စည်းပုံပြင်ဆင်ရေး ဘာပြောသလဲ



ဟန်သစ်နိုင် - လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိူးသိန်းက ဖွဲ့စည်းပုံပြင်ဆင်ရေး ဘာပြောသလဲ

(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၉

မြန်မာပြည် ပြည်တွင်းငြိမ်းချမ်းရေးရဖို့နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးပြုလုပ်ရန်နှင့် ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ပြုလုပ်မှသာ မြန်မာနိုင်ငံရှိတိုင်းရင်းသူ တိုင်းရင်းသားအား လုံးတို့သည် အေးချမ်းစွာနေထိုင်နိုင်ကြပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း က မိုးမခသို့ပြောသည်။

မေး။ ။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲ ဆိုတာနှင့် လက်ရှိ ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြင်ဆင်မယ်ဆိုတဲ့ အချက်ပေါ် အများပြည်သူသိအောင်ရှင်းပြပေးပါအုံး။

ဖြေ။ ။ဖွဲ့စည်းပုံဥပဒေဆိုတာက နိုင်ငံတစ်ခုပါပဲ၊ အရေးကြီးဆုံး အခြေခံအကျဆုံးဥပဒေတစ်ခုဖြစ်တယ်၊ ဖွဲ့စည်းပုံ အခြေခံဥပေဒဆိုတဲ့အတိုင်းပဲ နိုင်ငံကိုဘယ်လိုဖွဲ့စည်းမလဲ၊ ဘယ်လိုစီမံအုပ်ချုပ်မလဲဆိုတဲ့ အဓိက အပိုင်း ပါဝင်တယ်ပေါ့၊ အဲဒီအပိုင်းတွေမှာ ပြည်သူနဲ့ သက်ဆိုင်တဲ့အစိုးရတွေကြားမှာ ထားရှိတဲ့ကတိကဝတ်တွေ ကို ပဋိညာဉ်ပြုထားတဲ့ ဥပဒေတစ်ခုဖြစ်တယ်၊ တစ်ဖက်မှာ ပြည်သူတွေဘက်ကလဲပဲ၊ ပြည်သူတွေမှာ ဘာတွေ အခွင့်အရေးတွေရှိသလဲဆိုတာ ပါဝင်သလို ပြည်သူတွေက ဘာတာဝန်တွေရှိလဲ ဘာတွေလိုက်နာရလဲ ဆိုတာပါဝင်တယ်ပေါ့၊ နောက်တစ်ချက်က အစိုးရဘက်အပိုင်းမှာတော့ နိုင်ငံသူနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီး ပွားအတွက် ဘယ်လိုသင့်မြတ်အောင် သင့်လျော်အောင် ဆောင်ရွက်ပေးရမလဲဆိုတဲ့တာဝန်ပိုင်းပေါ့၊ 

လက်ရှိ အခြေခံဥပဒေနဲပတ်သက်လို့ ကျနော်တို့နိုင်ငံမှာလိုအပ်နေတာက နိုင်ငံအတွက်ကောင်းဖို့အတွက်ဆိုရင် ဖွဲ့စည်း အုပ်ချုပ်ပုံကောင်းတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံတစ်ခု လိုကိုလိုတယ်၊ လိုဖို့အတွက်ကြောင့် ကောင်းတဲ့အုပ်ချုပ်ပုံ ဖြစ်သ လား မဖြစ်ဘူးသလားဆိုတာ အခုလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက ပြည့်စုံမှုမရှိသေးဘူး၊ ပြည့်စုံမှုဆိုတာ လုံးဝ ပြည့်စုံတဲ့ဆိုလိုခြင်းမဟုတ်ဘူး၊ လိုအပ်ချက်တွေရှိနေပါတယ်၊ နိုင်ငံသူ နိုင်ငံသားတွေအတွက်ရော နိုင်ငံအ တွက်ရော လိုအပ်ချက်တွေရှိတယ်၊ ဒါတွေကို ဖြည့်စွက်ဖို့လိုအပ်တယ်၊ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက အများပြည်သူလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့ လိုကိုလိုအပ်တယ်၊ အများပြည်သူလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံလိုအပ်တယ်ဆိုတော့ အများပြည်သူလက်ရဲ့ဆန္ဒပါဝင်တဲ့ ဖွဲ့စည်းပုံဖြစ်မှလည်း ဖြစ်မယ်ပေါ့၊ 

