မြတ်စံ - နိုဝင်ဘာလ မိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၀
နိုဝင်ဘာလဆန်းထဲရောက်နေပေမဲ့ မိုးက တချက်တချက်ရွာသွန်းနေဆဲ။အောက်တိုဘာလကုန်ကတည်းက ရွာနေတဲ့မိုးဟာ ဒီကနေ့မနက်အထိ ရွာလို့ကောင်းနေခဲ့တယ်။ ကျနော့်အနေနဲ့ ဒီနှစ် နှစ်ဆန်းပိုင်းမှာပြန်ဖြစ်လာခဲ့တဲ့ရောဂါဟာ…မနေ့ကညနေပိုင်း ခါးကြောရိုးဆစ်နဲ့ခြေထောက်နှစ်ဖက်စလုံး နာကျင်နေတဲ့ " Chroni Deformity Lumber Spondylosic " ဒဏ်ကြောင့် Physiologist နဲ့ပြဖို့ ဆေးရုံကိုသွားနေတုန်းကလည်း မိုးကရွာကောင်းနေခဲ့တယ်။ ညဦးပိုင်းမှာ အထူးကုသမားတော်ကြီးဖြစ်သူ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကိုသောက်ပြီး စောစီးစွာအိပ်ယာဝင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တယ်။ ထူးထူးခြားခြား မနက်လေးနာရီခွဲလောက်မှာ အိပ်ယာကပြန်နိုးနေချိန်မှာ အပြင်ဖက်မှာ မိုးလေးကဖွဲဖွဲ ဖွဲဖွဲနဲ့ ရွာကောင်းနေဆဲ…
အိပ်ယာထဲမှာ အသာပြန်မှိန်းနေရင်း လွန်ခဲ့သော ၁၁ နှစ်ကာလ မြစ်ကြီးနားအကျဉ်းထောင်ထဲမှာရှိနေခဲ့တဲ့ပုံရိပ်များနဲ့အတူ အဖေ့ကိုလွမ်းဆွတ်သတိရမိစိတ်များဖြစ်ပေါ်လာခဲ့တယ်။ အဲ့ဒီနေ့ ၂၀ဝ၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မနက်ကလည်း မိုးဖွဲဖွဲလေးရွာနေခဲ့တာကို မှတ်မိနေခဲ့သေးတယ်။ ၂၀ဝ၈ ခုနှစ် စက်တင်ဘာလကုန်ခါနီးမှာ သက်ဆိုင်ရာတရားရုံးက ပုဒ်မ ၅၀၅/က။ခ နဲ့ ထောင်ဒဏ်အမိန့်ချမှတ်ပြီး နိုဝင်ဘာလအင်းစိန်ထောင်မှမပြောင်းရွှေ့ခင်နောက်ဆုံးတွေ့ဆုံခဲ့ရတဲ့ ဧည့်တွေ( ထောင်ဝင်စာ )ဟာ အဖေနဲ့နောက်ဆုံးတွေ့ဖြစ်ခဲ့သောတွေ့ဆုံမှုဆိုတာ ကြိုတင်မတွေးမိခဲ့ချေ။

မြစ်ကြီးနားထောင်ရောက်ပြီး ခါတိုင်းနှစ်ကာလများလို အိမ်မှမိသားစုအနေဖြင့် ထောင်ဝင်စာ( ဧည့်တွေ့) တွေ့ဖို့ဆိုတာ ခရီးအကွာအဝေးနဲ့ ခရီးစရိတ်အကုန်အကျများမှု။ အသက်အရွယ်ကြီးရင့်လာသော မိဘများရဲ့အခြေအနေကြောင့် လိုက်လာဖို့ဆိုတာမဖြစ်နိုင်ခဲ့။ လိုက်မလာဖို့လည်း မှာကြားထားခဲ့။ အကျဉ်းထောင်သို့ ငွေလွှဲ Money Order ဖြင့်ပို့ပေးပြီး အကျဉ်းထောင်သို့မှတ်ပုံတင်ချောစာဖြင့် အပြန်အလှန်ပေးပို့သောစာများဖြင့်သာ အဆက်အသွယ်မပြတ်ရှိနေခဲ့ရတယ်။ တခါတရံ ရန်ကုန်မှလူကြုံလာသော မိသားစုများမှတဆင့် စားသောက်စရာ အဝတ်အစားအချို့ကို လူကြုံပေးပြီး အဆက်အသွယ်လုပ်ဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ ၂၀ဝ၉ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ အဖေ့ရဲ့ကျန်းမာရေး အနည်းငယ်ချို့ယွင်းလာတယ်လို့ အမေနဲ့ညီမလေးတို့ ရေးပို့လိုက်တဲ့စာတွေထဲမှာဖတ်ရှုသိခဲ့ရသလို အတူနေထိုင်ရတဲ့ ကိုသူရ UThura Zarganar ကိုဇာဂနာတို့မိသားစုထံမှ သိခဲ့ရတယ်။
