Breaking News

ဒေါ်နယ်ထရန့်က မြန်မာတွေကို အလိုမရှိတော့ပြီလော


ဒေါ်နယ်ထရန့်က မြန်မာတွေကို အလိုမရှိတော့ပြီလော

မောင်လူပေ၊ (မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၀

မြန်မာတွေကို အမေရိကန်ပြည်ထောင်စုက ဗီဇာကန့်သတ်မယ်လို့ သတင်းထွက်လာတာ တစ်ပတ်ကျော်လောက်ရှိ
ပြီ။ ခုတော့ သတင်းအတိအကျ ထွက်ပါပြီ။ သတင်းမှန်ပါတယ်။

ထရန့်အစိုးရက မြန်မာအပါအဝင် နိုင်ဂျီးရီးယား၊ အီရက်ထရာ၊ ဆူဒန်၊ တန်ဇန်းနီးယားနဲ့ ကာဂျစ်စတန်တို့ကို ဗီဇာကန့်သတ်ပါတယ်။အကြောင်းကတော့ လုံခြုံရေးနဲ့အချက်အလက်ဝေမျှရေး အခြေခံအချက်တွေကို မလိုက်နာလို့ပါတဲ့။

မူစလင်နိုင်ငံတွေကြားမှာ မြန်မာက ကန့်လန့်ပါနေရတာ ထူးခြားမှုပေါ့။ မြန်မာပါမယ်လို့ သတင်းထွက်ထဲက စုံစမ်းမေးမြန်းလို့ သိရသလောက်တော့ နိုင်ငံတကာက အလိုရှိနေတဲ့ ကိုယ်ပိုင်စစ်တပ်ရှိကြသော မူးယစ်ရာဇာကြီးတွေကို အရင်အဘတွေခေတ်ထဲက ကာကွယ်ပေးထားခဲ့မှုကြောင့် ဖြစ်မယ်လို့ သိရတယ်။ အမေရိကန်ပြည်ထောင်စုက ပြည်နှင်ဒါဏ်ပေးလိုက်တဲ့ မြန်မာတွေကိုလည်း ပြန်လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ စစ်တပ်အောက်က ပြည်ထဲရေးရဲ့ လုပ်ရပ်တွေကြောင့် နောက်ဆုံးတော့ ဒီလိုဖြစ်သွားပါပြီ။ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်။ လိုက်နာဆောင်ရွက်ရင် ပြန်ဖွင့်ပေးမယ်လို့ ပြောထားတယ်။

အမေရိကန်ဗီဇာကန့်သတ်တဲ့အထဲမှာ Student Visa, Tourist Visa တွေ မပါဝင်ပါဘူး။ အလည်လာချင်သူတွေ၊ ကျောင်းသားတွေကို မကန့်သတ်ပါ။ ဆွေမျိုးခေါ်တွေ ပိတ်ပစ်လိုက်တဲ့သဘောပေါ့။ လျှောက်ထားဆဲ လာဖို့ စောင့်နေသူတွေ လာဖို့အတွက်ပိုကြာသွားမဲ့သဘောရှိတယ်။ pending ဖြစ်သွားတဲ့သဘောပဲ။ ထရန့်ပြုတ်လို့ နောက်သမ္မတတက်လာရင်တော့ မူပြောင်းမလားမသိရသေးဘူး။
လောလောဆယ် သိရသလောက်က ဒါပါပဲဗျာ။