Breaking News

လွန်းဆေး - အဆက်အသွယ်

KT#
အဆက်အသွယ်
လွန်းဆေး
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၉

တေ့လွဲလေးပါ
ဆောင်းဟာမလုံခြုံတော့
အလွမ်းတွေ ဝေဆဲ…။

တောတွေတောင်တွေ ပင်လယ်
အနားသပ်ကိုလိုက်ရှာရင်း
ငယ်ဘဝဟာ
အမေကျပျောက်ခဲ့တဲ့
မတ်စေ့လေးလား…။

တကယ်တော့
အမေထမ်းပိုခဲ့တဲ့
မြစ်ကြီးဟာလှဆဲ
မြေကြီးဟာ
နင်းပြားမဟုတ်တာ သေချာ။

ဟယ်လို…
နားတွေမြင်နေရတဲ့မျက်လုံးဟာ
ငါကိုယ်တိုင် ။ ။

လွန်ဆေး
UAKH English