Breaking News

ဇော်အောင်(မုံရွာ) - လူအများက စစ်အစိုးရကို ဖြိုချလိုခြင်း

Cartoon Saw Ngo (2014)

ဇော်အောင်(မုံရွာ) - လူအများက စစ်အစိုးရကို ဖြိုချလိုခြင်း

(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၀

သမိုင်းဆိုတာ မအ အောင် မှတ်တမ်းတင်ရပါတယ်။ ပြည်သူလူထုကို လှည့်ဖျားပြီးတက်လာတဲ့အစိုးရက ငါတို့ကောင်းကြောင်း၊ တိုင်းပြည်ကိုကယ်တင်ရကြောင်း စသဖြင့် ဆက်ပြီး လိမ်တယ်။ အတိုက်အခံကို ထောင်သွင်းအကျဥ်းချတယ်။ မိမိကို ပခုံးချင်းယှဥ်လာနိုင်သူကို လာဘ်စားတယ်လို့ စွပ်စွဲအမှုဆင်ပြီး ရာထူးကဖယ်ရှားတယ်။ အချိုသတ်ပြီး နိုင်ငံခြားသံတမန်အဖြစ် ပို့လိုက်တယ်။ ပြည်ပထွက်ပြေးအောင် တွန်းထုတ်တယ်။ သမိုင်းကို ပြင်ပြီး ရေးကြပါတယ်။

မြန်မာနိုင်ငံရဲ့သမိုင်းကို အခု မဲပေးကြမဲ့ လူငယ် လူသစ် ၂၃နှစ်အောက် အရေအတွက် ၅သန်းမှာ
သိသူတွေ နည်းပါတယ်။ ငယ်ရွယ်ပြီး ပညာရေးစနစ် အားနည်းလို့ပါ။

စာရေးသူ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ ၂၀၀၀ ခုနှစ်မှာ မိဘတွေပြောစကားကို ဆယ်ကျော်သက်သားသမီး ၂ယောက်က ပါးစပ်သမိုင်း အဖြစ် ကြားနေရတယ်။ အလည်လာကြတဲ့ သူငယ်ချင်းက ၁၃နှစ်အရွယ် စာရေးသူရဲ့သမီးကို မေးတယ်။ "ဦးနေဝင်းကိုသိလား" လိုမေးတော့ သမီးက - ဦးနေဝင်းဆိုတဲ့ စစ်ဗိုလ်ချုပ် လူဆိုးကြီးက သမီးတို့မြန်မာပြည်ကို ဖျက်ဆီးလို့ သမီးတို့အဖေကြီး စင်ကာပူထွက် အလုပ်လာလုပ်ရကြောင်း၊ ဦးနေဝင်း မကောင်းဘူး စသဖြင့် မိဘတွေပြောစကားအတိုင်း ဖြေပါတယ်။ ဧည့်သည် မိတ်ဆွေက ဆက်မေးတယ်။ 'ဒေါ်အောင်ဆန်းစုကြည်ကို သိလား" မေးတော့ " သိ တယ် " ဖြေတယ်။ "ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖေ ဘယ်သူလဲသိလား" မေးတော့ " ဦး နေ ဝင်း " လို့ ဖြေလိုက်တော့ အားလုံး ဝါး က နဲ ဝိုင်းရယ်လိုက်ကြတယ်။ ဆယ်ကျော်သက် သမီးငယ်စဥ်ကပါ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖခင် ဟာ လွတ်လပ်ရေးဖခင်ကြီး၊ အခု ၁ထောင်တန် နဲ့ ၅၀၀တန် ငွေစက္ကူအသစ်မှာ တွေ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်း (ဦးအောင်ဆန်း) ဆိုတာ အခုခေတ် မူလတန်းကျောင်းသားတိုင်း သိနေကြပါပြီ။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရပါမယ်။

အခု မြန်မာပြည်က လူငယ်များရဲ့ မဲပေးမှု ကပဲ ဘယ်အစိုးရ တက်လာမလဲ ဆုံးဖြတ်မှာပါ။

သမိုင်းကို အကျဥ်းရေးပြရရင်

၁၈၂၅ - ၁၉၄၈ အင်္ဂလိပ်အုပ်ချုပ်ခံရတယ်။ နှစ် ၁၂၃နှစ်ကြာတယ်။ ဒုတိယကမ္ဘာစစ် ၁၉၄၀-၁၉၄၅ ဂျပန်စစ်တပ်ကြီး သိမ်းပိုက်တာ ခံခဲ့ရသေးတယ်။

