ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ - ၁၄
ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ - ၁၄
(မိိုးမခ) ။ ဧပြီ ၁၊ ၂၀၂၀
သေချာ မကိုင်တွယ်ပဲ ပစ်ထားလိုက်မယ်ဆို ပြည်သူ ၁.၆ သန်းကနေ ၂.၂သန်းအထိ အသက်ဆုံးရှုံးနိုင်ပါတယ်လို့ အမေရိကန် ကူးစက်ရောဂါဌါန အကြီးအကဲ ဆရာဝန်ကြီး အန်တိုနီဖေါဆီက ပြီးခဲ့တဲ့ ရက်တွေက ခန့်မှန်းသတိပေးထားတာရှိတယ် ။ ဒါကို အိမ်ဖြူတော်က ကိုဗစ်နဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ဒေါက်တာ ဒီဘိုးရား (Dr. Deborah Birx ) က မနေ့က အင်တာဗျူးမှာ ထပ် ပြောတယ်။ အကောင်းဆုံးကြိုးစားတာတောင် လူတသိန်းကနေ ၂သိန်းအထိ သေရတော့မှာတဲ့ ။
ကြည့်ရတာ အမေရိကန်တချို့- ဘဝနေနည်းကို ရုတ်တရက်မပြောင်းနိုင်ဘူးဖြစ်ပုံပေါ်တယ်။ ဖလော်ရီဒါပြည် နယ်က - ဥပမာလေးကို ကြည့်ရင် ဘုန်းကြီးကအစ ဘဝနေနည်း ပြောင်းလို့ မလွယ်လှတာ တွေ့ပါတယ် ။ အမှုတခု မှာ (Rodney Howard-Brown of The River at Tampa Bay ) တန်ပါဘေးအရပ်မှာ ရော့ဒ်နီ ဟောင်းဝဒ်ဘရောင်းဆိုတဲ့ ခရစ်ယာန်သင်းအုပ်ဆရာကြီးက သူ့ဘုရားကျောင်းထဲ တပည့်သာဝကတွေနဲ့ စုပေါင်း ဝတ်ပြုခဲ့ကြ သတဲ့။ လူရာပေါင်းများစွာအသက်ကို မငဲ့ကွက် - အဆင်ခြင်မဲ့ လုပ်ရပ်နဲ့ ရဲက ဖမ်းရပါရောလား ။
ဒီနေ့ ဘောရစ် ဂျွန်ဆင် အဓိကအကြံပေးအရာရှိ ဒေါမင်နစ် ကမ်းမင်းလဲ ကိုဗစ် လက္ခဏာမျိုး ခံစားလာရလို့ ဆေးစစ်တော့ ပေါ့စတစ် အဖြေထပ်ထွက်တယ်။ ဗြိတိန်ဝန်ကြီးချုပ်အဖွဲ့ ထဲ ကိုယ်သိသလောက် ကိုဗစ် ထိတာ ၅ ယောက်မြောက် ပြီ ။သူ့အနားကပ်ထိုင်တတ် တဲ့ ကက်ဘိနက်ဝန်ကြီးတွေရှိသေးတယ်။ လာကြဦးမလား မသိဘူး ။ ကိုဗစ်ရေ -မင်းကတော့ မျက်နှာကြီးငယ်- မရှိ ။ အစိုးရ အတိုက်အခံ မရှိ ။ ဘာသာ-လူမျိုးလဲမသိ -ဘယ်သူမှ အထာမထား ။အတော်ဆိုးတဲ့ကောင် ။