ဒါကြောင့် အရေးအကြီးဆုံးအချက်ကတော့ ဖွဲ့စည်းပုံတစ်ခုဟာ အများပြည်သူရဲ့ သဘောထား ဆန္ဒပါဝင်ရမယ်၊ အများ ပြည်သူရဲ့သဘောထား တူညီတဲ့ ထောက်ခံတဲ့ အခြေခဲ့ဖွဲ့စည်းပုံဖြစ်ဖို့လိုတယ်၊ ဒါကတော့ကျနော့်အနေနဲ့ အခြေခံအကျဆုံးအချက်လို့မြင်ပါတယ်၊ ဒီလိုမှမဟုတ်ပဲနဲ့ အများပြည်သူဆန္ဒသဘောထားနဲ့ မကိုက်ညီ ဘူးဆို လို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အချိန်ကာလတိုင်း အချိန်ကာလတိုင်း မှာ အဆင်မပြေမှု ကြီးထွားသထက်ကြီးထွားလာမှာပဲဖြစ်တယ်။


မေး။ ။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်ဆိုရင် သူ့ရဲ့အကျိုးရလဒ်တွေကဘာတွေဖြစ်လာမလဲ။
ဖြေ။ ။ကျနော်ပါတီဝင်တစ်ယောက်အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒါတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးဆိုတာ ကျနော်တို့ပါတီရဲ့ နိုင်ငံရေးကြေညာစာတမ်းမှာလည်းပါပြီးသားဖြစ်ပါတယ်၊ တကယ်လည်းအရေး ကြီးပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပေဒပြင်နိုင်ဖို့အတွက်ကို ကျနော်တို့ခေါင်းဆောင်တွေက အစပြုပြီးတော့ အစဉ်စိတ်ထဲမှာ လည်းရှိတယ်၊ ပြင်နိ်ုင်ဖို့အခွင့်လမ်းတွေလည်း ပေါ်ရင်ပေါ်သလို ဘက်ပေါင်းစုံကနေ ကြိုးစားတယ်၊ ဖွဲ့စည်းပုံ ပြင်နိုင်ဖို့ကို ပထမတစ်ဆင့်က ပြည်တွင်းငြိမ်းချမ်းရေးပေါ့၊ ပြည်ထောင်စုပင်လုံညီ လာခံကတစ်ဆင့် ကြိုးစား တယ်၊ အခုတစ်ခါထပ်မံပြီးတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် ဒါကို ကျနော်တို့တရား ဝင်ပြင်ခွင့်ဖြစ်အောင်ကြိုးစားတယ်၊ ဒီလိုကြိုးစားတဲ့အခါမှာ နိုင်ငံရဲ့ဖွဲ့စည်းပုံ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ အနှစ်သာရကလည်းပါရမယ်၊ ဒီမိုကရေစီကျင့်စဉ်နဲ့လည်းညီရမယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့ အဓိကထားတာက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးဆိုတဲ့ဦးတည်ချက်ပေါ်မှာ အခြေခံပြီးတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်ရေးဆိုတဲ့ဦးတည်ချက်ပေါ်မှာ ကျနော်တို့ ပါတီကနေ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်၊ ဒါကဘာအတွက်လဲဆိုတော့ ကျနော်တို့ မြန်မာပြည်အ တွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး အကျိုးအတွက်ဖြစ်ပါတွက်ဖြစ်ပါတယ်။

