Breaking News

ကိုသန်းလွင်် ပြင်သစ်ပြည်က မဆုံးနိုင်သောဆန္ဒပြပွဲများ



ကိုသန်းလွင်် ပြင်သစ်ပြည်က မဆုံးနိုင်သောဆန္ဒပြပွဲများ

(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၀

(၁)

လွန်ခဲ့သောတစ်နှစ်ခန့်ကစတင်၍ ပြင်သစ်ပြည်မြို့ကြီးများ၏ လမ်းမများပေါ်တွင် အဝါရောင် ခါးပါတ် (Yellow Vest) ဟူ၍ တခါတရံလူပေါင်းရာပေါင်း ထောင်ပေါင်းများစွာတို့ပါဝင်သော အလုပ်သမားများ၏သပိတ် ဆန္ဒပြပွဲ များကျင်းပခဲ့ကြပါသည်။ ရဲလိုးဘက်မှာ ပြည်သစ်ပြည်မှကားသမားများ၏ ညအမှောင်တွင် ရောင်ပြန်ဟတ်နေ သာ ဝတ်စုံဖြစ်၍ ကားတိုင်းမှာရှိကြရပါသည်။

နောက်တခုမှာ ပြင်သစ်သမ္မတကြီး အီမန်နူရယ်မက်ခရွန်း (Emmnnel Macron) ၏ပင်စင်ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ စီမံကိန်းနှင့်ပါတ်သတ်၍မကျေနပ်ကြသော အစိုးရဝန်ထမ်းနှင့် ပရိုက်ဗိတ်ဝန်ထမ်းပေါင်းစုံတို့ ပါဝင်သော ဆန္ဒပြပွဲဖြစ်ပါသည်။ ၄င်းသည်ဒီဇင်ဘာလ ၇ ရက်စနေနေ့ကစတင်ခဲ့ပါသည်။ ၄င်းကပြင်သစ်ပြည်မြို့ ကြီးများ၏ အစိတ်အပိုင်းများစွာကို ရုတ်ရင်းဆန်ခတ်ဖြစ်စေခဲ့ပါသည်။

(၂)

ရဲလိုးဘက် ၏အရှိန်အဟုန်က သေသွားသော်လည်း ထိုစဉ်က ပြည်သူတို့၏ စိတ်ဆိုးဒေါသထွက်ကြရသော အရှိန်အဟုန်မှာသေမသွားပါ။ ထိုဒေါသများသည် ပင်စင်အတွက်ဆန္ဒပြကြသောအခါ ပြန်လည်၍အသစ်ဖြစ်ပေါ် လာကြရပါသည်။ အထက်ပါအဖြစ်အပျက်များက ပြည်သူလူထုသည် သမ္မတ၏ ပြုပြင်ပြောင်းလဲရေး ပေါ်လစီ များကို သဘောမကျကြောင်းပြသလျက်ရှိကြပါသည်။ သမ္မတသည် လူထုနှင့် ကင်းကွာပြီး ပြောရဆိုရခက်ခဲ သော၊ လူပါးဝသောစိတ်ထား၊ ပြည်သူလူထုနေ့စဉ်နှင့်အမျှ ကြုံတွေ့ခံစားနေရသော ဒုက္ခသုက္ခများကို ကူညီ ဖြေရှင်းလိုစိတ်မရှိခြင်းသဘောကိုဆောင်ပါသည်။

ပြည်သူလူထုက စတိုးဆိုင်များ၏မှန်တံခါးများကိုရိုက်ခွဲ ပေါက်ခွဲ စဉ် ရဲများက မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆံ များဖြင့် လူထုကိုဖြိုခွဲနေရချိန်တွင် အရေးပေါ်အခြေအနေကြေညာရန် သမ္မတက ချိန်ဆနေပါသည်။

