Breaking News

နေစိမ့် - လင်းနို့ပေါက်စီ


လင်းနို့ပေါက်စီ
နေစိမ့်
(မိုးမခ) ဇွန် ၆၊ ၂၀၂၀

အခု လျှာကိုအလိုမလိုက်တော့ဘူး
ပေါက်စီကို ဘယ်တော့မှမစားတော့ဘူး
လင်းနို့စွပ်ပြုတ်တဲ့
ဝူဟန်မြို့သားတွေတီထွင်လိုက်ကြတဲ့သတင်း
ကြက်သီးမွှေးညှင်းထပြီး ဖျားသွားတယ်
အခုလည်း လင်းနို့ပေါက်စီတဲ့
ဝူဟန်သားတွေရဲ့နောက်ဆုံးစပါယ်ရှယ်အစားအစာ
တကယ့်ပါရမီရှင်တွေပါပဲ
ဝူဟန်မြို့နေ ကမ္ဘာအနှံ့အပြားဖြန့်ချိလိုက်တဲ့
လင်းနို့ပေါက်စီမှာ
သုတွေသီတွေတရားဝင်ထုတ်ပြန်ချက်အရ
ဟစ်တာလရဲ့နှုတ်ခမ်းမွှေး
ကမူးရဲ့ပလိပ်ဝတ္ထုထဲက စာသားများ
တတိယမြောက်အဏုမြူဗုံးရဲ့ဖော်မြူလာ
စသည့် ပစ္စည်းများနဲ့ ဂျုံ အချိုးကျပါဝင်ကြောင်း 
ထပ်မံပြီးတွေ့ရှိချက်တခုက
လင်းနို့ပေါက်စီမှာ
ကိုရိုနာဗိုင်းရပ်စ်ပိုးတွေတွေ့ရှိရတယ်လို့ဆိုပါတယ်
ကိုဗစ်နိုင်တီးရောဂါကို
ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်လိုက်ပြီးနောက်
လော့ဒေါင်း lockdown ချထားရတဲ့နေရာတွေ
တမြို့ပြီးတမြို့ တဒေသပြီး တဒေသ
ပြဿနာက
ငါတို့ အစာအိမ်ကို မတ်စ့် Mask တပ်လို့မရ
လော့ခ်ဒေါင်း lockdown ချလို့ မရ။ ။