Breaking News

ဘုန်းနိုင်လင်း - ပိုးလမ်းမကြီးပေါ်မှာ (၃)

ပိုးလမ်းမကြီးပေါ်မှာ (၃)

ဘုန်းနိုင်လင်း 

(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၀


ဆိပ်ဖလူးပန်းတွေရဲ့မွှေးရနံ့အလွန်မှာ

နောက်ဆုံးတိုက်ပွဲ အောင်မြင်ပါ့မလား။

ကျေးလက်က

အမေ့အတွက် တော့

သားဟာဆေးတစ်လက်ပေါ့တဲ့။

သားလည်းပြန်မရောက်နိုင်

သောက်နေကြဆေးတွေလည်းမရောက်နိုင်

ဆေးတစ်လက် သားတစ်ဘက်အလွမ်းနဲ့

အမေနဲ့ အမေ့ကျေးလက်

ကျန်းမာခြင်းနဲ့ နေဝင်နေထွက် သာပါစေ

စပါးကောက်နှံဝင်းပါစေ။


9Oct2020

2:47AM