ရဲလိုးဘက် သမားများက စနေနေ့တွင်သာ ဆန္ဒပြရပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အလုပ်ရှင်များ၏ မျက်နှာကိုကြည့်ရသောကြောင့်ဖြစ်ပါသည်။ ၄င်းတို့သည်ပြင်သစ်ပြည်၏ တစ်စိတ်တပိုင်းသဘောဆောင်ပါ သည်။ ကြာသပတေးနှင့် သောကြာနေ့များတွင် ယူနီယံအဖွဲ့ဝင်များနှင့် ကျောင်းသားများ၊ ဆေးရုံလုပ်သားများ နှင့်အခြားအစိုးရ၊ ပုဂ္ဂလိက အလုပ်သမားများ ပါဝင်ကြပါသည်။ သူတို့သည် အလုပ်ပြုတ်မှာကို မစိုးရိမ်ရသော် လည်း အခြားအလုပ်သမားများ စိုးရိမ်ရသလို စိုးရိမ်စိတ်တော့ဖြစ်ရကြပါသည်။

ယခုချိန်သည် တိုင်းပြည်၏ စိုးရိမ်သောကဖြစ်လျက်ရှိကြသော အပိုင်းနှစ်ပိုင်းတို့ပေါင်းစုံမိကြခြင်းဖြစ်ပါသည်။ ယမန်နှစ်က ဆန္ဒပြခဲ့ကြသော ရဲလိုးဘက်အလုပ်သမားများက ယူနီယံအလုပ်သမားများနှင့် ပခုံးချင်းယှဉ်၍ သပိတ်တိုက်ပွဲကိုဆင်နွှဲနေကြရခြင်းဖြစ်ပါသည်။ ရဲလိုးဘက်က သမ္မတ၏ ပုံတူရုပ်တုကို ခေါင်းဖြတ်စက်ပေါ်တင် ခဲ့ကြပါသည်။

မက်ခရွန်းက နေတိုးထိပ်သီးတွေ့ဆုံပွဲတွင် ဥရောပနိုင်ငံများကို ရှေ့ဆောင်ရှေ့ရွက်ပြုပြီးသမ္မတထရန့်ကိုရင် ဆိုင်ခဲ့သည်။ သမ္မတကြီးကို “အတည်ပေါက်လုပ်ပါ ““Let’s get Serious” ဟု ပြောခဲ့သည်။ အမေရိကန်သမ္မတ မှာ ထိုကဲ့သို့ အပြောမျိုးကို မကြုံဘူးဘဲ ထိုစဉ်ကတစ်ကမ္ဘာလုံးကအာရုံစိုက်ရသော အရေးကြီးဖြစ်လာခဲ့ပါသည်။

နိုင်ငံရေးတွင် သမ္မတနှစ်ဦး သဘာဝချင်းတူသောအချက်များ ရှိခဲ့ပါသည်။ နိုင်ငံရေးလောကတွင် ကျက်စားခဲ့ခြင်း မဟုတ်ဘဲ ပြင်ပလောကမှလာခဲ့ခြင်းဆိုသောအချက်က သမ္မတနှစ်ဦးကို ထင်ရှား စေခဲ့ပါသည်။

နေတိုးဆွေးနွေးပွဲအပြီးတွင် ဘာများဖြစ်မည်နည်းဟုစောင့်ဆိုင်းနေကြသော ပြည်သူများထံပြန်ရခြင်းကလည်း ဆင်တူနေသည်။ ထရန့်ကလည်းသူ့ကို ဖြုတ်ချရန် (Impeach) စီစဉ်နေကြစဉ်ပြန်ရခြင်းဖြစ်ပြီးသမ္မတမက်ခရွန်း မှာလည်း ပွက်လောရိုက်နေသော တိုင်းသူပြည်သားများထံသို့ ပြန်ရခြင်းဖြစ်ပါသည်။ အခြေအနေ ကတူနေပါ သည်။ ဥရောပတွင်မူ အင်ဂျလာမာကယ်နုတ်ထွက်တော့မည် ဆိုခြင်းက မက်ခရောင်း ကို ခေါင်းဆောင်နေရာ ကို တွန်းတင်လိုက်ခြင်းဖြစ်သည်။ ထိုကြောင့် ထရန့်ကို ရင်ဆိုင်ရန်ပြင်ဆင်ခဲ့ရသည်။

