မောင်ရစ် - အမေရိကန်တွေ မမွဲကြသေးဘူးလား
![]() |
Photo - Internet |
မောင်ရစ် - အမေရိကန်တွေ မမွဲကြသေးဘူးလား
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၀
၂၀၂၀ မတ်လလယ်ကစပြီး အမေရိကန်တွေ အိမ်တွင်းပုန်းကြတယ်။ အလုပ်တွေ ပြုတ်ကြတယ်။ လူ ၁၄-၂၀သန်းလောက် ပြုတ်ကုန်တယ် ဆိုကြတယ်။ အလုပ်လက်မဲ့နှုန်းက ၁၀ - ၁၄% လောက် ရှိတယ် ဆိုကြပါတယ်။ ဒီစာရင်းက မတ်လကနေ ဇူလိုင်လအတွင်း ဂဏန်းတွေပေါ့။
ဒါဆို ၂၀၀၈ တုန်းက အမေရိကန်စီးပွားပျက်ကပ်ဆို အမေရိကန်တွေ အလုပ်ပြုတ်၊ အိမ်တွေ ဆုံး၊ လူမွဲခံ စသည်ဖြင့် မွဲကုန်ကြတယ်ဆိုရင် အခုကော အမေရိကန်တွေ မွဲကုန်ကြပြီလားလို့ မေးချင်စရာ။
၂၀၀၈ က အိမ်ခြံမြေ စျေးကွက်ပျက်တဲ့ စီးပွားပျက်ကပ်။ ၂၀၂၀ကတော့ ရောဂါကပ်ဆိုးကြောင့် မိမိဖာသာတိမ်းရှောင်ရတဲ့ စီးပွားပျက်ကပ်။ သည်လိုတော့ ကွာပါတယ်။ ၂၀၀၈ တုန်းကတော့ ငွေအသုံးအစွဲ လွန်ကျွံကုန်လို့ ပြန်မဆပ်နိုင်လို့ မွဲကြရတာ။ ၂၀၂၀ မှာက စီးပွားရေးက ကောင်းတုန်း အလုပ်ဖြစ်နေတုန်း ရောဂါကပ်ဆိုးဖြစ်လို့ လော့ခ်ဒေါင်းလုပ် ဖြတ်တောက်ကြရတာပါ။
ဒါပေမယ့် အမေရိကန်လွှတ်တော်က (အဓိက ဒီမိုကရက်ကြီးစိုးတဲ့ အောက်လွှတ်တော်) က ကြိုတင်ပြီး care act ကော အခြား ကပ်ဘေးကူသော ဥပဒေတွေ နည်းဥပဒေတွေ စောစောစီးစီး ထုတ်ပြန်ပြီး လူတွေ ဒုက္ခမရောက်အောင် အကူအညီတွေ ပြင်ဆင်ပေးပါတယ်။ အိမ်ထောင်စုတိုင်းကို တဦး ၁၂၀၀ ကူငွေ ထုတ်ပေးပါတယ်။ မိသားစု ၂ဦးအထက်ကို ၂၄၀၀ အနည်းဆုံး ထောက်ပံ့ငွေ ရကြတယ်။ မိသားတိုင်း အိမ်ကြွေး အခမ်းငှားခ ပေးနေရတာကို ၃ လ ၄ လ ဆိုင်းငံ့ထားပေးဖို့ အမိန့်ထုတ်ပါတယ်။ အသေးစားအလတ်စားလုပ်ငန်းတွေအတွက် အတိုးနိမ့် ချေးငွေ ကူငွေတွေ ထုတ်ပေးတယ်။ အလုပ်သမားတွေကို အလုပ်မဖြုတ်အောင် လုပ်ငန်းတွေကို လစာကူငွေ ထုတ်ပေးတယ်။ အလုပ်လက်မဲ့တွေအတွက် တပတ်ဒေါ်လာ ၆၀၀ နှုန်း အလုပ်လက်မဲ့ကူငွေ ထပ်ဆောင်းပေးတယ်။ အခု ဇူလိုင်လကုန်အထိ။ ကပ်ရောဂါကို တားဆီးဖို့ ကျန်းမာရေးလုပ်ငန်း အရေးပေါ်ဘတ်ဂျက်တွေလည်း အများကြီး ချမှတ်ပေးခဲ့တယ်။ ဒါတွေကြောင့် ကပ်ဆိုက်ချိန်မှာ အကျမနာသေးတာပါ။
အခုချိန်ထိ ကူငွေတွေ ရန်ပုံငွေတွေ အရေးပေါ်ငွေတွေနဲ့ အမေရိကန်ကြီးက လည်ပတ်နေတယ်။ လူတွေက အိမ်ထဲမှာ နေတုန်းပဲ။ အပြင်ထွက် အလုပ်လုပ်တဲ့ လုပ်အားက ခုထိ ပုံမှန်ကို ပြန်မရောက်နိုင်သေးဘူး။ အလုပ်ခွင် ၅၀% ကျော်ဟာ အိမ်ကနေ အလုပ်လုပ်နေတုန်းဆိုပါစို့။ သည်အရေးပေါ် ကူငွေတွေကို အလုပ်တွေကော လူတွေကောကပါ သုံးစွဲပြီး ရပ်တည်နေကြတာ အခု ၄ လ ရှိပြီ။ ဟန်မပျက်သေးဘူး။ အမေရိကန်အစိုးရ ထုတ်သုံးလိုက်တဲ့ အရေးပေါ် (အကြွေး) ကူငွေဟာ ထီလျံချီတယ်။ အံ့ဩစရာကောင်းစွာ အလုပ်ဖြစ်နေပါတယ်။
