Breaking News

ကိုအောင်မှိုင်း - အိပ်တန်းတက်ချိန်

NYT photo


ကိုအောင်မှိုင်း  - အိပ်တန်းတက်ချိန်

(မိိုးမခ) ဧပြီ ၄၊ ၂၀၂၀

ဘုရားတွေ
အိပ်နေချိန်မှာ
ကမ္ဘာကြီးကျန်းမာဘို့
သိပ္ပံပညာရှင်တွေ
အသက်စွန့် တိုက်ပွဲဝင်နေကြတယ်။

ကမ္ဘာကြိးအေးချမ်းဘို့
စစ်အင်အားတွေနဲ့
မလုံလောက်တော့တဲ့အချိန်မှာ
ဘုရားတွေ အိပ်ယာထကြလိမ့်မယ်
ကမ္ဘာကြိးလဲအေးချမ်းပြီပေါ့။


ကိုဗစ်လို
ကမ္ဘာပျက်ကပ်က
ကမ္ဘာဖျက်နေချိန်မှာ
စစ်တိုက်တာကို
ပိဋကတ်၃ပုံထင်နေတဲ့
စစ်မှစစ်ဆိုသူတွေကိုတော့
ဘုရားတွေကြိမ်ဆဲနေလေရဲ့။

ကူညီရမဲ့အချိန်
ကူညီရမဲ့တာဝန်ရှိပါရဲ့
ကူညီမှုကိုခုတုံးလုပ်ပြီး
အခွင့်ထူးခံချင်ရင်တော့
အလောင်းတွေနဲ့ထပ်ပြီးရတဲ့
ဆုလဒ်တွေဘဲဖြစ်လိမ့်မယ်။

ကမ္ဘာကြီးက
စစ်ကိုဆန့်ကျင်နေချိန်မှာ
ငါတို့နိုင်ငံမှာတော့
ဘုရားတွေကြေပြီး
ခလေးတွေသေကုန်ပါပြီ
စစ်ပွဲတွေ အမြန်ရပ်ကြပါတော့။

ရောဂါကြောင့်သေကြ ကြေကြ
စစ်ပွဲတွေကြောင့်သေကြ ကြေကြ
မြင်မြင်သမျှ ဤလောကမှာ
ဆူးတို့ဖြင့် ပြည့်လို့နေပြီတကား။

(၁.၄.၂၀၂၀)