Breaking News

စိုး​နောင်(မုံရွာ) - ဗိုလ်ချုပ်ရုပ်ရှင်

Photo Credit- Freedom of Burma 
ဗိုလ်ချုပ်ရုပ်ရှင်

စိုး​နောင်(မုံရွာ)
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀


အမှန်တရားကခါးတယ်ဆိုရင်
ဗိုလ်ချုပ်ဟာတမာပင်။

​နေ​ရောင်ပြင်းပြင်းရဲ့​အောက်မှာ
တမာပင်ရဲ့အရိပ်ဟာ
မြန်မာနိုင်ငံပုံ။

ဗိုလ်ချုပ်ကို
​နေသုံးနေလုံးက​ကြောက်ကြတယ်
ပထမ​နေက​နေမဝင်ချင်တဲ့​နေ
ဒုတိယ​နေက​နေရဲ့သား​နေ
တတိယ​နေက​နေဝင်း​နောက်လိုက်​နေ။

ယိုးဒယားကိုသိမ်းနိုင်ဖို့
အ​လောင်းမင်းတရားကြီးရဲ့အ​လောင်းကို
ထမ်းပြီးတိုက်ခဲ့ကြဖူးတယ်
အခု
ဗိုလ်ချုပ်ပုံကိုကိုင်ကိုင်ပြီးဆန္ဒပြနေကြတာဟာ
ဗိုလ်ချုပ်ရဲ့အလောင်းကိုထမ်းပြီးတိုက်နေကြတာ။    ။