Breaking News

ခိုုုုုုုုုင်မျိုး - ရွာထဲမှာ



ခိုုုုုုုုုင်မျိုး - ရွာထဲမှာ

(မိုးမခ) ဧပြီ ၇၊ ၂၀၂၀

စစ်က
ဖြစ်တုန်းပဲ
ကိုရိုနာက
အောပါဝါနဲ့
ကမ္ဘာပတ်တုန်းပဲ
နာကျင်မှုကို စ တွေးတာနဲ့
ကြင်နာမှုက နောက်ကျခဲ့တာပဲ
ခု ဘာကို စ တွေးကြမလဲ
ပရဆေးဥယျာဥ်နားမှာ ပျောက်သွားတဲ့
လူတယောက်အကြောင်း
နေ့လည်က ပြောဖြစ်ကြရဲ့
လေကုန်တာသာ အဖြေရတဲ့အကြောင်းတွေ
ရွာထဲအပြည့်

ဒုက္ခသည်က တစ်သိန်းခြောက်သောင်း ကျော်နေပြီ
စစ်ဘေးရှောင်စခန်းမှာ
ကြပ်တင်ထားတာ ခလေးနဲ့သက်ကြီးရွယ်အိုတွေပဲ
ကိုရိုနာက ကပ်ဆိုရင်
စစ်က အဲ့သည်ကောင်စီးထားတဲ့ ဖိနပ်ပဲ
ရွာထဲမှာ ။