ကျန်းမာရေးဝန်ကြီးဌာနက က နေ့စဥ် ထုတ်ပေးနေတဲ့ ပေါ့စတစ်စာရင်း ၁၄ ယောက်ထဲ လူနာနံပါတ် ၈ အကြောင်းဖတ်ရတာ အတော်ချောက်ချားစရာကောင်းတယ် ။ သူ့ ဧည့်လမ်းညွှန်အလုပ်ခရီးစဥ်အရ မြန်မာပြည်တပတ်ပဲ ။မန္တလေး-မုံရွာ-ပခုက္ကူ- ပုဂံ- ပုပ္ပါး- ကလော - ပင်းတယ-ညောင်ရွှေ အင်းလေး-ဟဲဟိုး ။ ရန်ကုန်မှာ ရွှေတိဂုံ- တရုတ်တန်း- ဗိုလ်ချုပ်စျေး - မြို့ပတ်ရထားတပတ်နဲ့ - ခြောက်ထပ်ကြီးဘုရား ။ မတ်၂၃ ရက်နေ့က ဘယ်သူတွေ မြို့ပတ်ရထားစီးမိကြသေးလဲ။ ပြန်စဥ်းစားကြည့် ကြပါ ။ ကြည့်မြင်တိုင်ဘူတာကနေ ခြောက်ထပ်ကြီးဘုရားအထိလိုက်ပို့ပေးတဲ့ဆိုက်ကားဆရာကော ။ အားလုံး ကို အစိုးရက ခြေရာကောက် စောင့်ကြည့်ရတာတောင် လူ ၁၀၀ မကဘူး ။ သူတို့ နောက် ၂ ပတ်ဆိုရင် ကံဆိုးကံကောင်း အဖြေပေါ်လာ မယ်။ လူတွေတည်ငြိမ်မှ ။
တခါတလေ ဘဝက ကံအကြောင်းပဲ ။ ကိုဗစ်လာခါနီးမှ ဘဏ်ချေးငွေနဲ့ ဟော်တယ် ဖွင့်မိတဲ့ သူဌေးမျိုး လဲ ရှိမှာပဲ။ တက်စ်ဆီဆွဲဘို့ ကားဝယ်မိတဲ့ ကားဆရာလဲ ရှိမှာပဲ ။ မြို့လည်ခေါင် လမ်းမတန်းကြီးမှာ ဗျူတီပါလာကြီး ဟီးနေအောင် ထောင်မိတဲ့ မမ။ ဆိုင်က မိတ်မရခင်လေး ပိတ်လိုက်ရ ပြီး အတိုးထိုင်ပေးနေရတယ်ဆိုတာမျိုး။
ရဲ၊ သူနာပြု၊ဆရာဝန်၊ ဘဏ်၊ စာတိုက် ၊ကုန်တိုက်ဝန်ထမ်း ၊စည်ပင်နဲ့ မြို့အုပ်ချုပ်ရေး ဝန်ထမ်း၊ အဲလို အလုပ်တွေ လုပ်မိရင် သူများလို မနားနိုင်ပဲ သွားနေရမှာပဲ ။ ကိုဗစ်အကြောင်းပြ စတေး ရှောင်လို့ မရချေ ဘူး။ ခုနေကာလများမှာ လူနာတင်ယာဥ် နဲ့ အရေးပေါ်ယာဥ်မောင်းတွေဟာ ဘုရားကိုတနေ့ ၃ခါလောက်ရှစ်ခိုး- သရဏဂုံ များများတည်ကြရမယ့် ကာလမျိုးဆိုရမလား ။ ကိုဗစ်နဲ့ ချည်း နှစ်ပါးသွားခန်း မိုးလင်းပေါက် ကရတော့မှာကိုး ။ အလှကုန်ရောင်းတဲ့လူ ။ ဆံပင်ညှပ်တဲ့လူ ။ ကျူရှင်ဖွင့်တဲ့ဆရာများကျတော့ နားနေချိန်ပေါ့ ။ ကံနဲနဲဆိုးသူ - များများဆိုးသူ တွေချည်းပဲ ။
ဥရောပ သူဌေးတွေလဲ မလွတ်ပါဘူး။ အသက်ပါပေးရတဲ့အထိ ။ အသွားမတော်တော့ Ruby Princess ဆိုတဲ့ ဇိမ်ခံသင်္ဘောကြီး အပျော် တလလောက်စီးမိတယ်။ တွက်ရေးက ကမ္ဘာပတ်မယ် ဆိုပြီး ထွက်လာမိတာ။ ဝူဟန် ကိုဗစ် ကို အဖေါ်ခေါ်လာတဲ့ ခရီးသည်ပါလာတော့ မပျော်လိုက်ရပဲ သင်္ဘောပေါ်မှာ အချုပ်ကျတယ် ။ ခရီးသွားဖေါ် ၄၁၂ ယောက် ကိုဗစ်အကူးခံရတယ် ။ ၅ယောက် အိမ်ပြန်မရောက်ဘူး ။
