Breaking News

စစ်ငြိမ်းအေး - "နံရံ စာပန်းချီနှင့် အခြားတဖက် စာမျက်နှာ "

စစ်ငြိမ်းအေး -  "နံရံ စာပန်းချီနှင့် အခြားတဖက် စာမျက်နှာ "

(မိုုုုုုးမခ)ဧပြီ ၃၀၊ ၂၀၂၀

On the other side of the wall...

ဒီမြို့ကလေးမှာ ကုသိုလ်ထူးစွာ အန္တရာယ် နဲ့ဝေးခဲ့၊ဝေးနေဆဲ ဖြစ်ပေမဲ့- ကိုရိုနာဗိုင်းရပ်စ်၊ ကမ္ဘာမဟာရန်သူကြီးအတွက် သတိပေး၊အားပေး နံရံစာပန်းချီ ရေးဖို့ဆွဲဖို့ ဝေဒနာအကြောင်းက ဖန်လာပြန်တယ်၊

မနေ့က စာတတို့နဲ့၊ ပုံတချို့ သတင်းစာတိုက်ကို ပို့လိုက်တော့ - ဒီရက်ပိုင်းမှာဘဲ ဖေါ်ပြပါမည် ဖြစ်ကြောင်း အယ်ဒီတာက သတင်းပြန်တယ်၊ ( မအိ အတွက် ဝမ်းနည်းပါကြောင်းလည် ဖေါ်ပြပါရှိပါတယ်။ )


ပို့တဲ့ပုံများနှင့် ရေးတဲ့စာ -

The reason why I paint this wall has a sad story.
Ma Ei, Burmese lady passed away by coronavirus case at Longleey, Northern CO. just two weeks ago.

ဒီနံရံပန်းချီ ရေးဆွဲရတဲ့အကြောင်းမှာ ဝမ်းနည်းဖွယ် အဖြစ်တခု ရှိတယ်။
မြန်မာအမျိုးသမီးဖြစ်တဲ့ ' မ အိ ' ဟာ လွန်ခဲ့တဲ့၂-ပတ်ကဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့
ဒီပြည်နယ်မြောက်ပိုင်း လောင်းဂ်လေမှာ ဆုံးပါးသွားခဲ့ရတယ်။

She is my late close friend's wife and also writer and once a movie star in Burma.

သူက- ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့ မိတ်ဆွေရင်းချာ( စာရေးဆရာကြီး မောင်သာရ ) ရဲ့ ဇနီးဖြစ်ပြီး
စာရေးသူတဦးလည်း ဖြစ်တဲ့အပြင် ရုပ်ရှင်သရုပ်ဆောင်လည်း လုပ်ခဲ့ပါသေးတယ်။

I got contact with her just before she dead.
We have to meet with here or there but I missed her by covid-19.

သူ မကွယ်လွန်မီကလေးမှာဘဲ သူနဲ့ အဆက်အသွယ် ရခဲ့တယ်။
ဒီမှာဖြစ်စေ၊ သူ့ဆီ အလည်သွားလို့ဖြစ်စေ၊ တွေ့ကြဖို့ရှိပါတယ်၊
ဒါပေမဲ့ ကိုဗစ်နိုင်တီးန် ကပ်ရောဂါကြောင့် လွဲခဲ့ရပါပြီ။

I felt sad and thinking something to do a memory for her.

ဝမ်းနည်းကြေကွဲစွာ ခံစားခဲ့ရပြီးတဲ့နောက်- သူ့အတွက် တသ၊အမှတ်တရ တခုခုလုပ်ဖို့စဉ်းစားမိတဲ့အခါ --

And then...ဒီလိိုနဲဲ့

( Photo - Ma Ei, the friend going to meet with,but never meet with )
( မကြာမီ တွေ့ရလိမ့် မိတ်ဆွေ ' မ အိ ' ၊ ဘယ်တော့မှ မတွေ့ရနိုင်တော့ပြီ )