Breaking News

သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့သူများ (၁၀)



သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့သူများ (၁၀)

(မိုးမခ) ဧပြီီ၃၀၊ ၂၀၂၀

ပန်းချီဆရာ Keith Haring ရေးဆွဲခဲ့တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ သူရေးခဲ့တဲ့ ပိုစတာ ဒီဇိုင်းမှာ “ ဘာမှမမြင်၊ ဘာမှမကြား၊ ဘာမှမပြော” လို့ ရေးသားထားပါတယ်။ သူဟာ ၁၉၈၈ မှာ အိပ် ရောဂါ ရရှိခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ဒီ ဒီဇိုင်းကိုရေးခဲ့တာပါ။ ၁၉၉၀ မှာ သူသေဆုံးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူ့အသက် ၃၁ နှစ်သာရှိပါသေးတယ်။

၁၉၉၁ က အမေရိကန်မှာ မိနစ်တိုင်းမိနစ်တိုင်း HIV/AIDS ရောဂါပိုးကူးစက်ခံရပြီး ကူစက်ခံရသူ လေးဦးမှာ တဦးသေဆုံးခဲ့ပါတယ်။ အဲဒီကပ်ရောဂါမှာ အမေရိကန်နိုင်ငံသား တစ်သိန်းကျော်သေဆုံးခဲ့ရတယ်။HIV/AIDS ရောဂါဟာ ၁၉၈၀ မှ ၁၉၉၀ ကာလအစပိုင်းမှာ အမေရိကန်နဲ့ ကမ္ဘာ့ အနှံမှာ ဖြစ်ပွားခဲ့တာပါ။
ဒီနေ့မှာတော့ လူဦးရေသန်း ၇၀ ကျော် ကူးစက်ခံနေရပြီး ၃၅ သန်း သေဆုံးခဲ့ရပါတယ်။ သွေး၊ သုတ်၊ယောနိအရည်၊ စအိုအရည် တွေက တဆင့် ကူးဆက်ကြပါတယ်။ ၁၉၈၀ ခုနှစ် မှာ ဒီရောဂါကို လိင်တူချစ်သူ ရောဂါ လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်တာ၊ ကလေးမွေးတာ၊ မူးယစ်ဆေးအပ် မျှဝေသုံးစွဲ တာတွေကလည်းကူးဆက်ခဲ့ကြပါပေးတယ်။
သားကြီးမောင်ဇေယျ (၂၁-၄-၂၀၂၀)