၁၉၄၈ - ၁၉၆၂ ပါလီမာန်ဒီမိုကရေစီ စနစ်နဲ့ ဦးနု ရွေးကောက်ခံ အစိုးရ အုပ်ချုပ်တယ်။ ကွန်မြူနစ် နဲ့ ကရင်၊ ကချင် လက်နက်ကိုင်တော်လှန်ရေးတွေ ရှုပ်ထွေးလာတယ်။

၁၉၆၂ - ၁၉၈၈ ဦးနေဝင်း ကာချုပ် အာဏာသိမ်းတယ်။ လက်နက်ကိုင်တော်လှန်ရေးတွေ ပိုရှုပ်အောင် လုပ်ပေးပြီး၊ တိုင်းပြည်ကယ်တင်ရှင်လို့ လိမ်ညာ အာဏာသိမ်းတယ်။ ယခင် ဝန်ကြီချုပ်ဦး ကိုယ်တိုင် ရာထူးကဖယ်မပေးပဲ သူချည်းပဲ ၁၄နှစ်လုံးလုံး အုပ်ချုပ်ချင်တဲ့ စိတ်ဓာတ်ကြောင့်ပါ။ ကာချုပ် ဖြစ်နေတဲ့ လူဆိုးကြီး ဦးနေဝင်းကိုလဲ ယုံကြည်၊ မဖယ်ရှားခဲ့ခြင်း ရဲ့ ရလာဒ်ဖြစ်ပါတယ်။

၁၉၈၈ - ၂၀၁၁
တိုင်းပြည်မွဲပြာကျ ဒေဝါလီခံရတော့ တနိုင်ငံလုံး ရှစ်လေးလုံး အုံကြွပြီး ဦနေဝင်းအစိုးရ နှုတ်ထွက်သွားတယ်။ဗိုလ်ချုပ် စောမောင် ပြီးတော့ ကာချုပ် ဦးသန်းရွှေ နဲ့ စစ်ဗိုလ်ချုပ်တွေက ပါတီစုံ ဒီမိုကရေစီ စနစ် လုပ်ပေးမယ် လို့ ပြည်သူကိုလိမ်ညာပြီး နောက်ထပ် ၂၃နှစ် ဆက်လက် အုပ်ချုပ်ပြန်တယ်။ ကာချုပ် ဦးသန်းရွှေ အသက် ၇၅နှစ် ကျော်လဲ (အသက်၆၀ အငြိမ်းစားမယူ) အုပ်ချုပ်နေချိန် တိုင်းရင်းသား အားလုံးက လက်နက်ကိုင် တော်လှန်ကြတယ်။ ကွန်မြူနစ် လက်နက်ကိုင်တွေလဲ မြောက်ပိုင်းက ဝ ရှမ်း ကချင် ကိုးကန့် ကယန်း ပလောင် တွေ၏ တော်လှန်တာခံရတော့၊ မြန်မာပြည် ကွန်မြူနစ်ပါတီ ဇတ်လမ်းသိမ်းသွားတယ်။ ဦနေဝင်း မိသားစုကို ဖမ်းဆီးထိမ်းသိမ်းထားခဲ့တဲ့ ကာချုပ်ကြီးဦးသန်းရွှေ ကိုယ်တိုင်လည်း ဒီအတိုင်းနေရင် သူ့မိသားစုလည်း ယခင်စစ်အာဏာရှင်ကြီး သူ့ဆရာ ဦးနေဝင်းမိသားစုလိုပဲ ဘဝပျက်မှာ သိသွားတယ်။ သူ့လူယုံ ဗိုလ်ချုပ်ကြီးတွေကို လူဝတ်လဲပေးပြီး ၂၀၀၈ ခြေ / ဥ တီထွင် အာဏာလွှဲသွားပါတယ်။

