Breaking News

လင်းနွေးအိမ် - ဆေးမတွေ့သေးတဲ့ပြည်တွင်းစစ်


Southeast Asia News

ဆေးမတွေ့သေးတဲ့ပြည်တွင်းစစ်

လင်းနွေးအိမ်

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၀


ကိုရိုနာဗိုင်းရပ်စ်ကိုနိုင်မယ့်ဆေးသာတွေ့မယ်

ကျုပ်တို့ပြည်တွင်းစစ်ကဆေးတွေ့ပါဦးမလား

တနေ့တနေ့ရင်တမမနဲ့

ဗိုင်းရပ်စ်ထိတဲ့သူတွေ တိုးနေသလို

စစ်ပြေးဒုက္ခသည်တွေတိုးနေတယ်

တနေ့တနေ့သက်ပြင်းမောတွေနဲ့

ထမင်းကျွေးပါ ရေပေးပါ

ဆာလောင်သူတွေတိုးနေတယ်။

ဘုရားပေါင်းလဲစုံပြီ 

နေ့နံပေါင်းလဲစုံပြီ

ဆုတောင်းနေကြတာ

ကမ္ဘာဆေးမိုးကြီးသာရွာလိုက်ပါတော့

လူအသစ်စက်စက်တွေနဲ့ 

ဘုရားအသစ်စက်စက်သာဖူးမျှော်ချင်တော့တာ။ 


နိုဝင်ဘာလ ၁၇ ရက် ၂၀၂၀