၂၀၀၄က စပြီး တအိအိနဲ့ စီးပွားပျက်ကပ်ထဲ ဝင်ခဲ့တဲ့ အမေရိကန်ဟာ ၂၀၀၈ မှာ ဘုန်းဘုန်းလဲပါတယ်။ အိမ်တလုံးစျေးဟာ ၂ဆ ၃ဆ ပြုတ်ကျသွားတယ်။ အတိုးနှုန်းတွေလည်း ၂ဆ ၃ဆ ကျဆင်းသွားတယ်။ အခု ၂၀၂၀ ဇူလိုင်မှာ အိမ်စျေးတွေ မကျသေးဘူး။ (နှစ်နဲ့ချီ စောင့်ရဦးမှာပါ)။ အတိုးနှုန်းတွေကတော့ အစကတည်းက ချထားပြီးသားကနေ နည်းနည်းတောင် ထပ်ကျသွားပြီ။ အလုပ်တွေ လူတွေက ဝင်ငွေ မရှိတော့တာ အလုပ်မရှိတော့တာက လွဲလို့ သူတို့မှာ ထောက်ပံငွေတွေ စုငွေတွေ ရှိနေသေးတော့ အသုံးအစွဲ ငွေလည်ပတ်မှုက ပြုတ်မကျသေးပါဘူး။ စတော့ရှယ်ယာစျေးတွေကလည်း ဟိုခုန် ဒီခုန်နဲ့။ ထိုးမကျပါဘူး။
အစိုးရအကူက အများကြီး သိသာတယ်ဆိုတာ ပြပါတယ်။ ကပ်ဆိုးကာလမှာ သည်အစိုးရအကူနည်းနဲ့ ဖြတ်ကျော်ရမယ်ဆိုတာ ထင်ရှားတဲ့ သက်သေပါ။ အစိုးရအကူသာ မရှိခဲ့ရင် လူတွေ အလုပ်ပြုတ်၊ ပေးစရာ ဆပ်စရာ အိမ်ဖိုး မီးဖိုး ရေဖိုး ကားဖိုး အထွေထွေ လစဉ်စာရိတ်ဖိုးတွေ မရှိ။ သက်ဆိုင်ရာ အလုပ်တွေပါ တဆက်တည်း ဒေဝါလီခံ။ လူတွေ ပြုတ် အလုပ်တွေ ပြုတ်။ ဘဏ်တွေပါ မွဲ၊ အစုရှယ်ယာတွေပါ ပြုတ်။ စိတ်ဓာတ်တွေ ကစဉ့်ကလျားဖြစ်။ တကမ္ဘာလုံး စီးပွားပျက်ကြ။ ပြုတ်ကျ။ အဲသလို ဖြစ်သွားနိုင်ပါတယ်။ အခု အဲသလောက် မဖြစ်သေး။
အခု ဇူလိုင်လကုန်မှာ ကွန်ဂရက်ကနေ အစိုးရကို နိုင်ငံတော် ကူငွေများ သက်တမ်းတိုးဖို့၊ ပြည်နယ်အစိုးရတွေကိုပါ အကူငွေတိုးပေးဖို့ ထပ်မံ တိုက်တွန်းပြီး ဥပဒေအသစ် ချနိုင်အောင် ကြိုးပမ်းနေပါတယ်။ အောက်လွှတ်တော် ဒီမိုကရက်တွေက မီးစီမ်းပြသော်လည်း မျိုးချစ် ရီပတ်ဘလစ်ကန်တွေက ကြီးစိုးတဲ့ အထက်လွှတ်တော်က အင်တင်တင် ဖြစ်ဆဲပါ။ အကြောင်းပြချက်က လူတွေကို ငွေအလကားပေးရင် ပျက်စီးကုန်မှှှာစိုးလို့ပါ။ လူတွေကို ၀အောင် မကျွေးနဲ့ ပျင်းကုန်မယ်ဆိုတဲ့ ပြိတ္တာပေါ်လစီကို ကိုင်စွဲထားကြတဲ့ အစွန်းရောက်လက်ယာအမတ်တွေနဲ့ ထရန့်ကိုယ်တိုင်ကလည်း တသဘောတည်းပါ။ လူတွေကို ကူရမှာကို အလွန်ဝန်လေးသော အစိုးရအောက်မှာ အမေရိကန်ပြည်သူတွေကြည့်ရတာ သနားစရာပါ။ ငတ်သေတာက ပျင်းပြီးသေတာထက် တော်သေးတယ်လို့ သူဌေး အရင်းရှင် အမတ်တွေ နိုင်ငံရေးသမားတွေက ယုံကြည်နေကြတာ အလွန်စက်ဆုပ်ဖွယ်ပါတကား။
အမေရိကန်တွေ မမွဲကြသေးဘူးလား။ ခုထိတော့ သေလောက်အောင်အထိ မမွဲကြသေးဘူး။ နိုင်ငံတော်ကလည်း စက္ကူတွေကို 'ငွေ'စက္ကူ လို့ အသွင်ပြောင်းပြီး ထုတ်ဝေဦးမယ်၊ လူတွေကို ထပ်ဝေပေးဦးမယ်ဆိုရင် နောက် ၃-၄ လ လောက်တော့ ခံနိုင်ရည် ရှိဦးမှာပါ။ ဉာဏ်မွဲ ကံမွဲလွန်းလို့ ကိုဗစ်ဖြစ်ပြီးသာ သေမယ်၊ ငွေမွဲလို့ ငတ်ပြီးသေတာကို ငါတို့ပြည်မှာ အဖြစ်မခံဘူးဆိုရင်တော့ သည်တောင်ကို အမေရိကန်တို့ ကျော်နိုင်ဦးမှာ ဖြစ်ပါတယ်။
(မောင်ရစ်)