မေး။ ။တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများဒုက္ခမျိုးစုံကြုံတွေ့ နေရပြီး မငြိမ်းမချမ်းဖြစ်နေရတဲ့အပေါ် မြန်မာပြည် ပြည်တွင်းငြိမ်းချမ်ရေးရဖို့အတွက် မြန်မာပြည်အတွင်းနေ ထိုင်ကြတဲ့ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ မည်သို့လုပ်ဆောင်သင့်ပါသလဲ။
ဖြေ။ ။ပြည်တွင်းငြိမ်းချမ်းရေးရနိုင်ဖို့အတွက်ကို အဓိကဆောင်ရွက်ရမယ့်ကိစ္စရပ်ကတော့ အမျိုးသားပြန် လည် သင့်မြတ်ရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းပေါ့၊ ကျနော်တို့ဒီနေရာမှာ သမိုင်းတစ်လျှောက် မှာဖြစ် တည်ခဲ့တဲ့ အယူဝါဒရေးရာကိစ္စတွေ လူမျိုးရေးရာကိစ္စရပ်တွေကို အခြေခံပြီးတော့မှ ကျနော်တို့တိုင်းရင်း သားအ ချင်းချင်း မညီမညွတ်ဖြစ်ခဲ့ကြတယ်၊ အဲဒီအပေါ်မှာအခြေခံပြီးတော့မှ ကျနော်တို့ပြည်တွင်းငြိမ်းချမ်းရေး ဟာ တကယ်ကိုမဖြစ်မနေလိုအပ်လာပါတယ်၊ 

နောက် တိုင်းရင်းသားလက်နက်ကိုင်တွေဟာလဲပဲ ဆယ်စုနှစ် ပေါင်း များစွာ တည်ရှိလာခဲ့တယ်၊ ဒီလိုတိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်ပဋိပက္ခဖြစ်တာဟာ ကျနော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးရေး ရော တည်ငြိမ်ရေးအတွက်ရော လုံးဝအနှောက်အယှက်ဖြစ်ပါတယ်၊ ဒီ အနှောက်အယှက် ဖြစ်တဲ့အ ကျိုးကိုခံစားရတာက နိုင်ငံသားအားလုံး ခံစားရတယ်ပေါ့၊ ခံစားရတာချင်းတော့ အထူးသဖြင့် ဝေးလံတဲ့နေရာ တွေမှာရှိတဲ့တိုင်းရင်းသားတွေက ပိုပြီးတော့ခံစားရတယ်၊ ကျနော်တို့က အထူးသဖြင့် ဒီလိုတိုင်း ရင်းသားတွေ ဝေးလံတဲ့နေရာမှာရှိတဲ့တိုင်းရင်းသားတွေ ဒုက္ခခံစားနေရတာကို ပိုပြီးတော့မြင်တယ်ပေါ့၊ အဲဒီအ တွက်ကြောင့် အထူးသဖြင့် နစ်နာတဲ့သူတွေအားလုံးရော ပိုပြီးတော့ခံစားနေရတဲ့တိုင်းရင်းသားတွေအတွက်ရော လုံးဝလို အပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်တယ်၊

 ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကို ကျနော်တို့ အမျိုးသားပြန် လည် သင့်မြတ်ရေးလုပ်ငန်း မဖြစ်မနေလုပ်ကိုလုပ်ရမှာဖြစ်တယ်၊ ဒီလိုလုပ်နိုင်ဖို့အတွက်လည်း အမျိုးသားပြန် လည် သင့်မြတ်ရေးလုပ်ငန်းစဉ်ကိုလည်းပဲ ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးကြေညာစာတမ်း မှာ အတိအလင်းဖော်ပြထားပါတယ်၊ 

ဒီလိုဆောင်ရွက်တဲ့အခါမှာပေါ့နော် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အ ခတ် ရပ်စဲရေးဆောင်ရွက်တဲ့နည်းလမ်း၊ နောက်တဆင့် နိုင်ငံရေး ဆွေးနွေးပွဲနည်းလမ်း၊ ပြီးတော့မှ ပြည်တွင်း ငြိမ်းချမ်း ရေးရရှိရေးဆိုတဲ့ လုပ်ငန်းအဆင့်ဆင့်နဲ့သွားနေတာဖြစ်တယ်၊ ဒီလိုလုပ်ငန်းအဆင့်ဆင့်တွေဆောင် ရွက်နေ ရင်းနဲ့ပဲ ဒီအထဲမှာလုပ်ငန်းစဉ်တစ်ခုအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးကိုလဲပဲ ထည့်သွင်း ပြီးတော့ အလေးထား ထည့်သွင်းပြီးဆောင်ရွက်နေတာဖြစ်တယ်၊ 

