Breaking News

စိုးရိမ် - နားထိုင်းတို့ရွာ

နားထိုင်းတို့ရွာ
စိုးရိမ်
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၀

တန်ခိုးတော်တွေမှိုင်းမိနေတော့
လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေးဆိုတာက
ဗူးပေါက်နဲ့ရေခပ်နေသလို
ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို
ညှပ်နဲ့ဆွဲမွေးလို့မရတဲ့နိုင်ငံတော်....

တစ်လှေလုံး ငါးခုံးမဖြစ်အောင်
လေ့ကျင့်သင်ကြားနေတော့
လူးမရ လွန့်မရ
ဓားသွားပေါ်က ပျားရည်စက်ကို
တရှိုက်မက်မက်လျက်ရင်း
ပြုံးစိစိနဲ့ မြှုံးမိနေတဲ့နိုင်ငံတော်....

ခေါ်မကြား အော်မကြား
သူတို့နားလေးနေတယ်။