Breaking News

မိုးကျော်သူ - ဆုတောင်း

Than Htay Maung


မိုးကျော်သူ - ဆုတောင်း

(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၀

အဝေးတွေကိုနီးကပ်ဖို့ကြိုးစားတီထွင်မှုတွေအရ
အနီးတွေအားလုံး ဝေးကွာလွန်းခဲ့ကြပြီ
လူသားတွေရဲ့ရွှေသမင်

ဆာလောင်လာတဲ့အခါ
ဖောင်းကားကားဆုတောင်းတွေသာ
တစ်ရှူးဘူးထဲက ခုန်ထွက်လာခဲ့ကြတယ်

ကမ္ဘာပေါ်မှာလည်း ဆုတောင်းဟာ
အားလုံးကျန်းမာချမ်းသာဘေးဘယာဝေးကွာကြပါစေဆိုတဲ့
ဒဏ်ရာတွေအဖွေးသားနဲ့။ ။