Breaking News

ကိုသန်းလွင် - တရုတ်ခေါင်းဆောင်ကြီးနှင့် ကော်ရိုနာဗိုင်းရပ်



ကိုသန်းလွင် - တရုတ်ခေါင်းဆောင်ကြီးနှင့် ကော်ရိုနာဗိုင်းရပ်

(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀

(၁)

တရုတ်ပြည်တွင် တက္ကသိုလ်ကျောင်းများမှာ တစ်ပတ်လျင် တစ်ကျောင်းမျှ ဆက်တိုက်ပေါ်နေကြပါသည်။ လွန် ခဲ့သောသုံးနှစ်အတွင်းက သုံးခဲ့သောဘိလပ်မြေသည်အမေရိကန်ပြည်တွင် ၂၀ ရာစုတစ်ခုလုံးသုံးခဲ့သည့်ဘိလပ် မြေနှင့်ပမာဏခြင်းတူညီပါသည်။ ထို့ကြောင့် တရုတ်အရာရှိများစကားပြောခွက်ရှေ့တွင် စကားပြောပြီ ဆိုလျှင် သူတို့ရုပ်ပုံလွှာကို အကြီးကြီးမြင်ရပါသည်။

အမေရိကန်သမ္မတထရမ့်က တရုတ်သမ္မတကြီးရှီကျင့်ဖျင် (Mr Xi Jinping) ကို အလွန်ထူးချွန်၍ ပြောင်မြောက် သောခေါင်းဆောင်ကြီးအဖြစ် ချီးကျူးခဲ့ပါသည်။ မိုက်ကယ်ဘလွန်းဘတ် ကလည်း ”ရှီဟာအာဏာရှင်မဟုတ်ပါ ဘူး” ဟူ၍ကာကွယ်ပြောဆိုခဲ့ပါသည်။ သို့သော် ရှီ ၏အာဏာရှင်ဆန်သောအုပ်ချုပ်ပုံသည် တစ်ကမ္ဘာလုံးကမြင် ရလောက်အောင်ရုပ်လုံး ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။

(၂)

တရုတ်ပြည်တွင် ဝူဟန်ဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ ကူးစက်တတ်သောရောဂါပိုးဖြစ်ကြောင်း စတင်သိခဲ့ရသည်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကဖြစ်ပါသည်။ ဒီဇင်ဘာလကုန်ပိုင်းလောက်တွင်ဝူဟန်ဆေးပညာရှင်များ အသိုင်းအဝိုင်း တွင် ဗိုင်းရပ်နှင့်ပတ်သက်၍ အံ့သြထိတ်လန့်၍ နေကြပါသည်။ ထိုအချိန်သည်တာဝန်ရှိသူများအဖို့ အရေးတယူ စတင်ဆောင်ရွက်ရမည့်အချိန်ဖြစ်ပါသည်။

သူတို့သေချာအရေးယူဆောင်ရွက်ခဲ့သည်က တခြားဖြစ်ပါသည်။ ဗိုင်းရပ်အကြောင်းပြောသူ (Whistle Blower) ကို အရေးယူခြင်းဖြစ်ပါသည်။ သူကအများပြည်သူတို့ကို ဗိုင်းရပ်၏ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကိုု ပြောပြ လိုသူဖြစ်ပါသည်။ “WeChat”အဖွဲ့တွင် ကော်ရိုနာဗိုင်းရပ်အကြောင်းကို စတင်ပြောဆိုသူဆရာဝန်မှာ အရေးယူ ခံခဲ့ရပါသည်။ “သူမှားပြောတာပါ” ဟု အတင်းဝန်ခံခိုင်းခဲ့ပါသည်။ ဤသို့စတင်၍ အန္တရာယ်ရှိသည်ဟုပြော ဆိုမိ သူ လီဝေလျံ ( Mr Li Wenliang)မှာဖေဖဝါရီလ ၇ ရက်နေ့နံနက်ပိုင်း ၃ နာရီခန့်ကကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ သူအလုပ်လုပ်ရာ ဝူဟန် ဆေးရုံမှာပင်ကွယ်လွန်ခဲ့သည်။

တရုတ်တို့က ပညာပေးခြင်းအစား အတင်းအဖျင်းပြောခြင်း ပုဒ်မများတတ်ခဲ့ကြပါသည်။ ဆရာဝန် ၈ ဦးကို အပြစ်ပေးခဲ့ပါသည်။ ခေါင်းဆောင်ကြီး ရှီ သည် သူတို့ဘာပြောသလဲဆိုတာကို နားထောင်ခဲ့ဖို့ကောင်းပါသည်။

