Breaking News

ဆောင်းယွန်းလ - "ဗိုလ်ဖြစ်ချင်တဲ့ကောင်"

than htay maung's art


ဆောင်းယွန်းလ - "ဗိုလ်ဖြစ်ချင်တဲ့ကောင်"

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၀

လွယ်သလား ခက်သလား ရာမ
ဗိုလ်ဖြစ်ချစ်တဲ့ကောင်ဆိုတာ
ပစ္စတိုကို ဟောသလို ခါးကြားထိုးတတ်ရတယ်

သေနတ်ဆိုတာ ပစ်တတ်စရာမလိုပါဘူး
ခါးကြားထိုးတတ်ဖို့ဘဲလိုတာပါကွာ

ပါးစပ်ဆိုတာလည်း
တာဝန်ယူ တာဝန်ခံတတ်စရာ မလိုပါဘူး
ပြောတတ်ဟောတတ်ဖို့ဘဲ လိုတာပါကွာ

တောဆိုတာလည်း ခြုံတိုးတတ်ဖို့ မလိုပါဘူး
ခဏတဖြုတ် ထင်းခွေရေခပ်
အမေ့အိမ်က ပိုက်ဆံပြန်တောင်း
ခရောင်းတစ်ဖွာပြီး ခြင်အကိုက်သက်သာဖို့ဘဲ လိုတာပါကွာ

လွယ်သလား ခက်သလား ရာမ
ဗိုလ်ဖြစ်ချင်တဲ့ကောင်ဆိုတာ
ငါပြောသလိုလုပ်ပြီး
ငါလုပ်သလို မလုပ်ဖို့ဘဲလိုတာပါကွာ

လွယ်သလားခက်သလား ရာမ
ဗိုလ်ဖြစ်ချင်တဲ့ကောင်ဆိုတာ ... ...

ဆောင်းယွန်းလ