Breaking News

ခိုင်မျိုး- ရွာထဲမှာ


Art - Than Htay Maung

ခိုင်မျိုး - ရွာထဲမှာ

(မိုးမခ)မေ ၅၊ ၂၀၂၀

မြင့်မားလာတဲ့ နည်းပညာဟာ
ကြီးမားတဲ့အရင်းအနှီးနဲ့ အတူ
အရွယ်မတိုင်ခင် ဖွံဖြိုးလာတဲ့
သစ်သီးဝလံတွေနဲ့ အသားထွားထွား
သတ္တဝါတွေကို ယူဆောင်လာခဲ့ပြီးပြီ

နှစ်သန်းနဲ့ချီရှည်ကြာမှ ဖြစ်ပေါ်လာမယ့်
ကျောက်မျက်ရတနာတွေနဲ့ လဲလှယ်ဖို့
ကားအသစ်၊ ရေခဲသေတ္တာ၊ လေအေးပေးစက်၊
လက်တော့နဲ့ အိုင်ပက်တွေက
ငါတို့ကောင်းကင်ပေါ် ပျံသန်းလို့
မော်ဒယ်မြင့်ဖုန်စုပ်စက်တစ်ခုက
ငါတို့အလုပ်သမားများရဲ့ ပျိုရွယ်ခြင်းကိုစုပ်ယူလို့
ငါတို့ဆီက အမျိုးသမီးများစွာက
သားရေတုပိုက်ဆံအိပ်၊ အဆင်ဒီဇိုင်းသစ် အဝတ်
အစား၊ အလှပြင်ကိိရိယာ၊ မိတ်ကပ်
ရေမွှေးနဲ့လက်သည်းခွံ၊ ခြေသည်ခွံအလှဆင်ခြင်းတွေပေါ် မွေ့ပျော်လို့

တော်ပြီ
နည်းပညာဟာ
ရွာက သဘာဝ တောကြက်ဥ
အစစ်ကို သောက်ပြီး
ဓါတုဆေး အမျိုးမျိုး သုံးထားတဲ့
ပညာကြက်ဥတွေနဲ့
ငါတို့ခေါင်းကို ရိုက်ခွဲခဲ့တာပေါ့ကွာ။