Breaking News

ကိုအောင်မှိုင်း - ပေါက်ကွဲမှု ရင်ခတ်လှိုင်း

Art - Than Htay Maung


ကိုအောင်မှိုင်း - ပေါက်ကွဲမှု ရင်ခတ်လှိုင်း

(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၀

မြက်ရိုင်းတောမှာတော့
လေပြင်းတွေ ထန်နေလေရဲ့။

တချိန်က
စွန့်ပစ်ခဲ့ရတဲ့ ရင်သွေးတွေရဲ့
အသံသာသာလေးတွေနဲ့
ချစ်ခြင်းမေတ္တာတွေအတွက်
ဓါတ်ပုံဟောင်းလေးနောက်မှာ
အဖေတယောက်တော့
တိုးတိုးတိတ်တိတ် ကြိတ်လို့ငိုနေလေရဲ့။

တချိန်က
စွန့်ပစ်ခဲ့ရတဲ့ ရင်သွေးတွေရဲ့
ကြင်နာမှုအနမ်းတွေဟာ
အမေ့ပါးပြင်မှာတော့ ဖြူစင်နေဆဲပါ
အမေအိုမင်းသည်အထိ ယူသွားမဲ့
ပရိဒေဝသောကမီးတွေနဲ့အတူ
အမှတ်တရ မျက်ရည်စတွေဘဲပေါ့။

ဗုံးကွဲသံတွေကို ပဋိသန္ဓေကစ
နားကျင့်သားရနေတဲ့ ကလေးတွေဘဝ
ကျိူးပဲ့နေတဲ့ ပြင်းတင်းပေါက်တွေကတဆင့်
မေ ျှာ်လင့်ချက်ကင်းမဲ့စွာ ငေးမောကြည့်ရင်း။

အမေလေ ကနေ့ထက်တိုင်
ငြိမ်းချမ်းရေးအတွက် အမှတ်တရဖြစ်မိပေါ့။

၂၁ စက်တင်ဘာလ ၂၀၂၀ခုနှစ်။
( United Nation Day အတွက် ကဗျာဆရာ Helle van Aardeberg ရဲ့ Explosion Affected Reflection ကို ခံစားရေးစပ်ပါသည်။)