Breaking News

ခိုင်မျိုး - ရွာထဲမှာ


ခိုင်မျိုး - ရွာထဲမှာ

(မိုးမခ) မေ ၁၁၊ ၂၀၂၀

ခေတ်အဆက် ဆက်သယ်ဆောင်လာခဲ့တာ
စစ်ပွဲတွေနဲ့ စစ်ဘုရင်တို့ရဲ့ ကြွယ်ဝချမ်းသာခြင်းပဲ
သမင်မွေးရင်း ကျားစားရင်း စီးပွားရေးကို
အရှင်မွေးလို့ နေချင်းကြီးတဲ့ခွေးက ဟောင်တယ်
တီဗွီကလွင့်နေတဲ့ သီချင်းတပုဒ်က
ရလား ရလား ... တဲ့
ရခဲ့ပါတယ် ...
ရောဂါကပ်နဲ့ စစ်ဘေးဒုက္ခတို့သာ
နှစ်ပေါင်းများစွာ ရခဲ့ပါတယ်
ဘယ်မှာနေလဲ မမေးပါနဲ့
ဘုန်းကြီးကျောင်းမှာ နေပါတယ်။     ။