Breaking News

ကာတွန်း မြင့်သိန်း၏ အမေနေ့ ကာတွန်းကဗျာ


ကာတွန်း မြင့်သိန်း၏ အမေနေ့ ကာတွန်းကဗျာ

(မိုးမခ) မေ ၁၁၊ ၂၀၂၀

(ကာတွန်း ဝင်းအောင်၏ ဖေစ့်ဘွတ်မှ ကူးယူပါတယ်) ပြီးခဲ့တဲ့အပတ်က ဆရာဦးမြင့်သိန်းဆီရောက်တယ် ။ ပရဟိတအဖွဲ့တခုက ဆရာ့ကို လက်ဆောင်ပစ္စည်းလေးတွေပေးခိုင်းလို့ပါ ။ သူများပေးတဲ့ ပစ္စည်းနဲ့ ကန်တော့ခဲ့သေးတယ်။ ဆရာက သူရေးတဲ့ကဗျာလေးတွေ ထုတ်ပြလို့ ဓာတ်ပုံရိုက်ယူခဲ့တယ် ။ အကိုလိုင်းပေါ်တင်မယ်နော်လို့ ပြောတော့ တင်ပါ တဲ့ ။ တခါက ဆရာ့ကဗျာတပုဒ်ကို ကျနော်တင်ဖူးတယ် ။ အမေရိကားမှာနေတဲ့ ဆရာမောင်စွမ်းရည်က လှမ်းချီးမွန်းလို့ ဆရာပျော်နေတယ်။ အနုပညာဆိုတာ တခုခုမှော်အောင် ကျန်တာတွေက သူ့အလိုလို စီးဝင်လာတတ်တယ် ။ ဆရာက ၇၈နှစ်ရှိပြီ အနုပညာတွေနဲ့ နုပျိုရှင်သန်ဆဲပါ။