နောက်ဆုံး ၂၀ဝ၉ ခုနှစ်နိုဝင်ဘာလ ၉ ရက်နေ့မနက်မှာ သက်ဆိုင်ရာထောင်ပိုင်နဲ့ နယ်မြေထောက်လှမ်းရေးတို့ ကျနော်နေထိုင်ရာ သီးသန့် တိုက်ခန်းရှေ့ရောက်ရှိလာပြီး မနေ့ညက ( ၂၀ဝ၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့)မှာ ကျနော့်ဖခင်ဖြစ်သူဟာ ရန်ကုန်ဆေးရုံးကြီး၌ ကွယ်လွန်ဆုံးပါးသွားကြောင်း လာရောက်အသိပေးခဲ့တယ်။ ကိုယ်ရဲ့နိုင်ငံရေးယုံကြည်ချက်နဲ့ နိုင်ငံရေးအံတုရင်ဆိုင်မှုတခုကို ကျော်ဖြတ်နေချိန်မှာ ဒီလိုဖြစ်ရပ်မျိုးတွေ ကြုံတွေ့ရင်ဆိုင်ခဲ့ရတာဟာ ကိုယ်နဲ့ ကိုယ့်ဘဝတူမိသားစု မြောက်များစွာ ကြုံတွေခဲ့ရတာကို သိရှိခဲ့ပြီးသားပါ။ အလားတူဖြစ်ရပ်များ မြောက်များစွာရှိခဲ့ပါတယ်။ တချိန်ချိန်မှာ ကိုယ်လည်းကြုံတွေ့ရမယ်ဆိုတာ မျှော်လင့်ပြီးသားဖြစ်တဲ့အတွက် ရင်ဆိုင်နိုင်ဖို့အမြဲအသင့်ပြင်ဆင်ထားခဲ့တယ်။ တကယ်လည်း ကိုယ်တိုင်ကြုံလာရတော့ အရာရာအားလုံးကို ကျော်ဖြတ်နိုင်အောင်ကြိုးစားခဲ့ရပါတယ်။
ကျနော်တို့မိသားစုဘဝထဲမှ အဖေထွက်ခွာသွားခဲ့ရတာ ၁၁ နှစ်ပြည့်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၁၁ နှစ် ကာလတုန်းက အဖေကွယ်လွန်စဉ်အချိန်တုန်းက မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ကို " အထွေထွေရွေးကောက်ပွဲနေ့ရက်" အဖြစ်မသတ်မှတ်ခဲ့သေးပါ။ အဲ့ဒီအချိန်မတိုင်ခင်တုန်းက အဖေကိုယ်တိုင် အမြဲမျှော်လင့်ခဲ့တဲ့အချိန်ကာလလေးတစ်ခုရှိခဲ့တယ်။ အသက်အရွယ်အားဖြင့် ၇၀ ကျော် ၈၀ ဝန်းကျင်သို့ရောက်ရှိနေပြီဖြစ်တဲ့ အဖေ့အနေနဲ့ သူတို့ငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ ပါလီမာန်ဒီမိုကရေစီခေတ် ဆယ်နှစ်ဝန်းကျင် နိုင်ငံရေးရပ်ဝန်းကိုသိမှီခဲ့ရတော့ သူ့အနေနဲ့ သူမသေခင် " ဒီမိုကရေစီရပ်ဝန်းကဖြတ်တိုက်လာတဲ့ လေနုအေးလေးကို အားရပါးရ ရှုရှိုက် ချင်လိုက်တာ " လို့ ညီးတွားပြောခဲ့တာကို သတိရမိတယ်။ ဒါပေမဲ့ အဖေကွယ်လွန်ချိန်မှာ အဲ့ဒီရပ်ဝန်းမျိုးနဲ့အခင်းအကျင်းလေးကဖြစ်မလာခဲ့ပေ…
၂၀၁၀ ခုနှစ်လယ်ပိုင်းမှာ မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာကာ ၂၀၁၀ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပထမဆုံးအကြိမ် စတင်ကျင်းပပေါ်ပေါက်လာတဲ့ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး အရပ်သားအသွင်ပြောင်းအစိုးရတစ်ရပ်ပေါ်ပေါက်ခဲ့တယ်။ သိပ်မကြာခင်ရက်ပိုင်းလောက်မှာ နေအိမ်မှာ အကျဉ်းချထိန်းသိမ်းထားတဲ့ အန်တီစု( ဒေါ်အောင်ဆန်းစုကြည် ) ကိုပြန်လွှတ်ပေးလိုက်ပြီး ပါတီစုံဒီမိုကရေစီစံနစ်အောက်မှာရှိတဲ့ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ပြန်လည်လှုပ်ရှား ဆောင်ရွက်ခွင့်ပေးခဲ့တယ်။ ၂၀၁၂ ခုနှစ် မေလမှာ လစ်လပ်နေတဲ့မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ထပ်မံပြုလုပ်ပေးပြီး အန်တီစုအပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်အချို့ နေရာရယူကာ လွှတ်တော်တွင်း