Breaking News

ဆောင်းယွန်းလ - "ဗီဇာ"

Than Htay Maung


ဆောင်းယွန်းလ - "ဗီဇာ"

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၀

တကိုယ်ရည်ကောင်းစားလိုမှုတွေအောက်
အများအကျိုးတွေ ကျပျောက်သွားရတဲ့
စာရွက်တစ်ရွက်ဘဲ 
ရှက်တတ်ရင်
လဲသေဖို့ကောင်းတဲ့လူမျိုးပေါ့
ရွာမှာတုန်းက ရိုးရိုးဟာ
အမေရိကန်ရောက်မှ ဆန်းသွားတာ
မဆန်းပါဘူး
ညီညီညာညာ ညာလိုက်ကြတော့
ဗီဇာကို
ဂီတာလိုတီးလည်း
အသံမြည်မလာတော့ဘူး။