Breaking News

ကိုသန်းလွင် - ဦးနှောက်သည် တွေးခေါ်ရန်သက်သက်မဟုတ်



ကိုသန်းလွင် - ဦးနှောက်သည် တွေးခေါ်ရန်သက်သက်မဟုတ်

(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၀

(၁)
လွန်ခဲ့သော သန်း ၅၀ဝ ခန့်က ကမ္ဘာကြီးကို ဦးနှောက်မရှိသော သတ္တဝါများက စိုးမိုးခဲ့ပါသည်။ ထိုစဉ်က သေးငယ်သော ပင်လယ်သတ္တဝါလေးတစ်ကောင်သည် သမိုင်းစဉ်ကိုပြောင်းလဲခဲ့ပါသည်။ သူသည် ပထမဦးစွာ ပြိုင် ဘက်ကို နိမ်နှင်းနိုင်ခဲ့သူဖြစ်ပါသည်။ သူ၏အနားမှာ သူ့ပြိုင်ဘက်တစ်ဦးနီးကပ်လာသည်ကို သိရှိလိုက်ပြီး မကြာ မှီသူ့အနားမှ ပြိုင်ဘက်ကို စားလိုက်နိုင်ပါသည်။
 
ဤသည်မှာ အီဗော်လူးရှင်း၏ အစပြိုင်ဘက်ကို နှိမ်နှင်းနိုင်လိုက်ခြင်းဖြစ်ပါသည်။ နောင်လာမည့် သန်း ပေါင်းများစွာတွင် နိုင်သူရောရှုံးသူတို့ပါ သူတို့ခန္ဓာကိုယ်သည် ပြောင်းလဲခဲ့ကြပြီး ပိုမို၍ရှုပ်ထွေးသော ခန္ဓာကိုယ် ကိုပိုင်ဆိုင်ခဲ့ကြပါသည်။ ကိုယ်ခန္ဓာပြောင်းလဲလာသလို ကိုယ်ခန္ဓာကိုထိန်းချုပ်ရန် အမိန့်ပေးသည့်ယူနစ်ကို ဖွံ့ဖြိုး စေခဲ့ပါသည်။ ထိုထိန်းချုပ်ပေးသောယူနစ်မှာ ကျွန်တော်တို့၏ ဦးနှောက်များဖြစ်ပါသည်။

(၂)
ထိုကဲ့သို့ ဦးနှောက်ဖွံ့ဖြိုးလာပုံကို ဖော်ပြရာ၌ အရေးကြီးသောအကြောင်းအရာများစွာတို့ကို မဖော်ပြဘဲချန် လှပ်ထားခဲ့ကြပါသည်။ ဦးနှောက်၏အရေးကြီးသောအလုပ်မှာ တွေးခေါ်မျှော်မြင်တတ်ရန် (Thinking) မဟုတ်ပါ။ ