မောင်စွမ်းရည် – ကျနော်ရရှိတဲ့ အမွေ
မောင်စွမ်းရည် – ကျနော်ရရှိတဲ့ အမွေ
(မိုးမခပြန်လည််််််််််ဆန်းသစ်) အောက်တိုဘာ ၂၂၊ ၂၀၁၅(မိိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၉
ပုတီး တကွင်း
ဓား တစင်းနဲ့
ဆင်းတု တဆူ
ထိုက်ရာယူစေ၊ ကြိုက်ရာယူလေ
အဖေထားခဲ့၊ အမွေများ။
သမီးအကြီး
ပုတီး အမွေ။
သမီးလတ်က
ဆင်းတု ရစေ။
သားကြီး ဓားမွေ
ခံပါလေ – တဲ့။
အဖေချန်ထား
သွေးစွန်းဓားဖြင့်
သားက ခဲတံ ချွန်လေသတည်း။