အဲဒါကြောင့် ကျနော်တို့ အဓိကအလိုအပ်ဆုံး ကျနော် တို့အချင်းချင်း တွေကြားမှာဖြစ်နေတဲ့ အမျိုးသားချင်း ပြန်လည်သင့်မြတ်ရေး ၊ အမျိုးသားပြန်လည် သင့်မြတ် ရေးဟာ ဘာလို့လိုအပ်လဲဆိုတော့ ကျနော်တို့တစ်မျိုးသားလုံးညီညွွှတ်ရေးရမှ တကယ်လဲပဲတိုင်းပြည် ရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး ဖော်ဆောင်မှာဖြစ်တယ်၊ တစ်မျိုးသားလုံးညီညွှတ်ရေးကို ဦးတည်ပြီးတော့ ကျနော် တို့ဆောင်ရွက်တာဖြစ်တယ်၊ တစ်မျိုးသားလုံးညီညွှတ်ရေးရဖို့ကို ကျနော်တို့ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း တိုင်းရင်း သားတစ်ခုချင်းပေါ့ ညီညွှတ်ရေးဟာအရေးကြီးပါတယ်၊ ပြီးတဲ့အခါကျတော့ တစ်ဖွဲ့ချင်း၊ တိုင်းရင်းသားလူမျိုး အချင်းချင်းရဲ့ ညီညွှတ်ရေး ထပ်ပြီးတော့ ဆောင်ရွက်ဖိုို့လိုပါတယ်၊ တိုင်းရင်းသားအဖွဲ့တွေကြားမှာ တိုင်းရင်း သားအချင်းချင်းတွေကြားမှာ ညီညွှတ်ရေးရမှ တစ်မျိုးသားလုံး ညီညွှတ်ရေးရမှာဖြစ်ပါတယ်၊ 

ဒီစကားကိုပြော ခဲ့တာတော့ အဘဦးဝင်းတင်ဖြစ်ပါတယ်၊ ညီညွတ်ရေးမှာ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ တိုင်းရင်းသားတစ်ဖွဲ့ချင်း ကတစ်ခု၊ တိုင်းရင်းသားအချင်းချင်းကတစ်ခု တိုင်းရင်းသားအားလုံးပါတဲ့ အမျိုးသားညီညွှတ်ရေးကတစ် ခုလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ ညီညွှတ်ရေးနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့မှာကြားချက်ကို ကျနော်တို့အမြဲတန်းသတိ ရနေပါတယ်၊ ဆောင်ရွက်ဖို့လဲလိုအပ်တယ်ပေါ့၊ ဒါဆိုလို့ရှိရင် ကျနော်တို့အချင်းချင်း ညီညွှတ်ရေးကို ဘာ့ကြောင့် မလုပ်နိုင်ရမှာလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘာ့ကြောင့်မလုပ်နိုင်ရမှာလဲ လုပ်ကိုလုပ်ရမှာက ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ 

ဒါက ကျနော်တို့နိုင်ငံသားတစ်ဦးချင်းရဲ့ အကျိုးစီးပွားကိစ္စဖြစ်ပါတယ်၊ နိုင်ငံသားတွေရဲ့အကျိုးစီးပွားဆိုတာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားဖြစ်ပါတယ်၊ ဒါကြောင့်လဲကျနော်တို့က တစ်ဦးချင်း တစ်ဖွဲ့ချင်းရဲ့ အကျိုးစီးပွားကိုမကြည့်ပဲနဲ့ နိုင်ငံသားအားလုံးဟာ နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ကြည့်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းအဆင့် အမျိုးသားညီညွှတ်ရေးကို ဆောင်ရွက်ကြဖို့ ကျနော်တို့ငြိ်မ်းချမ်းရေးကိုရအောင်ဆောင်ရွက်ကြဖို့ အမှန်တကယ်လိုအပ်နေပါတယ်၊ ဒါက ကျနော်တို့ပြောချင် တာက နောင်အနာဂတ်မျိုးဆက်တွေအတွက် ဖြစ်ပါတယ်၊ လက်ရှိ တာဝန်ယူနေတဲ့ သူအားလုံးမှာ တာဝန်ကိုယ် စီရှိကြပါတယ်၊ ကိုယ့်တာဝန်ကိုယ်စီကို ကျေပွန်အောင်ထမ်းဆောင်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံ ရဲ့အနာဂတ်ကြီးဟာ တကယ်ပဲ တကယ့်ကိုကောင်းမွန်မှာပါလို့ ကျနော်ယုံကြည်ပါတယ်။

