Breaking News

အောင်မော်ဦး - “အစိုးရပိုင်မြေပေါ်က မဲဆန္ဒရှင်ပြည်သူတွေ”

www.rcinet.ca
“အစိုးရပိုင်မြေပေါ်က မဲဆန္ဒရှင်ပြည်သူတွေ”
အောင်မော်ဦး
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၀
ငါတို့ဖတ်ခဲ့တဲ့ စာအုပ်တွေဟာ အလကားပဲ အဲဒီစာအုပ်တွေဟာ တိုင်းပြည်ကို ချစ်တတ်အောင်ပဲ သင်ပေးကြတယ် မြေကြီးကို ချစ်တတ်ဖို့ကိုတော့ သင်မပေးကြဘူး။ ဆီကိုင်တဲ့လက်ဟာ ဆီပေသလိုမျိုး ဒီခေတ်မှာ မြေကွက် များများပိုင်သူဟာ တိုင်းပြည်ကို များများချစ်ကြောင်း ပြနိုင်သူပါပဲ။ ရပ်ကျေးမှသည် အတိုင်ပင်ခံအထိ ထမ်းတင်ပေးခဲ့ကြတဲ့ ကျွဲပခုံးထနေသူတွေဆီမှာ တိုင်းပြည်ကို နှစ်နှစ်ကာကာချစ်ကြောင်းပြဖို့ လက်ဆုပ်လက်ကိုင်ပြစရာ မြေတကွက်မှ မရှိကြပါဘူး။ ခြေသလုံးအိမ်တိုင်တယောက်ရဲ့ တိုင်းပြည်ချစ်စိတ်ဟာ နေပြည်တော်မှာ ခွက်ထိုးခွက်လှန် လှောင်ရယ်ခံရတယ် ကျူးကျော်တယောက်ရဲ့ တိုင်းပြည်ချစ်စိတ်ဟာ နေပြည်တော်မှာ ပက်ပက်စက်စက် ပြက်ရယ်ပြုခံရတယ်။ ငါတို့ဟာ မြေကြီးကို ချစ်ရကောင်းမှန်း မသိကြသူတွေ ငါတို့ဟာ အစိုးရပိုင်မြေပေါ်က မဲဆန္ဒရှင်ပြည်သူတွေ။ ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ် မီးရှို့မပစ်မိကြဖို့ အဲဒီ စာအုပ်တွေကို မီးရှို့ပစ်ကြရမယ်။ အောင်မော်ဦး ဇွန်၊ ၁၉၊ ၂၀၂၀။