Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် အပျင်းပြေသင်္ချာဉာဏ်စမ်းများ ထွက်ပြီ


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် အပျင်းပြေသင်္ချာဉာဏ်စမ်းများ ထွက်ပြီ

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀

မိုးမခကထုတ်ဝေပြီး ဆိပ်ကမ်းသာကဖြန့်ချိသည့် ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန်သည့် အပျင်းပြေသင်္ချာဉာဏ်စမ်းများ စာအုပ် ထွက်ပါပြီ။ စာမျက်နှာ ၁၁၀၊ အုပ်ရေ ၅၀၀၊ တန်ဖိုး ၃ထောင် ကျပ်ဖြစ်ပါတယ်။

ဆိပ်ကမ်းသာစာပေ၊ အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာ​စျေးသစ် ။ ဝ၉ ၇၈၆၈၃၇ ၃၀၅ / ဝ၉ ၉၆၃၆၉၉၈၃၄၊ ကို တိုက်ရိုက်ဆက်သွယ် မှာကြားနိုင်ပါပြီ။ ရန်ကုန်မြို့က စာအုပ်ဆိုင်ကြီးများမှာ ဝယ်ယူနိုင်သလို ဆိပ်ကမ်းသာဖေ့စ်ဘွတ်မတ်ဆင်ဂျာကနေလည်း မှာနိုင်ပါတယ်။ စာတိုက်ခကို အပိုဆောင်းပေးရမှာ ဖြစ်ပါတယ်။

သင်္ချာဉာဏ်စမ်း စိတ်ဝင်စားသူ၊ အခြေခံနဲ့ အဆင့်မြင်ကောလိပ်ကျောင်းသားများ၊ ဆရာများနဲ့ ဝါသနာရှင်များအတွက် စိတ်ကြိုက်စာအုပ်တအုပ်ဖြစ်တဲ့အပြင် စာတွေ့ကနေ လက်တွေ့ထဲအထိ သက်ဝင်နေတဲ့ သင်္ချာဘာသာရပ်ရဲ့ Prime Number တွေကို အခြေခံပြီး ထုတ်ထားတဲ့ ဉာဏ်စမ်းတွေလည်း ပါဝင်တာမို့ မြည်းစမ်းချင်သူများအတွက်လည်း သင့်တော်ပါတယ်။