ဇင်လင်း - ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ယဉ်ကျေးမှု အဓွန့်ရှည်ပါစေ
Photo - Myanmar NOW |
ဇင်လင်း - ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ယဉ်ကျေးမှု အဓွန့်ရှည်ပါစေ
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၀
လက်ရှိ ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ စိန်ခေါ်မှု အချို့ပေါ်ပေါက်နေသည်။ ရှေ့ဆုံး၌ရောက်ရှိနေသည့် စိန်ခေါ်မှုမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာနေခြင်း ဖြစ်သည်။ ယင်း ကပ်ရောဂါ အခြေအနေအပေါ် ထောက်ကွက်ပြု၍ နောက်ထပ်ပေါ်လာသော စိန်ခေါ်မှုမှာ နိုင်ငံရေးပါတီ ၂၄ ခု၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့မှုဖြစ်သည်။ ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေး ပါတီ၂၄ ပါတီက ရွေးကောက်ပွဲရက် သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပို့ထားသည်။ ရွေးကောက်ပွဲကို အချိန်မီမကျင်းပနိုင်လျှင် ကာလုံခေါ်၍ အရေးပေါ်အခြေအနေ ကြေညာရ မည် ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်ဟု သတင်းထွက်ပေါ် ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာနေသောကြောင့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဟု စီစဉ်ထားသော အထွေထွေရွေးကောက်ပွဲကို ပုံမှန်အတိုင်းကျင်းပလိုသည့် ပါတီများရှိသကဲ့သို့၊ နောက်ဆုတ်ကျင်းပလို သော ပါတီများလည်း ရှိနေသည်။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ပါက၊ လက်ရှိလွှတ်တော်နှင့် နောက်တက်လာမည့် လွှတ် တော် နှစ်ရပ်အကြား ဆက်စပ်ပေးနိုင်မှု အခြေအနေ ကွာဟသွားမည်ဖြစ်၍ နိုင်ငံအုပ်ချုပ်ရေးရာ စီမံဆောင်ရွက်မှုအပိုင်း၌ အခက်အခဲဖြစ်လာနိုင်ပြီး၊ ယင်းအခြေအနေမျိုးဖြစ်လာလျှင် နိုင်ငံရေးအရ ဝေဖန်ပြောဆိုသံများ ကျယ်လောင်လာနိုင် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာမျိုးညွန့်က ပြောကြားသည်ဟု ဆိုသည်။ ထို့ကြောင့် နိုင်ငံရေး အကျပ် အတည်းများ ဖြစ်ပေါ်မလာမီ ထိန်းနိုင် သိမ်းနိုင်သည့် အနေအထားမှာပင် ရွေးကောက်ပွဲ ကျင်းပသင့်သည်ဟု ဆိုသည်။ ရွေးကောက်ပွဲကို နောက်ဆုတ်လိုက်မည်ဆိုပါက ကပ်ရောဂါကြောင့် ဖြစ်ပေါ်သည့် ကျန်းမာရေးအကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်းအပြင် နိုင်ငံရေးအကျပ်အတည်းပါ ထပ်တိုးလာနိုင်၍ အခက်အခဲ ပိုမိုကြီးမားလာနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။
ရခိုင်ပြည်နယ်အခြေစိုက် DMG အွန်လိုင်းသတင်းစာ၏ အာဘော်တွင် ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်နိုင်ရေး အတွက် နိုင်ငံတော်အစိုးရ၌ အဓိကတာဝန်ရှိသကဲ့သို့၊ ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများက လည်း ရွေးကောက်ပွဲ အရွေ့အတွက် စုပေါင်းလုပ်ဆောင်ကြရန်လိုအပ်သည်ဟု တိုက်တွန်းထားသည်။ လက်ရှိ အစိုးရ အနေဖြင့် ပြည်သူလူထု အကျိုးစီးပွားကို ဦးတည်ကာ လူထုလိုအပ်ချက်များနှင့် ဒီမိုကရေစီရှင်သန်ရေးကို တာဝန်ခံနိုင်ရေး အတွက် လက်နက်ကိုင်အင်အားစု နှစ်ဘက်ကို ရွေးကောက်ပွဲမတိုင်မီ တိုက်ပွဲများခေတ္တ ရပ်ထားကြရန် ပန်ကြားသင့်သည် ဟု ဆိုသည်။ ထို့ပြင် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဘက်အကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် အစိုးရက ကြားဝင် စေ့စပ်ပေးရမည့် အချိန်ဖြစ်သည်ဟု DMG အွန်လိုင်းသတင်းစာက ဆိုသည်။
