Breaking News

ဝင်းမင်းခိုင် - ရေတံခွန်

Art- KT#
ရေတံခွန်
ဝင်းမင်းခိုင်
(မိုးမခ) မေ ၁၊ ၂၀၂၆


ငါတို့အခုသောက်နေကြတာက
ဒုက္ခ နာကျည်းမှု ခုခံခြေဖျက်ခြင်း
သုံးမျိုးစပ်ကော်ဖီထုပ်
ကြွေတော့မယ့်ထန်းသီးပေါ်ကိုမှ
နင်းမိလိုက်တဲ့ကျီးကန်းမဟုတ်ဘူး
ရည်ရွယ်ချက်ရှိရှိနင်းခြေချတဲ့ခြေထောက်တွေ
ဒီအသားပုတ်ဆီ
ယင်မမဲလောင်းတွေအုပ်ဖွဲ့ပျံသန်းသွားနေကြ
အပုတ်အစပ်ကိုရွံရှာစက်ဆုတ်သူတွေက
နှာခေါင်းပိတ်ပြီးရှောင်ရှားကြ
မုတ်ဆိတ်ကျင်စွယ်တွေလို
ရိတ်လိုက်ပြန်ပေါက်လိုက်သံသရာထဲက
လူတွေထွက်ခွာခဲ့ကြပြီ
ရေတံခွန်တော့ဟုတ်ခဲ့တယ်
မိုးခေါင်အရပ်ကရေတံခွန်လို
ငါ့ရန်သူ
ခြောက်သွေ့စီးဆင်းနေပုံလွှတ်လှတယ်

၃၀.၄.၂၆ 
 -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar