Breaking News

ဇော်လူစိမ်း - ဦး နှောက် ဆေး ကြော ခြင်း

ဦး နှောက် ဆေး ကြော ခြင်း

ဇော်လူစိမ်း

(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၀

အမြဲအကြောင်းပြချက်ရှိနေတာက ပိုက်ဆံ

ဘယ်ချစ်ခြင်းကမှ ငွေကြေးလောက် အကြောင်းပြချက်မရှိ

ဘဏ်ဟာ ငွေမည်းတွေနဲ့ အိပ်ရာခင်းထားတာ

ငွေမည်းဟာ သင်းပျံ့တဲ့လိင်နံ့နဲ့ သစ်လွင်နေတယ်

စက္ကူသက်သက်ပဲ ခံစားမှုသက်သက်ပဲရယ်လို့ နှလုံးသားကို မဖြဲဆုတ်ရဲဘူး

မျက်နှာဖုံးမှာလည်း ကမ္ဘာကြီးရဲ့ဇာတ်လိုက်တွေရှိတယ်

ချစ်ခြင်းမေတ္တာနဲ့ ကျည်ဆံကို ဆတူရွေးချယ်ရတဲ့ ဇာတ်လိုက်တွေမှ ပြည့်လို့

ရှင်ကျန်တဲ့သူဟာ ငွေစက္ကူတွေပျော်ဝင်နေတဲ့ လတ်ဆတ်တဲ့လေကို ရှူနေရတယ်။