Breaking News

လူလူလကျာ် - မြို့ပျက်ဘ၀

From Khin Lunn FB


လူလူလကျာ် - မြို့ပျက်ဘ၀

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀
အလကားဘဲ
ဘာဘဝကြီးလဲ
ဘယ်ဘ၀ကြီးထဲမှာ
ငါရောက်နေတာလဲ
ဘဝဆိုတာရောဟုတ်ရဲ့လား
မှောင်မိုက်နေတာမဟုတ်ဘူး
အလင်းရှိရဲ့နဲ့ မစီးနင်းနိုင်တာ
မြို့ပျက်
ခံတပ်မဲ့
သံစဉ်တွေ ငါးရိုးလိုမျော
ချိတ်တဲ့ဟာတွေချိတ်
ပြိတ္တာတို့ အထုပ်ကြီးအထုပ်ငယ်နဲ့
စွန့်ခဲ့လေသော
ရိက္ခာဂိုဒေါင်အပေါင်း ဟောင်းလောင်း
သောင်းသောင်းဖျဖျညများ အင်္သချေ
ဟိုးအဝေးက အူသံအပြည့်တင်လာတဲ့ဝန်ချီစက်
လေးမြှားအုတ်သံ တဲနန်းသဏ္ဍာန်
ပုံရိပ်ယောင် နှင့် စိတ် စစ်
အသစ်ကို အဟောင်းထဲ နှိုက်၍ရှာနေသောလက်တဆုံး
မိုးမီးတို့ပြုံး၍ အာခေါင်ခြစ်
လှစ်ခနဲပစ်၍ ပြေးလေတဲ့ ငါ့မင်းသမီး
အိုနာသေဘေး
ငိုကြွေးခြင်းမှာတခဏ
ဒီဘဝမှာကြွင်းတဲ့အရောင်
နောင်အခါဖြစ်မဲ့ သဲလိုသောင်မှာ
မင်းဟာ လယ်ကိုမစောင့်တော့တဲ့ တဲ
ဘယ်လောက်မဲရစ်ခြင်းကို အသင်တို့မြင်ဘူးသလဲ
ခေတ်ဟာ ကြောင်တကောင်ရဲ့မျက်လုံးဝါကျင့်ကျင့်ထဲ
ဘယ်တော့မှ တောင်းမမှောက်ဘူးတဲ့ ကျီးလို။