Breaking News

သားကြီးမောင်ဇေယျ - ပြည်သူ့ကျန်းမာရေးသူရဲကောင်းများ (၆)





သားကြီးမောင်ဇေယျ - ပြည်သူ့ကျန်းမာရေးသူရဲကောင်းများ (၆)

(မိုးမခ) မေ ၁၄၊ ၂၀၂၀

ပန်းချီကားအမည် – စစ်သားတစ်ယောက်ရဲ့ ခြေထောက်ကို ဖြတ်တောက်ခြင်း (Ambroise Paré Using a Ligature on an Artery of an Amputated Leg of a Soldier)
ရေးဆွဲသူ – Théobald Chartran
ရေးဆွဲတဲ့ အချိန် – ၁၉ ရာစုနှောင်းပိုင်း
ပန်းချီကားချိတ်ဆွဲထားတဲ့နေရာ – Université de la Sorbonne၊ ပဲရစ်မြို့ ၊ ပြင်သစ်ပြည်

ပြင်သစ်မြောက်ပိုင်း Metz မြို့ကို ဝိုင်းရံအတိုက်အခိုက်ခံရစဉ်အတွင်း ဒဏ်ရာရ စစ်သားတစ်ယောက် ခြေထောက်ကိုဖြတ်တောက်နေပုံဖြစ်ပါတယ်။
အတိတ်ကာလက ဘာသာရေးခေါင်းဆောင်တွေဟာ ဝိညာဉ် ကိုသာမက ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာပါ လွမ်းမိုးထားပါတယ်။ ဒီပန်းချီကားမှာ စစ်သားတစ်ယောက် ခြေထောက်ဖြတ်ခံရတဲ့
အချိန်မှာ ဘုန်းတော်ကြီးက ကောင်းချီးပေးနေတာ တွေ့မြင်နိုင်ပါတယ်။ အဲဒီခေတ်က ဆေးပညာကို ယုံကြည်မှုလား ၊ သိပ္ပံပညာ လားလို့ မေးခွန်း ထုတ် ခံရတဲ့အချိန်ဖြစ်ပါတယ်။
ယုံကြည်မှုနဲ့ သိပ္ပံပညာ ရောထွေး နေတာကို ဒီနေ့ ကိုဗစ် ၁၉ ကာလ အထိ ရှိနေတာကို တွေ့မြင်နိုင်ပါတယ်။