အီဗော်လူးရှင်း (Evolution) ဟုအမည်ပေးထားသော သူ၏ ၂၀၁၇အတွက် ကြေညာချက်တွင် သူ၏ပြုပြင်ရေး လုပ်ငန်းများအကြောင်း ဖော်ပြထားရာ၄င်းသည် ထင်ပေါ်သင့်သလောက် မထင်ပေါ်တော့ပေ။ သူသည် မစ္စတာ ထရန့်ထက်ပင် မိမိနိုင်ငံတွင် ပေါ်ပြူလာ မဖြစ်ဘဲ ဖြစ်ခဲ့ရသည်။

သူ၏နန်းတော် အီလက်စီ (Elysee) တွင်မူ မစ္စတာမက်ခရောင်းသည်အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရှိ ပါသည်ဟု သူ၏ အကြီးတန်းလက်ထောက် တစ်ဦးကပြောသည်။ ပဲရစ်မြို့လူထုက စိတ်ဆိုးကြသည်မှာ သမ္မတ အတွက် ပုဂ္ဂိုလ်ရေးသဘောဆောင်ပါသည်။

ယနေ့လက်ရှိ ပင်စင်စနစ်မှာ ချို့ယွင်းချက်များရှိစေ၊ မိမိတို့၏ရပိုင်ခွင့်ကိုကာကွယ်သောစနစ်ဟုဆိုနိုင်ပါသည်။ များစွာသောပြင်သစ်လူမျိုးတို့မေးနေကြသော မေးခွန်းမှာ အဘယ့်ကြောင့် ဤစနစ်ကို အစားထိုးချင်နေသလဲ ဟူသောမေးခွန်းဖြစ်သည်။ မစ္စတာမက်ခရွန်း ကယခုအခါ ပင်စင်စနစ်တွင် အမျိုးအစား ၄၂မျိုးကွဲပြားနေခြင်းကို တမျိုးတည်းဖြစ်စေရန်၊ အမှတ်ပေးစနစ်နှင့် နိုင်ငံတော်ကစီမံခန့်ခွဲပေးသော စနစ်ဖြစ်ရမည်ဟုဆိုပါသည်။ အများ ပြည်သူများက ခံစားနေကြသည်မှာ မိမိတို့ အနာဂါတ်သည်ပျက်စီးသွာပြီဟူ၍ ဖြစ်ပါသည်။ လူများစုက ပင်စင် ကိုစောစောမယူနိုင်ဘဲ နောက်ကျမှယူရမည်ကို စိုးရိမ်နေကြပါသည်။

မစ္စတာမက်ခရွန်း ကပြောသည်မှာ စနစ်ဟောင်းမှာပိုက်ဆံအကုန်အကျများပြီးပြင်သစ်ပြည်၏ ဘတ်ဂျက်တွင် ၁၉ ဘီလီယမ်မျှပို၍သုံးရမည်ဖြစ်သည့် ဤပိုက်ဆံနှင့်ဆိုလျင် အချို့အပိုင်းမှအလုပ်သမားများကိုစောစောစီးစီး အငြိမ်းစားပေးနိုင်မည်ဖြစ်သည်။

သမ္မတက သူ၏အကြံမှာပင်စင်အတွက်သုံးငွေကိုနည်းသွားစေရန်၊ ပင်စင်ကိုနောက်ပိုင်းကျမှ ယူစေရန် စီစဉ်ခြင်းမဟုတ်ပါ။ စနစ်ကို ပို၍ရိုးရိုးရှင်းရှင်းလင်းလင်းဖြစ် စေရန်ကြံရွယ်ခြင်းဖြစ်ပါသည်။ ဤပြောင်းလဲ မှုကြောင့် အကျိုးရှိသူနှင့် အကျိုးမဲ့သူတို့ကို အပြောင်းအလဲဖြစ်စေလိမ့်မည်ဟု အချို့က ယူဆနေကြသည်။