၂၀၁၁ - ၂၀၁၆ -  ခြေ/ဥ အရ ၂၅% တပ်မတော်သား အမတ်တွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ သမတ ဦးသိန်းစိန် ၅နှစ် အုပ်ချုပ်တယ်။ ကြိုးစားအုပ်ချုပ်ပေမဲ့ စစ်ဗိုလ်ချုပ်ကြီး ဟောင်းတွေပဲဆိုတော့ အုပ်ချုပ်ရင်း သူတို့ပဲ တိုင်းပြည်သယံဇာတ လုပ်ပိုင်ခွင့်တွေ နဲ့ အရမ်း ချမ်းသာကြွယ်ဝသွားကြတယ်။ ခရိုနီစီးပွားရေးစနစ်နဲ့ ဆင်းရဲ-ချမ်းသာ မတရားကွာခြားသွားတယ်။ အိမ်ခြံမြေစျေးတွေ မတရား စျေးတွေ အရမ်းကြီးသွားတာ ရန်ကုန် တိုက်ခန်းတစ်ခု ၂ထောင်၊ မြေတကွက် သိန်း၅ထောင် ပူစီပေါင်းလို ဖောင်းပွကုန်တယ်။ တနိုင်ငံလုံး မြေစျေး မိုးထိအောင် Sky Rocket လို ထောင်တက်သွားတယ်။

၂၀၁၆ - ၂၀၂၀ -  ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်အယ်ဒီအစိုးရ ပြည်သူအရွေးခံ တောင်ကမ်းပြို အနိုင်ရပြီး အစိုးရဖြစ်လာတယ်။ "လူများသည်စစ်အစိုးရကိုဖြိုချလိုခြင်း" ၁၉၈၈ ကစပြီး နှစ် ပေါင်း ၂၈နှစ်ကြာအောင် တစိုက်တမတ် ထောင်သွင်းအကျဥ်းချခံရသူများ စစ်အာဏာရှင် အုပ်ချုပ်ယန္တယားကြီး (နိုင်ငံတော်အာဏာ) ရရှိခဲ့တယ်။ အာဏာရတာနဲ့ စစ်အာဏာရှင် ယန္တယားက လူတွေလဝင်မပါနိုင်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ကို ဂျပန်အကူညီနဲ့ လုပ်ရင်း ငြိမ်းချမ်းရေး ကြိုးစားတယ်။ ၅နှစ်အကြာ ရန်ကုန်တိုက်ခန်းစျေးတွေ သိန်း ၂၀၀ အထိ စျေးကျသွားပေမဲ့ မြေစျေးက တံ့ နေပါတယ်။ ဒေါ်လာစျေး က ၂ဆလောက် မြင့်လာတော့ မြေစျေး ၂ဆ စျေးကျသွားသလိုပါ။

နိုဝင်ဘာ ၈ရက်နေ့ တပြည်လုံးက ဘယ်ပါတီကို မဲပေးကြမလဲ

"လူအများက စစ်အစိုးရကိုဖြိုချလိုခြင်း" ဆိုတဲ့ စိတ်ဓာတ်တွေ ဆက်လက် တောင့်ခံထားရပါမယ်။ အခု တိုင်းရင်းသားတပ်တွေ အထူးသဖြင့် ရခိုင်အရေးခင်း၊ ဘဂ်လီ ဒုက္ခသည် ပြသနာနဲ့အတူ ရခိုင် AA လက်နက်ကိုင်အရေးကြောင့် စစ်တပ်ကို အားကိုးလာတဲ့ မြန်မာ တလွှဲမျိုးချစ်ပါတီများ ပေါ်ပေါက်နေပါတယ်။ စစ်တပ်ကလည်း ဆူပူတာတွေ အကြောင်းပြပြီး စင်ပြိုင်အစိုးရလိုမျိုး တိုက်ပွဲတွေကို ချယ်လှယ်နေလို့ တိုင်းရင်းသား လက်နက်ကိုင်တွေက အခုထိ အယုံကြည်မရှိကြပါ။ စစ်တပ်ကို ဆက်လက် ထောက်ခံနေတဲ့ ပါတီများ အင်အားက ၃၅% မဲ ရရှိမှာပါ။ အင်အယ်ဒီပါတီက ၅၁% မဲရအောင် ပြည်သူလူထုကြီးက ထောက်ခံမှ ဖြစ်ပါမယ်။

စစ်အာဏာရှင်တွေကို အပြုတ်ဖြုတ်ချ တဲ့ တော်လှန်ရေး Revolution လုပ်ချင်တဲ့ ဒီမိုအုပ်စု ရှိပါတယ်။ တဖြေးဖြေး အကြမ်းမဖက်နည်း Evolution လုပ်နေတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်အယ်ဒီပါတီ ရှိပါတယ်။ စစ်အုပ်စုကတော့ တတ်နိုင်ရင် စစ်တပ်စတိုင် ဗဟိုဦးစီး၊ စစ်အာဏာရှင် လုပ်မှာပါ။ အာဏာရှင်များကို ပြည်သူလူထု အင်အားနဲ့ ဖြုတ်ချခဲ့တဲ့ အာရပ်နွေဦး ၂၀၁၀ ဖြစ်ရပ်နဲ့ ရလဒ် ကို ဝီကီစွယ်စုံကျမ်း မှ ဘာသာပြန်ထားတာ ကို ဆန်းစစ် သုံးသပ်လိုပါတယ်။