လိုရင်းမှာ ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်နေသော နိုင်ငံရေး အကျပ်အတည်းများကို အဖြေရှာရာတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် အရေးပါသည်ဟု ဆိုထားသည်။ ရခိုင်ပြည်နယ် နေရာအားလုံး၌ ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပရန် လိုအပ်သည်ဟု DMG သုံးသပ်ထားသည်။ ရခိုင်ပြည်နယ်အတွင်းမှာ ဆင်းရဲမွဲတေမှုနှင့် ရေတိုရေရှည် ဖြေရှင်းရမည့် ကိစ္စ များစွာ ရှိနေသဖြင့် ရွေးကောက်ပွဲဖြစ်မြောက်ရန် လိုအပ်သည်ဟု ဆိုသည်။ နှစ်ဘက်လက်နက်ကိုင်များအနေဖြင့်လည်း တိုက်ပွဲများ ယာယီရပ်စဲ၍ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဖြစ်မြောက်အောင်မြင်ရေးအတွက် ကူညီကြရန် မေတ္တာ ရပ်ခံထားသည်။ ရခိုင်ပြည်နယ် နေရာဒေသအချို့တွင် ရွေးကောက်ပွဲ မဖြစ်ခဲ့ပါက ရခိုင်ပြည်နယ်အတွင်း စစ်ဘောင် ပိုကျယ်လာမည်ဖြစ်၍ နိုင်ငံရေးဘောင်ကျဉ်းသွားနိုင်သည်ဟု သုံးသပ်ထားသည်။
တပ်မတော်အနေဖြင့် ရွေးကောက်ပွဲပြီးသည်အထိ ရခိုင်ပြည်နယ်ကို တစ်ဖက်သတ်အပစ်ရပ်စဲမည့် စာရင်း၌ ထည့်သွင်း ထားသင့်ပြီး၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးသင့်သည်။ နိုင်ငံတော်အစိုးရကလည်း ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းအား ပြန်လည်ရုပ်သိမ်းသင့်သည်ဟု DMG ကဆိုသည်။ သို့မှသာ တွေ့ဆုံ ညှိနှိုင်းရေးလမ်းကြောင်းဆီသို့ ဦးတည်ဆောင်ရွက်ရေး အောင်မြင်မည်ဟု ယူဆကြောင်း ဖေါ်ပြထားသည်။
ဤအတောအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲများ ရပ်စဲရန် “ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ” (KACC)က တောင်းဆိုထားကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်း၌ ဖေါ်ပြသည်။ တိုက်ပွဲများ ဖြစ်ပွားနေပါက ရွေးကောက်ပွဲ ကျင်းပရေး အခွင့်အရေးဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြာင့် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေ တိုက်ပွဲများ ရပ်စဲပေးရန် တပ်မတော်နှင့် ရခိုင် လက်နက်ကိုင် AA အဖွဲ့တို့အား KACC ၏ ညှိနှိုင်းရေးမှူး ဆလိုင်းစောမြက ပြောသည်ဟု ဆိုသည်။
လက်ရှိ ပလက်ဝမြို့နယ်တွင် တိုက်ပွဲရပ်တန့်နေသည်မှာ တစ်လနီးပါးရှိသော်လည်း စိတ်ချရသည့် အခြေအနေမဟုတ် သေး၍ တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည်ဟု ဆလိုင်းစောမြက ဆိုသည်။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်နေ့ကစ၍ ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) ကကြေညာခဲ့သည်။ သို့သော်လည်း ပလက်ဝဒေသဖက်တွင် နိုင်ငံရေးပါတီများ မဲဆွယ် စည်းရုံးရေးလုပ်ရန် ခက်ခဲနေဆဲရှိကြောင်း ဆလိုင်း စောမြက ပြောသည်။
