Breaking News

တိုးနှောင်မိုး - တိမ်ဝန်ထမ်း

Photo- CGTN

တိမ်ဝန်ထမ်း

တိုးနှောင်မိုး

(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၀


တိမ်ကိုမိုးမမိဘူးလို့ဘယ်သူပြောလဲ

ကောင်းကင်လည်းသူမရှိမှပြာရတယ်။

အနှုတ်ကိန်းတေ

အရေးပေါ်ကုသမှုတွေ

သူအပေါ်ဖိအားကတာဝန်ထက်ပိုတဲ့မိုခြိမ်းသံ

လျှပ်တစ်ပြက်မှာအငိုက်မိနိုင်ပါတယ်။

အတွေးထဲ

မိသားစုမရှိလူမရှိဘူး။

ဘယ်သူမှသူရဲဘောမဆန်ဘူး

ကပ်ထဲကူးခတ်

ပျံသန်းရင်းသေပွဲဝင်

သူဒဏ်ရာက

စေတနာ

မတျတော

ကရုဏာ

မုဒိတာ။

မသေသောဆေးသမား

အပြောမဟုတ်တဲ့အလုပ်သမားတွေ

သူတို့မရှိရင်

ကျနော်တို့အလောင်းအိမ်ထဲကအိမ်ပြင်ရောက်မှာမဟုတ်ဘူး

သူလည်းလူပဲ

သေမှာမကြောက်ပဲနေမလား

ချစ်ကြပါဗျာ။

-

#ကျန်းမာရေးဝန်ထမ်းများအတွက်