အာရပ်နွေ ဦး (အာရဗီ - الربيعالعربي)

အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ၊ အုံကြွမှုများနှင့်လက်နက်ကိုင်ပုန်ကန်မှုများသည် ၂၀၁၀ ခုနှစ်အစောပိုင်းအာရပ်ကမ္ဘာအနှံ့အပြားတွင်ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည်ဖိနှိပ်ချုပ်ချယ်သောအစိုးရများနှင့်လူနေမှုအဆင့်အတန်းကိုတုန့်ပြန်မှုစတင်ခဲ့ပြီး တူနီးရှားတွင် ဆန္ဒပြမှုများမှစတင်ခဲ့သည်။ တူနီးရှားမှဆန္ဒပြမှုများသည် အခြားနိုင်ငံငါးခုသို့ပျံ့နှံ့သွားခဲ့သည် - လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆီးရီးယားနှင့်ဘာရိန်း (အုပ်ချုပ်သူ ရာထူးမှဖယ်ရှားခြင်းခံခဲ့ရသည့်နေရာများ (Zine El Abidine Ben Ali, Muammar Gaddafi, Hosni Mubarak နှင့် Ali Abdullah Saleh) သို့မဟုတ်အဓိကအုံကြွမှုများနှင့် အဓိကရုဏ်းများ၊ ပြည်တွင်းစစ်များနှင့်သောင်းကျန်းမှုများအပါအ၀င် လူမှုရေးအကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်။ 

လက်ဘနွန်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ဆူဒန်၊  အမေရိကန်ပြည်ထောင်စု၊ မော်ရိုကို၊ အီရတ်၊ အယ်လ်ဂျီးရီးယား၊ အီရန်၊ ကူဇန်စတန်၊ ဂျီဘူတီ၊ မော်ရီတေးနီး၊ ပါလက်စတိုင်း၊ ဆော်ဒီအာရေးဗီးယားနှင့် မော်ရိုကိုနိုင်ငံမှ သိမ်းထားသော အနောက်ဆာဟာရတွင် အသေးစားဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အာရပ်ကမ္ဘာတွင် ဆန္ဒပြသူများ၏ အဓိကဆောင်ပုဒ်မှာ ash-sha'b yurīdisqāṭ an-niẓām ("လူအများက စစ်အစိုးရကိုဖြိုချလိုခြင်း") ဖြစ်သည်။

အာရပ်နွေဦး နှင့် တိုင်းပြည်အားဖြင့် အပြည့်အဝရလဒ်

တူနီးရှား - သမ္မတ Zine El Abidine ဘင်အလီကိုဖြုတ်ချ၊

အီဂျစ် - သမ္မတဟိုစနီမူဘာရက်အားဖြုတ်ချ၊ ဖမ်းဆီး၊

လစ်ဗျား - ရှစ်လကြာပြည်တွင်းစစ်ပြီးတဲ့နောက်ခေါင်းဆောင်ကဒါဖီအသတ်ခံရပြီးနိုင်ငံခြားစစ်တပ်ရဲ့ ၀ င်ရောက်စွက်ဖက်မှုနဲ့အစိုးရကဖြုတ်ချခံခဲ့ရပါတယ်။

ယီမင် - သမ္မတအလီအဗ္ဗဒူလာရှာလီဖြုတ်ချလိုက်ပြီးအာဏာကိုအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရလက်သို့အပ်လိုက်သည်။

ဆီးရီးယား - သမ္မတ Bashar al-Assad သည်အစိုးရအားလက်နက်ကိုင်ပုန်ကန်မှုနှင့်အပြည့်အဝကျယ်ပြန့်သည့်ပြည်တွင်းစစ်အတွင်းအုပ်ချုပ်မှုအားလူထုအုံကြွမှုများနှင့်ရင်ဆိုင်ခဲ့ရသည်။