လက်ရှိ စစ်ရေးတင်းမာဆဲ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အစိုးရအုပ်ချုပ်မှုအားနည်းသည့် ၀ဒေသဘက်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လုံခြုံရေးအားနည်းနေသေးသည်ဟု တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြောင်း ဗွီအိုအေသတင်းအရ သိရသည်။
“ရွေးကောက်ပွဲကော်မရှင်ကို ရခိုင်မြောက်ပိုင်းနဲ့ ၀တချို့နယ်မြေမှာ တော့ လုံခြံုရေးအရ စိတ်မချရဘူး ကျွန်တော်တို့ ပြော ထားတာရှိသေးတယ်။ ရွေးကောက်ပွဲကလဲ နှစ်လလိုသေးတာ အဲဒီဟာပြီးမှပဲ ကျွန်တော်တို့ နောက်ဆုံးအခြေအနေ ပြော လို့ရပါတယ်။” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် ရခိုင်လက်နက်ကိုင် AA အဖွဲ့၊ တအာင်းပလောင် TNLA အဖွဲ့၊ ကိုးကန့် တပ်ဖွဲ့(MNDAA) တို့က ကိုရိုနာကူးစက်ရောဂါ ဒုတိယလှိုင်း တားဆီးထိန်းချုပ်နိုင်ရေး နိုဝင်ဘာလ(၈) ရက် နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အထောက်ကူပြုရေးအတွက် စက်တင်ဘာလ(၁)ရက်မှ နိုဝင်ဘာလ(၉) ရက်နေ့အထိ ရက်ပေါင်း(၇၀) သတ္တမအကြိမ် တစ်ဖက်သတ်အပစ်ခတ်ရပ်စဲကြောင်းကြေညာခဲ့သည်။
ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအား တင်ပြ ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထိုက်က ပြောသည်။ ချင်းပြည်နယ်အတွင်း၌ ဝင်ရောက် ယှဉ် ပြိုင်မည့် နိုင်ငံရေးပါတီပေါင်း ၁၂ ခုရှိသည်။ ၎င်းတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ(USDP)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်(ZCD)၊ ဇိုတိုင်းရင်းသား ဒေသ ဖွ့ံဖြိုးရေးပါတီ (ZNRDP)၊ ခူမီး(ခမီး) အမျိုးသားပါတီ (KNP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ တိုင်းရင်းသားလူမျိုးစုများ ဖွ့ံဖြိုးရေးပါတီ (ENDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နဲ့ ပြည်သူ့ပါတီ (PP) စသည်တို့ ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်ပေါင်းအတွက် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၈၈၉ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာများအား ပြောကြားထားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ် ပြန်ထားသော စာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) တို့ သည် ရွေးကောက်ခံကိုယ်စားလှယ်လောင်း အများဆုံးပါ၀င်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ခံ ကိုယ်စားလှယ် ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင် မည်ဟု ကြေညာထားသည်။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကလည်း ရွေးကောက်ခံကိုယ်စားလှယ် ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာထားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)က ၂၀၂၀ ရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းများအရ သိရသည်။