နိုင်ငံရေးရပ်ဝန်းမှတဆင့် ၂၀၁၅ နိုဝင်ဘာလမှာကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်တွေရရှိခဲ့တယ်။၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ NLD မှအနိုင်ရရှိပြီး ပြည်သူ့ကိုယ်တိုင်ရွေးချယ်တင်မြောက်နိုင်တဲ့ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွန်းနိုင်ခဲ့တယ်။ ဒီလိုဖြစ်ပေါ်လာဖို့ ကျနော်တို့မျိုးဆက်အနေနဲ့ ကျရာနေရာ နိုင်ငံရေးဇာတ်ရုပ်မျိုးစုံမှ အားတက်သရော ဝိုင်းဝန်းအားပေးကူညီပံ့ပိုးပေးခဲ့ကြတယ်။
ယခုနှစ် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲဟာ နှစ်ဆန်းကာလကတည်းက ကမ္ဘာ့ကပ်ရောဂါအဖြစ်ရှိနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အခက်အခဲအမျိုးမျိုးရှိနေခဲ့ပေမဲ့ မဲဆန္ဒရှင်ပြည်သူတွေဟာ သူတို့တာဝန် သူတို့အခန်းကဏ္ဍကို မမေ့မလျှော့ဆောင်ရွက်သွားတာကိုမြင်မိတော့ အသွင်သဏ္ဍာန်အရ အဖေမျှော်လင့်ခဲ့တဲ့ လေနုအေးလေးဟာ ဒီမိုကရေစီရပ်ဝန်းကဖြတ်တိုက်လာတဲ့ လေနုအေးလေးမဖြစ်သေးပေမဲ့လည်း ကျနော့်ရဲ့သမီးငယ်…အဖေ့မြေးမလေး ဖူးဖူးလေး တို့မျိုးဆက်ခေတ်ရောက်ရှိချိန်မှာ အနှစ်သာရအရပြည့်ဝတဲ့ အချိန်ကာလတစ်ခုဖြစ်လာမယ်လို့ ယုံကြည်မျှော်လင့်မိရင်း…နိုင်ငံသားပြည်သူတစ်ယောက်အနေနဲ့ နိုင်ငံ့တာဝန်ကိုကျေပွန်သလို နိုင်ငံတာဝန်ကိုအပြည့်အဝဦးလည်း မသုန်ထမ်းဆောင်နိုင်မယ့် ရွေးချယ်ခံကိုယ်စားလှယ်များပေါ်ထွက်လာဖို့ ယုံကြည်မျှော်လင့်နေမိတယ်။ အခုအချိန်ကာလမျိုးမှာ မဖြစ်ခဲ့သေးရင် နောင်ကာလအချိန်များမှာ မျိုးဆက်သစ်များရဲ့အနာဂတ်ကိုမျှော်လင့်နေမိတယ်…
နိုဝင်ဘာလ မိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်ခြင်းနဲ့အတူ ကောင်းရာဘုံဘဝမှာ ရှိနေမယ်လို့မျှော်လင့်မိရင်း ရိုသေစွာရှီခိုးဦးချကန်တော့လိုက်ပါတယ်… အမေနဲ့တကွ အဖေ့ရဲ့သားသမီးများအားလုံးဖြစ်ကြတဲ့ ကျနော်တို့ ညီအကိုမောင်နှမတွေဟာ အဖေ့ကိုရည်စူးပြီး ပြုခဲ့သမျှကုသိုလ်အဖို့ အစုစုကို အဖေ့အတွက်အမျှအတမ်းပေးဝေလိုက်ပါတယ်။ရောက်ရာအရပ်မှ အဖေ သာဓု ခေါ်ဆိုနိုင်ပါစေ အဖေ…
*** စာကြွင်း-(ဒီနေ့ဟာလည်း တိုက်ဆိုင်စွာပင် အဖေကွယ်လွန်ခဲ့တဲ တနင်္ဂနွေနေ့ရက်တရက်ဖြစ်ပြီး အဖေမျှော်လင့်ခဲ့တဲ့ ဒီမိုကရေစီရပ်ဝန်းတခုဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲကျင်းပတဲ့နေရက်လေးဖြစ်နေခဲ့ပါတယ်။ လေနုအေးလေးဖြတ်သန်းတိုက်ခတ်လာမယ့်နေ့ရက်တွေကို ယုံကြည်စွာမျှော်လင့်နေမိပါတယ်။)
အစဉ်အမြဲမေတ္တာများဖြင့်
အဖေရဲ့သားလတ်
မြတ်စံ
8/11/2020 ( 5:30 pm )

(ဓာတ်ပုံ - 2005 ခုနှစ် ဒီဇင်ဘာလ လကုန်ပိုင်းမှာ တောင်ငူအကျဉ်းထောင်မှ ဒုတိယအကြိမ်မြောက်ပြန်လည်လွတ်မြောက်လာပြီး နေအိမ်မှာပြုလုပ်တဲ့မိသားစုတွေ့ဆုံပွဲလေးမှာ သားသမီးမြေးမြစ်စုံလင်စွာဖြင့် ပျော်ရွှင်နေတဲ့အဖေ…)