Breaking News

နေလင်း - ဗေဒါရောင်မီးငယ်

KT#
ဗေဒါရောင်မီးငယ်
နေလင်း
(မိုးမခ) မေ ၁၈၊ ၂၀၂၀


လုပ်ကြံသတ်ဖြတ်မှုများလဲ
အရှက်မရှိကျဆုံးကုန်ကြပြီ
လောကပါလတရားရဲ့ ​ဗီလိန်တွေလေ

အမှန်တရားဆိုတာ
အပြည့်စုံဆုံးလူသုံးကုန်မဖြစ်သေးတော့
ကိုယ်ချင်းစာတရားများဟာ
စောင်းတယ်

အရွယ်လေးမရလာခင်ထဲက
လူဟာလူလိုနေခဲ့တော့
မိုးခါးရေတွေကမျက်စိဆံပင်မွှေးစူးကြတာပေါ့

တည်ငြိမ်တဲ့တရားတော်ဟာ
လိုက်နာကျင့်ကြံခြင်းဟု
သားသိပါပြီမေမေ

တရားကိုနတ်စောင့်တာလား
တရားကမတရားနဲ့ "ကစားနေလား"
ဗေဒါရောင်မီးငယ်ကတော့သူ့တရားနဲ့သူ
ငြိမ်းချမ်းခြင်းနဲ့ မေတ္တာတရားကိုမွေးမြူနေတယ်။ ။