မြန်မာပြည်၌ ဆယ်စုနှစ်ခုနစ်ခုကျော် ကြာနေပြီဖြစ်သည့် ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲရန် အရေးကြီးသည်။ နိုင်ငံရေး ပဋိပက္ခများကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း ကသာ ရလဒ်ကောင်း ထွက်နိုင်မည်ဖြစ်သည်။ စစ်ရေး နည်းဖြင့် နိုင်ငံရေးအဖြေရှာနေသမျှ နိုင်ငံကို ဆင်းရဲမွဲတေမှု ချောက်ကမ်းပါထဲ တွန်းချနေသကဲ့သို့ ဖြစ်မည်။ ပြည်တွင်းစစ် ကို ဖက်တွယ်ထားခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံ (LDC) စာရင်းဝင်ခဲ့ရသည်။ ပြည်တွင်းစစ် ၀င်္ကဘာ၌ လမ်း ပျောက်နေခဲ့သဖြင့် ဒီမိုကရေစီစံနှုန်းများ ထိခိုက်ပျက်စီးရသောကြောင့် ကမ္ဘာ့အလယ်၌ မျက်နှာငယ်ခဲ့ရသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်မှ ပလက်ဝဒေသ၊ ၀တိုင်းရင်းသားဒေသစသည်တို့ အပါ၀င် မြန်မာပြည်အနှန့် တွင် ရွေးကောက်ပွဲများ မဖြစ် ဖြစ်အောင် ဖေါ်ဆောင်ကျင်းပပေးရန် လိုအပ်လျှက်ရှိသည်။ မြန်မာပြည် ဖြတ်သန်းခဲ့ရသော နိုင်ငံရေးလက်တွေ့ခရီးအတွေ့အကြုံအရ ဒီမိုကရေစီ အခြေပြု ရွေးကောက်ပွဲများ မကျင်းပနိုင်လျှင် စစ်ဘောင်ကျယ်ပြန့် လာမည်ဖြစ်ပြီး၊ အာဏာရှင်စနစ် ခေါင်းပြန်ထောင်လာနိုင်သည်ကို နိုင်ငံသားတိုင်း ထူးသတိပြုကြရမည်ဖြစ်သည်။
စစ်ရေးပဋိပက္ခများကို အဆုံးမသတ်နိုင်ပါက စစ်စရိတ်ထောင်းခြင်းကြောင့် နိုင်ငံ၏ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တကွ ကုန်ထုတ်လုပ်ရေးပါမကျန် ဘက်စုံ ကျဆင်းရလိမ့်မည်။ သို့ဖြစ်လာလျှင် ပြည်သူလူထု ဆင်းရဲဒုက္ခကြီးစွာ ရောက် ကြရပေမည်။ အကျိုးဆက်အဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်၍ နိုင်ငံတကာ၏ ပြစ်တင် ရှုံ့ချမှု များကို ရင်ဆိုင်ရလိမ့်မည်။ ရခိုင်ပြည်နယ် ပဋိပက္ခများအပါအဝင် တိုင်းရင်းသားများနှင့် ထိပ်တိုက်ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခမှန်သမျှကို မာန်မာနများနှင့် အာဃာတများ ခဝါချ၍ တွေ့ဆုံဆွေးနွေး အဖြေရှာကြရေးထက် ကောင်းသော နည်းလမ်း မရှိပေ။ လက်ငင်းမြန်မာနိုင်ငံ ကြိုးပမ်းနေသော ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် ရွေးကောက်ပွဲ နည်းကို အောင်မြင်စွာ ကျင့်သုံးရန်လိုအပ်သကဲ့သို့၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာ၌လည်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်း(Dialogue Method) ကို လက်မလွှတ်တမ်း ဆုပ်ကိုင်ကျင့်သုံးသင့်ပေသည်။
အနှစ်ချုပ်ရလျှင် နိုင်ငံရေးပြဿနာများကို လက်နက်ကိုင်လမ်းစဉ်ဖြင့် အဖြေရှာသည့် လွဲမှားသော ဓလေ့ကို စွန့်ပယ်ကြ၍၊ အမျိုးသားရင်ကြားစေ့ရေး စားပွဲဝိုင်းများ၌ ဆွေးနွေးညှိနှိုင်းသည့် နိုင်ငံရေးယဉ်ကျေးမှု ဓလေ့ဖြင့် တန်းတူရေး၊ တရားမျှတ ရေးနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးတို့ကို ကြိုးပမ်းရယူကြချိန် တန်ပြီဟု ဆိုချင်သည်။ အကြမ်းဖက် အဖြေရှာသည့် နည်းလမ်းများကို ပစ်ပယ်ကြပြီးနောက် အများဆန္ဒအခြေပြုသော ရွေးကောက်ပွဲကျင့်စဉ် ယဉ်ကျေးမှုကို အရှည်တည်တန့် အောင် ၀ိုင်းဝန်းပြုစုပျိုးထောင်ကြရမည့် အချိန်တန်ပြီဟုလည်း သုံးသပ်မိသည်။ ထို့ကြောင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ယဉ်ကျေးမှု အဓွန့်ရှည်ပါစေဟု လေးလေးနက်နက် ဆန္ဒပြုအပ်ပါသည်။။။။