Breaking News

ကျော်ဟုန်း - 'လောက်' နိုင်ငံတော်မှာ


 'လောက်' နိုင်ငံတော်မှာ

ကျော်ဟုန်း

(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၀


သေရင်

ဘာမှ ပါမသွား

ဒါတောင်မှ

မသိကြသူတွေပေါ့။


ရှင်စဉ်

ဘာမှ မတိုးပွား

ဘာကိုမှ

မထွင်တတ်သူတွေပေါ့။


မစင်ပုံထဲ

ထက် အောက် လှန်

အပြန် အလှန် ထိုး

ဒီလိုနဲ့ အချိန်ကုန်။


လောက်စွာ တချို့က

ငါ့ လောက်နိုင်ငံတော်

ငါ ကာကွယ်နေတာတဲ့။


မစင်ပုံ တပုံထဲမှာ

လောက်အချင်းချင်း

မစင်ဖဲ့ယူ စစ်ခင်းကြ။


မစင်ပုံ

မခြောက်ခန်းသရွေ့

လောက်ထိုး နိုင်ငံတော်ဟာ

အပုပ်နံ့ ဟောင်နေလေရဲ့။

၂၀၂၀၁၀၀၆