မြို့ကို သော့ခတ်မှာလား မခတ်ဘူးလား။ တနေ့လုပ်တနေ့စားတွေ ကို ထည့်မတွက်ဘူးလား။ အငြင်းမပွါးကြခင် လူထုက ကိုယ့် အသိနဲ့ ကိုယ်၊ အိမ်ထဲမှာ နေ၊ ကိုယ့် မိသားစုကိုယ် ကာကွယ် နေနှင့် ကြရ မှာ အရင်ပါ ။ အုပ်ချုပ်သူတွေနဲ့ ဆရာဝန်တွေ နဲ့တိုင်ပင် ။ လိုအပ်လာရင်-ခတ်မှာပဲ။ အစိုးရ၊ ရဲတပ်ဖွဲ့ ၊ တပ်မတော်၊ လူမှုအဖွဲ့အစည်းတွေ။ ညီညီညွတ်ညွတ်အရင် - ကျောချင်းကပ်ထားမယ် ။ သူဆရာ-ငါတပည့် ဒီမှာ မရှိ။ မြို့ကို အသုဘဝိုင်းထောင်မယ့် သုသာန်တစပြင် လုပ်မယ့် ကိုဗစ် ရန်သူ ကို စုပေါင်း ခုခံမယ် ။ကိုဗစ် ကို အစာဖြတ်ရေဖြတ် လုပ်ရမှာပဲ ။ ဗိုင်းယပ်စ်တသုတ် တသုတ် မျိုးကန်းအောင်လုပ်ဖို့ ဆို ၂၁ ရက်ကြာလိမ့် မယ်။ ဒီလောက်တော့ ဗဟုသုတ စုလို့ ရကြပြီ မျှော်လင့်မိပါရဲ့ ။
သီလရှင်စာသင်တိုက်တွေမှာ အတိအကျ ကွာရန်တင်း( Quarantine )လုပ် နိုင်မှာလား ။ မလွယ်လှ ဘူးဆို ရင် ခုနေ သွားလာလို့ ရနေတုန်း မိဘဆွေမျိုးတွေဆီ ပြန်သီတင်းသုံးကြတာက ပိုကောင်းမယ်ထင်ပါရဲ့။ အစုအဝေးကြီးနဲ့နေရ စားရ တာဒီကပ်ကာလ အတော်အန္တရာယ်များ တယ်။ မြို့ထဲ ဆွမ်းလည်ရင်း ဆရာလေး တပါးပါးကို သူ မသိလိုက်မိပဲ ကိုဗစ်က ကပ်လိုက် လာရင် စာသင်တိုက်တခုလုံး ကို ကူးသွားမှာ။
ထောင်ဝင်စာတွေလဲ ကြပ်မတ်ရမယ့်အချိန် ။ လူအများ စုနေရတဲ့ နေရာဌါနတိုင်းဟာ ကိုဗစ်ရဲ့ စိတ်ကြိုက်-ဗဟို ပစ်မှတ်တွေချည်းဖြစ်နေလို့ပေါ့။ ခုနေမှာတော့ ကိုယ့်အသိနဲ့ကိုယ် ထိမ်းသိမ်းနေကြသေးတာ အမှန်ပါ။ လက်ဘက်ရည်ကြိုက်တယ်။ ညာဏ်နဲ့ယှဥ် ၊ ဆိုင်မထိုင်ဘူး။ ပါဆယ်ကို သိပ္ပံနည်းကျ ဆွဲမယ်။ ( Contamination ) ကိစ္စကို ကျေညက်အောင် လေ့လာပြီး ဆွဲကြရမှာပဲ ။ စားသောက်ဆိုင်လုပ်ငန်းလုပ်တဲ့ လူကလဲ လုပ်ငန်းမရပ်နိုင် ရင် စေတနာအပိုဆောင်းပြီး ရောဂါပိုး ကပ်မပါစေတဲ့နည်းနဲ့ ညာဏ်ပါဆယ်လေးထုတ်ပေးဘို့။