တရုတ်တို့က ကော်ရိုနာဗိုင်းရပ်အကြောင်းကို (WHO-World Health Organization)သို့ ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် အကြောင်းကြားခဲ့ပါသည်။ သို့ပါသော်လည်း တိုင်းပြည်ကို ဘာမှမပြောဘဲ သတင်းကိုအမှောင်ချထား ခဲ့ပါသည်။ ဝူဟန် မြို့က ရောဂါစတင်ဖြစ်ပွားရာ ဟွနန်ဈေး (Huanan) ကိုပိတ်ပြစ်ပြီး ဆင်ဝှါသတင်းဌာနက ပြု ပြင်ပြင်ဆင်ရန်ဟုအကြောင်းပြသည်။ အခြားနိုင်ငံမျာက ရောဂါပိုးအကြောင်းကို သတင်းပေးပို့ကြသည့်တိုင် တရုတ်တို့အဖို့မှာ ဤဗိုင်းရပ် ပိုးသည် ဝူဟန်မြို့တစ်မြို့တည်းကိုသာ ဖြစ်ပွားသည်ဟု ယူဆခဲ့ကြပါသည်။ တရုတ်တို့က ဤအဖြစ်ကို ဟာသ လုပ်ခဲ့ကြသည်။ ဗိုင်းရပ်သည် “နိုင်ငံခြားသားများကိုသာ စွဲကပ်ပြီး ဒုက္ခပေးနိုင်သည်။ တရုတ်ပြည်သားတို့ကို ဒုက္ခ မပေးနိုင်” ဟုဆိုခဲ့ကြပါသည်။

ဝူဟန်မြို့တော်ဝန်ကမူ ဇန်နဝါရီနောက်ပိုင်းအချိန်များအထိ ကိုရိုနာ ဗိုင်းရပ်အကြောင်းကိုဆွေးနွေးရန်မဖြစ် နိုင်ဟု ငြင်းဆန်တုန်းဖြစ်ပါသည်။ လူဦးရေ ၁၁ သန်းရှိသော ဝူဟန်မြို့မှာ ယခင်အတိုင်း ဝင်ကြ၊ ထွက်ကြနှင့် အကာအကွယ်လုံးဝမရှိခဲ့ပါ။ အစိုးရက ဇန်နဝါရီ ၂၃ရက်နေ့နောက်မှာ “Lock Down”ကိုကြေညာခဲ့ပါသည်။ ထိုအချိန်မှ စ၍သာ ဝူဟန်မြို့ လူထုကို ရောဂါဖြစ်သည်ဟု သံသယရှိပါက ( Quarantined) လုပ်ခဲ့ပါသည်။ ထိုအချိန်တွင် ဝူဟန်မြို့မှ ထွက် ခွာသွားသော လူပေါင်းအရေအတွက်မှာ ၅ သန်းခန့်ရှိပါသည်။

အစိုးရက အစောပိုင်းကဖုံးထားသဖြင့် ဆေးရုံများ မှာလိုအပ်သောဆေးဝါးနှင့်ကိရိယာများကို မစုဆောင်းထား နိုင်ကြပါ။ ယခုအချိန်တွင် စမ်းသပ်ကိရိယာနှင့် ကာကွယ်ရေးဆိုင်ရာပစ္စည်းများမှာ မလုံလောက်တော့ပါ။ ဆရာ ဝန်များက ပလပ်စတစ်ဖိုဒါများမှ ပလပ်စတစ်ကို ကပ်ကြေးဖြင့် ကိုက်ညှပ်၍ မျက်မှန်လုပ်နေကြရပါသည်။

စောစောပိုင်းက သတင်းကိုအမှောင်ချထားခြင်းမှာ ရှီ ၏တရုတ်ပြည်တွင် လွတ်လပ်သော ဂျာနယ်လစ်ပညာ မထွန်းကားခြင်း၊ ဆိုရှယ်လစ်မီဒီယာများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ကြပ်တီးစွာချုပ်ကိုင်ထား ခြင်းတို့ကြောင့် ဖြစ်ပါသည်။ တကယ်စင်စစ် ဤသတင်းမျိုးကို ထိုပလက်ဖေါင်းများကတဆင့် တဟုန်းထိုးပြန့် ပွားအောင် လုပ်နိုင်ကြပါသည်။

