Breaking News

မိုးခါး - မင်းရှေ့က ငါ၊ ငါရှေ့ကမင်း

မင်းရှေ့က ငါ၊ ငါရှေ့ကမင်း
    မိုးခါး
(မိုးမခ) ဇန်နဝါရီ  ၁၄၊ ၂၀၂၀

တကယ်ချစ်ကြမယ်ဆိုပြီး
စစ်ဖြစ်ခဲ့ကြတာပဲမဟုတ်လား
အလင်းကိုကွယ်ဖို့
အမှောင်ရဲ့အရိပ်ဖြစ်ချပေးလိုက်တဲ့ကမ္ဘာ
စစ်ပွဲမှာ ဒရုန်းပါလာသလို
အချစ်ပွဲမှာလည်း ဗုံးပါလာပြီ
ဘာသာတရားကိုအခြေခံထားတဲ့
လက်ဆွဲနူတ်ဆက်ခြင်းကလည်း
ပြင်ဆင်ပြီးသားခြေလှမ်းကိုအသင့်အနေထားနဲ့သရော်လိုက်သလို
အဓိပ္ပါယ်ကတော့
နယ်ချဲ့ချင်လည်းနယ်ချဲ့မယ်
ကိုလိုနီပြုချင်လည်း ကိုလိုနီပြုမယ့်သဘော
ဒါပေမယ့်ကတော့
သေသူတွေရဲ့အမည်နာမတွေကို
ဘုရားကျောင်းထောင့်ကွယ်မှာထောင်ထားခဲ့မှာ
သေချာ
အသက်ကိုဉာဏ်စောင့်တဲ့လူ့ယဥ်ကျေးမှုလှိုင်းလုံးကြီးကလည်း
နေရပ်မဲ့မယ်
တိုင်းပြည့်မဲ့မယ်
ဘာကြိုတွေးစရာလိုလဲ မျက်စောင်းထဲ
မင်းရှေ့က ငါတွေ
ငါရှေ့က မင်းတွေလောက်
ချစ်ခြင်းမေတ္တာကိုတန်ဖိုးကြီးကြီးပေးပြီးမှ
အသက်ဟာ တငွေ့ငွေ့လောင်မြှိုက်နေမယ်။     ။

    မိုးခါး
8.1.2020