Breaking News

သားကြီမောင်ဇေယျ - ပြည်သူကျန်းမာရေးသူရဲကောင်းများ (၇)



သားကြီမောင်ဇေယျ - ပြည်သူကျန်းမာရေးသူရဲကောင်းများ (၇)

(မိုးမခ) မေ ၁၆၊ ၂၀၂၀

ပန်းချီကားအမည် – ဆရာဝန် Saints Cosmas နှင့် Damian တို့ရဲ့ အံ့ဖွယ်အမှုများ (Miracles of the Doctor Saints Cosmas and Damian)
ပန်းချီဆရာအမည် – Fernando del Rincón
ရေးဆွဲသည့်ခုနှစ် – 1510 နှောင်းပိုင်း
ပန်းချီကားချိတ်ဆွဲထားသည့်နေရာ – Museo del Prado ပြတိုက်၊ မဒရစ်မြို့၊ စပိန်နိုင်ငံ။

ဒီပန်းချီကားရေးဆွဲတဲ့ကာလ ပြန်လည်ဆန်းသစ်ချိန်ပန်းချီကားတွေမှာ သူတော်စင်ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ခွဲစိပ်ဆရာဝန် အဖြစ် လုပ်ကိုင် နေပုံကို အထင်အရှား မှတ်တမ်းတင် ရေးဆွဲထားပါတယ်။ အံသြဖွယ် ဆရာဝန်တွေ အကြောင်းရေးထားတဲ့ ပန်းချီကားတွေ အဖြစ် လူသိများပါတယ်။

Cosmas နှင့် Damian တို့ဟာ ခရိယာန်သာသနာနဲ့ ဆေးပညာကိုမြှင့်တင်ပေးတဲ့ အမွှာညီနောင်တွေဖြစ်ပါတယ်။ ဒီပန်းချီကားဟာ လူသေကောင်ရဲ့ ခြေထောက် အကောင်းနဲ့ လူနာရဲ့ ပျက်စီးသွားတဲ့ ခြေထောက် နေရာမှာ စားထိုးကုသနေပုံကိုရေးဆွဲထားတာဖြစ်ပါတယ်။