သားကြီးမောင်ဇေယျ - ပြည်သူ့ကျန်းမာရေးသူရဲကောင်းများ (၃)

သားကြီးမောင်ဇေယျ - ပြည်သူ့ကျန်းမာရေးသူရဲကောင်းများ (၃)
(မိုးမခ)မေ ၅၊ ၂၀၂၀ပန်းချီကားအမည် – မခွဲစိပ်မီ ( Before the Operation )
ပန်းချီရေးဆွဲသူ – Henri Gervex
ပန်းချီကားရေးချိန် – 1887
ပန်းချီကားချိတ်ဆွဲသည့်နေရာ – Musée d’Orsay ပြတိုက်၊ ပဲရစ်မြို့ ၊ ပြင်သစ်။
လူနာတဦးခွဲစိပ်ခန်းမဝင်ခင် မြင်ကွင်းကို ရေးဆွဲထားတဲ့ ပန်းချီကားဖြစ်ပါတယ်။
ခွဲစိပ်ခန်းမဝင်ခင် လူနာကို သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူ ဆရာဝန်များက အသေးစိတ် စစ်ဆေးမေးမြန်းပါတယ်။ သွေးခုန်နှုံး၊ သွေးပေါင်ချိန်၊ အသက်ရှုနှုံး တွေကို စစ်ဆေးတာပါ။ ခွဲစိပ်ချိန်မှာ ရင်ဆိုင်ရမည့်အန္တာရာယ် ကို ကြိုတင်ပြင်ဆင်နိုင်ဖို့ဖြစ်ပါတယ်။
ပန်းချီကားမှာ မြင်ရတဲ့ လူနာ့လက်ကို ကိုင်ထားသူက မေ့ဆေးဆရာဝန်ဖြစ်ပါတယ်။ ခွဲစိပ်ရာမှာ သုံးတဲ့ ပစ္စည်း တွေကို ပန်းချီကား ဘယ်ဘက်မှာတွေ့မြင်ရပါတယ်။
ကိုးကား – https://www.dailyartmagazine.com/a-tribute-to-medical-services-doctors-in-paintings/