ဗလီတွေကို ဝင်ပြီး ပိုးသတ်ဆေးဖြန်းပေးတဲ့ တပ်မတော်ကို အကောင်းမြင် ကျေးဇူးတင်လိုက်ပါ ။ဘာဖြစ်လို့ ခနိုးခနဲ့ ချိုးဖဲ့နေကြရမှာလဲ ။ မကြာခင် ဥပဒေစိုးမိုးရေး နဲ့ လုံခြုံရေးဟာ အရမ်းအရေးကြီးလာမှာ အသေ အချာ ။ မြို့ရွာတွေ အားလုံး စနစ်တကျ ငြိမ်သက်နေမှ- နောက်တန်း တည်ငြိမ်နေမှ ဆရာဝန်တွေ ဆရာမတွေက ရှေ့တန်းက နေ ကိုဗစ် ကို စွမ်းစွမ်းတမံ တိုက်ခိုက်နေနိုင်မှာ။ သူတို့ခင်မျာ ဆေးရုံမှာလဲ သေမင်းနဲ့ ယှဥ် ၊ အသက်လုရ ။ အိမ်က မိသားစုကို လဲ တဖက်က လှမ်းပူနေရရင် ဘယ်ကောင်းမလဲ ။ သူခိုးကပူ။ လုယက်ရမ်းကား သောင်းကျန်း။ အုပ်စုလိုက် ဆိုင်ဖေါက်ဖို့ ကြိုးစားလာတာမျိုးကို ရဲ တပ်ဖွဲ့တခုထဲနဲ့ လုံလောက်ချင်မှ လုံလောက်မှာ ။
အီတလီမှာ စစ်တပ်က လုံခြုံရေးပေးရတယ်။Lockdown ၂ခါဆက်လုပ်နေရတော့ တချို့လဲ စားစရာတွေ ပြတ်လာတာကိုး ။ ဒီ အရပ်သား အစိုးရ က လုံခြုံရေး မပေးနိုင်လို့ ကာလုံခေါ်ပေး ဆိုတဲ့ နိုင်ငံရေး ကလေးကွက်လဲ မကစားကြပါနဲ့ ။ အခုက ကမ္ဘာစစ်တမျိုးဖြစ်နေတာပါ ။ နိုင်ငံတိုင်းက မမြင်ရတဲ့ ဗိုင်းယပ်စ်တွေကို အပြင်းအထန်ခုခံ ရင်ဆိုင်နေကြရတဲ့ အ ချိန် ။ ငါတို့ ရင့်ကျက်လာပြီ ။ ငါ့ ပါတီ နိုင်ငံရေး။ ငါ့ စစ်တပ်နိုင်ငံရေး တွေနဲ့ လုံးချာလည် -အတိတ် နာဂစ် ရာဇဝင် ဟောင်းမျိုး ပြန်မခင်းသင့် တော့ဘူး လို့ထင်မိတာပဲ ။
ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး - သထုံမြို့နယ် က ထုတ်တဲ့ ကိုဗစ်ရန် ကာကွယ်ရေး အမိန့်ကို ကြိုက်တယ်။ ထိပ်တုံး ၁၄ရက်နဲ့ ဒဏ်ငွေ ၃သိန်း ။ မန္တလေးတိုင်း ဒေသကြီး အစိုးရ ရဲ့ ပြည်သူ သို့ ပန်ကြားချက်ကို သဘောကျတယ်။
အသက်ကြီးနေတဲ့ လူတွေ ပိုစိုးရိမ်ရတယ် ပြောနေကြလို့ အရမ်းလဲ စိတ်မပူစေချင်ဘူး ။ ကျုပ်တို့ဆီမှာ ဘုရင်မကြီးရဲ့ - သား ။ ချားလ်စ် မင်းသားကြီး အသက် ၇၀ က အခု ကိုဗစ် နလံပြန်ထလာလို့ အပြင် ပြန်ထွက်ရပြီ။ မပြောကောင်းပြောကောင်း ကိုယ့်ကို ကိုဗစ် လာကိုက်လဲ ငါတို့ အမျိုးတွေက ကိုယ်ခံအား ပိုကောင်းတယ် ဟေ့ ( ကိုယ်ချည်းခံထားရတဲ့ အတွေ့အကြုံနဲကြလို့ လား ) ဒီတော့ - ဖိုက်တင်း ။
ခွန်ဆိုင်း ( ၃၀-၀၃-၂၀၂၀ )