ထိုအဖွဲ့အစည်းများမှာ ဘယ်သောအခါကမှ တရုတ်ပြည်တွင် လွတ်လပ်ခြင်းမရှိခဲ့။ အပြောအဆိုကို ထိန်းချုပ် ခြင်းဖြင့်သာအဆုံးသတ်ကြပါသည်။ ရှီ ပေါ်မလာမှီအချိန်ကအထိထိုအဖွဲ့အစည်းများမှာ ပေါ်လာလိုက်၊ ပျောက် ကွယ်သွားလိုက်ဖြစ်နေခဲ့ပါသည်။

ဆိုရှယ်မီဒီယာများတွင် တရုတ်အစိုးရက မည်မျှအထိလွတ်လပ်ခွင့်ပေးသည်ဆိုခြင်းကို စမ်းသပ်ကြည့်နိုင်ကြပါ သည်။ တခါတရံ အံ့သြဖွယ်ကောင်းလောက်အောင် လွတ်လပ်မှုရှိသော်လည်း တခါတရံဘာမဟုတ်တာလေး ကိုပင် ပြဿနာဖန်တီးတာကို ကြုံကြရပါသည်။ လူအဖွဲ့အစည်း၏ လွတ်လပ်မှုနှင့်ပတ်သက်၍ ရှီ သည်ခေတ် နောက်ပြန်ဆွဲသောဝါဒကို လက်ကိုင်ပြုထားပါသည်။ လွတ်လပ်စွာရေးသားပြောဆိုခွင့်နှင့် အစိုးရလုပ်ဆောင် ချက်များကို စောင့်ကြည့်ခွင့်တို့ကို ပိတ်ဆို့ထားပါသည်။

ရှီ ၏အာဏာရှင်ဆန်ဆန်ပြုမှုကို ဤဗိုင်းရပ်ပြန့်ပွားမှုတွင် ရှင်းရှင်းလင်းလင်းတွေ့မြင်ကြရပါသည်။ ၂၀၁၈ ခုနှစ် တွင် (Swine flu Virus) ဖြစ်ခဲ့စဉ်ကအမှားမှားအယွင်းယွင်းဖြစ်ခဲ့ပြီးု ဝက်များသည် မလိုအပ်ဘဲ တစ် ကမ္ဘာလုံး ဦးရေ၏ လေးပုံတစ်ပုံခန့် သေကြေပျက်ဆီးခဲ့ကြပါသည်။

ဤကဲ့သို့ မှားယွင်းဆုံးဖြတ်မှုများကို အာဏာရှင်များ၏ အပြုအမူတွင် တွေ့ကြုံရတတ်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူတို့သည်မှားယွင်းသောသတင်းများကိုသာ အခြေခံပြီးဆုံးဖြတ်ကြရသောကြောင့်ဖြစ်ပါသည်။ လွတ် လပ်သောအသံများကို ဖိနှိပ်ထားလျှင် မြှောက်ပင့်သောစကား၊ အကောင်းမြင်သောအမြင်တို့ကိုသာ မြင်ရကြား ရလေ့ရှိပါသည်။ သူ့ပတ်ဝန်းကျင်မှ လူများသည် အမှန်ကိုမပြောရဲဘဲရှိတတ်ပါသည်။ တရုတ်အရာရှိများက သူတို့သည် အမှန်ကိုပွင့်ပွင့်လင်းလင်းမပြောရဲဘဲ လိမ်လည်ကြရပြီး သူတို့ကိုယ်တိုင် အမှန်ကိုရှာဖွေရန် သူတို့၏စက္ကရီထေရီ၊ ဒရိုင်ဘာအစရှိသည်တို့ကို လွှတ်၍သာရှာဖွေကြရသည်ဟု ပြောပါသည်။

ဤအကြောင်းများအပြင် အခြားအကြောင်းအရာများကြောင့် ရှီ သည် အမှားများကို တသီကြီးလုပ်ခဲ့ပါသည်။ ဟောင်ကောင်အရေးကို အချက်အလက်အမှားများဖြင့် ဆုံးဖြတ်ဆောင်ရွက်ခဲ့ပါသည်။ သူ့အကိုင်အတွယ် ကြောင့် ဟောင်ကောင်အရေးမှာ ပို၍ကြီးကျယ်ခဲ့ရသည်။ ထို့ပြင် ထိုင်ဝမ်ရေးကောက်ပွဲတွင် လက်ရှိသမ္မတ မဲအများကြီးဖြင့် အနိုင်ရသွားတုန်းကလည်း သူ့အမှားများစွာလုပ်ခဲ့သည်။ အမေရိကန်နှင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေးများမှာလည်း ဝေဖန်စရာ မြောက်များလှပါသည်။

