Breaking News

တိုးနှောင်မိုး - သမိုင်း

 

သမိုင်း

တိုးနှောင်မိုး

(မိုးမခ) သြဂုတ် ၁၆၊ ၂၀၂၀

ကျောက်တုံးမှာရေငြိတွေရှိတယ်

သူတို့ချော်မလဲခဲ့ပေမဲ့

ချော်လဲခဲ့တာတွေမမေ့ဘူး။

မင်းမျက်ရည်စိမ်းတွေမကျနဲ့

မင်းတိမ်တွေမငိုနဲ့

ငိုချင်ရင်ငါ့တိမ်ကိုယူငိုလိုက်။

ကဗျာဆရာဆိုတာပုံမှန်ဝင်ငွေမရှိသူပါ

ဒါပေမဲ့

ပုံမှန်မဟုတ်တဲ့သမိုင်းတွေရှိတယ်။

ကဗျည်မလိုပါဘူး

သူ့သွေးကချော်မဖြစ်ပေမဲ့

သူ့မျက်ရည်ကချော်စစ်စစ်။

၂၃-၆-၂၀၂၀