ပင်စင်အပြောင်းအလဲသည် မစ္စတာမက်ခရွန်းအတွက် ဆန့်ကျင်မှုကိုရင်ဆိုင်ရသော ပထမဆုံးလုပ်ငန်း မဟုတ်ပေ။ မီးရထားလုပ်သားများ၏အခြေအနေ (Status) ကိုပြင်ဆင်မှုလုပ်စဉ်ကလည်း ဆန့်ကျင်မှုများကို ရင်ဆိုင်ခဲ့ရသည်။ လေဘာအမျိုးအစား (Labour Code) ကို ပြောင်းစဉ်ကလည်းလမ်းပေါ်မှ လူများ၏ပြင်းပြင်း ထန်ထန် ရှုံ့ချခြင်း ကိုခံခဲ့ရပါသည်။

ထို့ပြင် အလုပ်သမားငှါးရန်းခြင်း၊ အလုပ်ဖြုတ်ခြင်းကိုလွယ်ကူအောင်လုပ်လိုက်သဖြင့် အလုပ်လက်မဲ့ဦးရေမှာ ၁၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၈.၄ ရာခိုင်နှုန်း သို့လျှော့ကျသွားခဲ့ပါသည်။ သို့သော် အလုပ်သမားများ၏ ရင်ထဲတွင် သူတို့အလုပ် လုံခြုံမှုကို ထိခိုက်အောင်လုပ်ခြင်း အဖြစ်စွဲမြဲစွာမှတ်ယူထားကြသည်။

သူ၏စိတ်ကူးစိတ်သန်းအိုင်ဒီယာများကို အများပြည်သူသဘောပေါက်စေရန် ရှင်းပြရာတွင် အလုပ်သမားများ၌ သွားရှင်းရသည့်အခါ ပို၍ရှုတ်ထွေးကုန်သည်။ သမ္မတကြီး၏အကျင့်မှာသူသည်ပြင်သစ်လူမျိုးများနှင့်အကြာကြီး စကားပြောတတ်သည်။ အသေးစိတ်အကြောင်းအရာများကို ထပ်ခါထပ်ခါအကြာကြီးပြော သောအခါကြားရသူ အဖို ့စိတ်ချမူ၊ စိတ်ချမ်းသာမူ မဖြစ်စေနိုင်ပေ။ ရလာဒ်မှာ ပြင်သစ်လုပ်သားများက သမ္မတကြီးကိုမယုံကြည်ကြ တော့ပေ။

ပြင်သစ်ပြည်၏လက်ရှိပင်စင်စနစ်အောက်တွင် ဆင်းရဲမှုနှုန်းမှာ အသက် ၆၅ နှစ်ထက်ကြီးသူများ၌ ၅ ရာခိုင်နှုန်း ရှိပါသည်။ အမေရိကန်ပြည်တွင် ၂၀ ရာခိုင်နှုန်းရှိသည်။ အိုအီးစီဒီ ၏အစီရင်ခံစာတွင် အသက်ရှည်ရျည်နေနိုင် ရန်မျှော်လင့်ချက်မှာ ပြင်သစ်ပြည်တွင် အမေရိကန်ပြည်ထက် ပို၍မြင့်မားပါသည်။

(၃)

လွန်ခဲ့သော ၂၅ နှစ် ၁၉၉၅ ခုနှစ်ကလည်း ဂျက်ရှီးရပ်နှင့် ဝန်ကြီးချုပ် ဒူးပေး (Alain Duppe) တို့ခေတ်ကလည်း ဤကျော်ကြားလှသော ပင်စင် စနစ်ကို ပြုပြင်ရန် ကျိုးစားခဲ့ဘူးသည်။ တတိုင်းပြည်လုံး ဆူပူသောင်း ကြမ်းကြ၍ လက်လျှော့လိုက်ရသည်။ နောင်တစ်နှစ်ခွဲကြာသောအခါ ဒူပေး၏ အစိုးရတစ်ဇွဲ့လုံး နှုတ်ထွက်ကြရသည့် အခြေ အနေကို ကြုံခဲ့ကြရပါသည်။

ကိုသန်းလွင်

Ref: France’s Weekend Discontent, by Aurelien Breeden New York Times 7 December.