Breaking News

ကြည်မောင်သန်း - မျှော်လင့်ခြင်း


ကြည်မောင်သန်း - မျှော်လင့်ခြင်း

(မိုးမခပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၄၊ ၂၀၁၉

သူမက
ကျကွဲသွားတဲ့ ယဉ်ကျေးမှု

ကျနော်က
မပျော်ရွှင်တဲ့ …

လှိုင်းလုံးကြီးတွေ တလုံးပြီးတလုံး
ဖြတ်မောင်းသွားတာကို
ကျနော် ချောင်းကြည့်နေမိရဲ့
ကလေးတယောက်ရဲ့ ဦးခေါင်းထဲကို
ရောင်စုံခဲတံတွေ ထိုးထည့်ခဲ့ကြတယ်

ငွေနဲ့ အညှို့ခံရတဲ့ဘဝ
ငွေနဲ့ အညှို့ခံရတဲ့ အချိန်ကာလ
တစ်ဆို့နေတဲ့ လည်ပင်းထဲကို
ရှောရှောရှူရှူ သီချင်းတပုဒ်လောက်
ဘယ်တော့များမှ စီးဆင်းပါ့မလဲ။ ။

[ မူရင်း – မဟေသီမဂ္ဂဇင်း၊ ၂၀၀၆ ဇွန်လ ]