မေး။ ။လွှတ်တော်ပြင်ပမှာရော ပြည်သူလုူထုက ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ကမ်ပိ်န်း တွေလုပ်ဆောင်နေသလို လွှတ်တော်အတွင်းမှာလဲ ဘယ်လိုပုံစံမျိုးတွေနဲ့ဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ ပြင်ဆင်နိုင် ရေးအတွက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်မှာစတင်ကြိုးပမ်းနေတယ်၊ စတင်ကြိုးပမ်း တဲ့အခါမှာ ထပ်ပြီးတော့ ဒီအပေါ်မှာလည်းပဲ ထပ်ပြီးကျန်တဲ့အဖွဲ့အစည်းနှစ်ခုကလည်းပဲ ထပ်မံပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးအတွက်ကို တင်သွင်းလာတာတွေ့ရတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ဆောင်ရွက်တဲ့ရည် ရွယ်ချက်ကတော့အတူတူပါပဲ၊ ရည်ရွယ်ချက်တူပေမယ့် ပါဝင်တဲ့ အချက်အလက် တွေကျတော့ ကွဲပြားမှုတွေ ရှိတယ်၊ မတူညီမှုတွေရှိတယ်၊ 

ဒီအပေါ်မှာ အခြေခံစဉ်းစားမယ်ဆိုလို့ရှိရင် တကယ့် ကိုတိုင်းပြည်အတွက် နိုင်ငံအတွက် လိုအပ်တဲ့ပြင်ဆင်ဖို့အချက်တွေ ဘာတွေဖြစ်သင့်သလဲ မဖြစ်မနေကို ပြင်ဆင်ဖို့လိုအပ်တဲ့ အချက်တွေ ဘာတွေဖြစ်သင့်တာတွေကောင်းမလဲဆိုတာ ဘယ်ဟာကိုပြင်ဆင်ဖို့ အချက်အလက်တွေဟာ အကောင်းဆုံးဖြစ်မလဲဆိုတာကို ကျနော်တို့လွှတ်တော်မှာဆွေးနွေးနိုင်ရင်အကောင်း ဆုံးပေါ့၊ ဘာကြောင့်လဲဆို ရင် ပြင်ဆင်ရမယ့်အချက်တွေက အဓိကကျလို့ပါ၊ နိုင်ငံသားတစ်ဦးချင်းသော်လည်း ကောင်း ၊ နိုင်ငံအတွက် သော်လည်းကောင်း အကျိုးရှိရမယ့်အချက်ဖြစ်ဖို့လိုတယ်၊ နိုင်ငံရဲ့စည်းလုံးညီညွှတ်ရေး ပိုကောင်းသွားမယ့် အချက်ဖြစ်ဖို့လိုတယ်၊ 

လက်ရှိအနေအထားအရအရေးအကြီးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက အရေးကြီးဆုံးဖြစ်ပါတယ်၊ လွှတ်တော်ထဲမှာလည်းဆောင်ရွက်နေပါတယ်၊ အောင်မြင်အောင်ကြိုး စားနေကြတယ်၊ အခြေခံဥပဒေပြင်ဆင်ရေးအောင်မြင်မှပဲ တိုင်းရင်းသားအားလုံးအတွက် အကျိုးရှိမယ်၊ ကျနော် တို့လိုချင်တဲ့ တည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းမှုနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုပါရှိမယ်၊ ဒါမှလည်းပဲ နိုင်ငံတကာနဲ့ ရင် ဘောင်တန်းပြီးတော့ ကိုယ့်နိုင်ငံရဲ့အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ပြသနိုင်ဖို့ ဖြစ်တယ်၊ နိုင်ငံသားအားလုံးမှာ ကိုယ်စီတာဝန်ရှိပါတယ်၊