Breaking News

ရဲရင့်သက်ဇွဲ - လွတ်လပ်မှု


ရဲရင့်သက်ဇွဲ - လွတ်လပ်မှု

(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၀


ငါတို့လိုချင်​တာ လွတ်​လပ်​မှုပါ
ငါတို့လိုချင်​သမျှဟာ အဲဒိ လွတ်​လပ်​မှုရယ်​ပါဘဲ
က​လေးငယ်​​တွေ လွတ်​လွတ်​လပ်​လပ်​ သင်​ယူခွင့်ရှိမယ်​
လူကြီး​တွေ လွတ်​လွတ်​လပ်​လပ်​ အလုပ်​လုပ်​ကိုင်​ ခွင့်ရှိမယ်​
မိခင်​​တွေက အချစ်​​တွေနဲ့ ထုံမွမ်းမယ်​
ငါတို့ရဲ့နိုင်​ငံ​တော်​ကြီး စည်​ပင်​ဝ​ပြောမယ်​
အဲဒါပါဘဲကွယ်​
ငါတို့လိုချင်​တာ ဒါပါဘဲ

အားလုံးအတွက် ခွင်​့တူညီမျှ ဝါဒဖြူစင်​​စေချင်​တာ
မင်းသိမြင်​တဲ့အတိုင်း ငါဟာ
လူထဲလူသာမန်​တ​ယောက်​ပါ

(ဒီမတရားမှု​တွေ ဖိနှိပ်​ခွဲခြားဆက်​ဆံမှု​တွေ​)
ဒါ​တွေဟာ ​တော်​လှန်​​ရေး လှိုင်းလုံး​တွေကို
ဦးတည်​ချက်​ ​ပြောင်းသွား​စေနိုင်​တယ်​
ဒါ​တွေဟာ လူ့အဖွဲ့အစည်းတခုလုံးရဲ့
စိတ်​​စေတသိတ်​ကို အညွန့်ချိုးလိုက်​နိုင်​တယ်​

ဘာ့​​ကြောင်​့လည်​းဆို​တော့
ငါတို့ရဲ့တိုက်​ပွဲမဆုံး​သေးဘူး
ငါတို့ဆက်​ပီး တိုက်​ကြရဦးမယ်​
ငါတို့လူ​တွေ လွတ်​ေ​မြာက်​တဲ့အထိ
ပြီး​​တော့ ငါတို​့လွတ်​​​မြောက်​နိုင်​တဲ့အထိ

အဲဒိ​တော့
မင်း ငါတို့ကိုမုန်းနိုင်​တယ်​
နှိမ့်ချနိုင်​တယ်​
နင်း​ချေနိုင်​ယုံမက
သတ်​​​ကောင်း​သတ်​နိုင်​ပါတယ်​
ဒါ​ပေမယ့်
ငါတို့ဆက်​ပီးတိုက်​ပွဲဝင်​သွားမယ်​
တ​နေ့​နေ့​တော့
ငါတို့လွတ်​​မြောက်​ရမယ်​