ကော်ရိုနာဗိုင်းရပ်သည် အနောက်ဖက်ဆုံးနယ် ရှင်ဂျင်း (Xinjiang) သို့လည်း ရောက်ရှိသွားပြီဖြစ်သည်။ ၄င်း သည် လူပေါင်းတစ်သန်းလောက်ကို ဖမ်းဆီးထိန်းသိမ်းထားရာစခန်းများသို့ရောက်ရှိသွားပြီး ဒုက္ခပေးမှာသေချာ ပါသည်။ အိမ်သာ (Sanitation) နှင့်ပတ်ဝန်းကျင်အခြေအနေများ ဆိုးရွားသော အခြေအနေတွင် ဗိုင်းရပ်ကပို၍ ဒုက္ခပေးမှာသေချာပါသည်။

ယခုအခြေအနေတွင် မီဆဲလ် (Measles) ရောဂါကို ထိန်းသိမ်းရာတွင် တရုတ်ပြည်က အမေရိကန်တို့ထက်သာ သည်ဟု ပြောဆိုနိုင်ပါသည်။ ထို့ပြင် တရုတ်ပြည်မှာမွေးသောကလေးငယ်သည် အမေရိကန်ပြည်မှာ မွေးသော ကလေးထက် အသက်ပိုရှည်ရှည်နေနိုင်ရန် အခွင့်အလမ်းသာနေပါသည်။ အမေရိကန်တို့သည် ကမ္ဘောဒီးယား၊ ဘင်္ဂလားဒက်ရှ နိုင်ငံတို့ထက် အသက်ရှည်ရှည်နေနိုင်ခွင့် လျော့နည်းလျက်ရှိရာ ဤကိစ္စတွင် အမေရိကန်တို့က လက်ချာပေးပိုင်ခွင့်မရှိပါ။

တရုတ်တို့၏ရပ်တည်ချက်မှာတိုင်းသူပြည်သားများသည် မဲပေးပိုင်ခွင့်တွင်လွတ်လပ်မှုရရှိမည်မဟုတ်၊ သို့သော် အခြားအရာများတွင်အမေရိကန်တို့ထက်သာအောင်နေထိုင်ခွင့်ရရှိမည်။ သို့ပါသော်လည်းတရုတ်ပြည်၏စီးပွား ရေးဤမျှဆိုးရွားသည်ကို နှစ်ပေါင်းသုံးဆယ် အတွင်းမတွေ့ဘူးခဲ့ပါ။ ဤဗိုင်းရပ်အရေးအခင်းကလည်းစီးပွားရေး ကိုထိ ခိုက်မည်မှာသေချာလှပါသည်။ တရုတ်တို့၏ ဆင်ဆာက မည်မျှပင်ကောင်းသည်ဆိုစေ၊ ဒေါသထွက်နေ သော တရုတ်ပြည် သူလူထုက မိမိတို့၏ဒေါသများကို ဆိုရှယ်မီဒီယာမှ ဖွင့်ဟကြသည်မှာ သေချာပါသည်။

(၃)

ယခုအချိန်အထိ ဤရောဂါကြောင့် သေသူ ၈၃၀ ကျော်ရှိပြီး ရောဂါကူးစက်သူဦးရေမှာ သုံးသောင်းကျော်ရှိ သွား ပါပြီ။ နိုင်ငံပေါင်း ၂၅ နိုင်ငံအထိ ပြန့်နှံ့နေပါသည်။ လူသန်း၆၀ ခန့်မှာ ဘယ်ကိုမှမသွားရဘဲ (Lockdown) လုပ် ထားခံရသည်။ တရုတ်ခေါင်းဆောင်ကြီးအဖို့ မိမိအမှားများအတွက်အကျိုး ကျေးဇူးများကို တွေ့ကြုံရဖွယ်ရှိ ပါ သည်။ သူသည်ခံ့ညားပြီးပွဲလယ်တင့် နေသောအာဏာရှင်တစ်ယောက်ဖြစ်ပါသည်။ တိုင်းသူပြည်သားများ သာဗိုင်းရပ်ကြောင့် သေပွဲဝင်ကြရပါလိမ့်ဦးမည်။

ကိုသန်းလွင်

Ref : Corona Virus Reveals Cost for Xi’s Rule, Nichoks Kristost 31.1.2020 New York Times

Voice Daily 9/2/20