ဘာရိန်း။ အာဏာပိုင်များကဆန့်ကျင်သောအစိုးရအားဆန့်ကျင်။ လူထုဆန့်ကျင်ဆန္ဒပြမှုများနှင့်ဆော်ဒီ ဦး ဆောင်သော ကြား၀င်မှု။

ကူဝိတ်၊ လက်ဘနွန်နှင့် အိုမန် - ဆန္ဒပြမှုများကိုတုန့်ပြန်သောအားဖြင့်အစိုးရအပြောင်းအလဲများကိုအကောင်အထည်ဖော်ခဲ့သည်။

မော်ရိုကို၊ ဂျော်ဒန်နှင့်ပါလက်စတိုင်း - ဆန္ဒပြမှုများကိုတုန့်ပြန်သည့်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲမှုများကိုအကောင်အထည်ဖော်ခဲ့သည်။

ဆော်ဒီအာရေးဗီးယား၊ မော်ရီတေးနီးယား၊ ဆူဒန်နှင့်အခြားအာရပ်နိုင်ငံများ - ဆန္ဒပြမှုများ။

သုံးသပ်ကြည့်ရင်

အိုင်အက်စ် ISIS လို့ခေါ်တဲ့ အစ္စလမ်နိုင်ငံတော်ကြီး ထူထောင်မဲ့ အကြမ်းဖက်အုပ်စု အရမ်းကြီးထွားလာခဲ့ပြီး မြန်မာနိုင်ငံ ရခိုင်အထိ ရိုက်ခတ်ခံနေရပါတယ်။ အာရပ်နိုင်ငံများ အာဏာရှင်တွေကို တော်လှန်ရေး နဲ့ ဖြုတ်ချတာ ရလဒ်ကတော့ အကြမ်းဖက်အုပ်စု ခေါင်းပြန်ထောင်လာခြင်းပါ။ ၁၉၉၀ ဆိုဗီယက်ရုရှား အင်ပါယာကြီးပြိုလဲခြင်း၊ ယူဂိုဆလားဗီယား ပြည်တွင်းစစ်များ ရဲ့ တော်လှန်ရေးရလဒ် ကိုကြည့်ရင် ရလဒ်မကောင်းပါ။ ခေါင်းဆောင်ကောင်းတွေ အုပ်ချုပ်တဲ့ "ချက်နိုင်ငံ" လို နိုင်ငံတွေပဲ အောင်မြင်ပါတယ်။

ကျနော်တို့ မြန်မာတွေမှာ ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည်ကို ကံကြမ္မာကောင်းစွာ ရရှိထားပါတယ်။ သူ့လူတွေမှာလဲ စင်းလုံးမချောပါ။ ဗဟိုဦးစီးစနစ်က အင်န်အယ်ဒီပါတီ လူကြီးအုပ်စုမှာ ရှိနေပေမဲ့ စစ်အာဏာရှင်များထက် အပြတ်အသတ် သာလွန်တဲ့ အင်အယ်ဒီ လူကြီးများ ဖြစ်ပါတယ်။ အားနည်းချက်က တချို့ ဒေသခံ ရွေးချယ်သူများကို ပယ်ချခြင်းပါ။ ရာနှုန်း ကြည့်ရင် နည်းပါတယ်။

စစ်အာဏာရှင်ဖက် ယိမ်းနေတဲ့ ပါတီများကို မဲပေးရင် သူတို့ တဖန် အာဏာရလာရင်တော့ ငြိမ်းချမ်းရေးနဲ့ အနာဂါတ်မြန်မာပညာရေး တိုးတက်သင့်သလောက် တိုးတက်ဖို့ ခက်သွားနိုင်ပါတယ်။ ခေါင်းဆောင်ကောင်းတွေ အများကြီး လိုနေပါတယ်။

အထူးသဖြင် လူငယ်များ ပထမဆုံးအကြိမ်မဲပေးမဲ့ (ကြွယ်ဝချမ်းသာလိုသူ လူငယ်များ) ကို ဒီစာ အပျင်းပြေ ဖြစ်စေ ဖတ်ရှု ပြီး၊ မြန်မာ့အရေး၊ မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ သိပြီးသော်လဲ ပြန်မှတ်မိအောင် ရေးရခြင်းဖြစ်ပါတယ်။

ဖတ်ရှုသူ လူငယ်၊ လူကြီးအားလုံး ကျန်းမာ လန်းဆန်းကြပါစေ။

ဇော်အောင်
31-7-2020