Breaking News

ကျော်ဟုန်း - ပစ္စန္တရစ်ဇာတ်


KT#
ပစ္စန္တရစ်ဇာတ်
ကျော်ဟုန်း
(မိုးမခ) ဧပြီ ၁ ရက်၊ ၂၀၂၀

ညဟာ
ဖဲမွေ့ယာပျောက်နေတာ ကြာပြီ။

နေ့ဟာ
နိုးတဝက်အိပ်မက်နဲ့
က​ယောင်ခြောက်ခြားရောထားတဲ့
အာဟာရအတု။

ပုံမှန်တွေကို
အကျင့်ဖျက်နေတဲ့ မျက်လုံးတစ္ဆေ
နာရီလက်တံကို ပြောင်းပြန်ရွှေ့နေတယ်။

ဒီလို ကာလမျိုးထဲ
ဘယ်ရွှေကျီးမှ မသာ
ဘယ် ရွှေဧည့်မှ မလာ။

အပျင်းပြေကြည့်မိတဲ့
ဒရက်ကူလာ သရဲကားဟာ
ဒီလူ့အတွက် ရယ်စရာဟာသပေါ့။

ချက်ကောင်း ကျည်ထိတဲ့ ကျားရဲ့
နောက်ဆုံး ဟိန်းဟောက်သံမျိုးသာ
ဒီလူအတွက် ခွန်အားဖြစ်ဆေးပါပဲ။

ကျော်ဟုန်း
၂၀၂၀၀၂၃၀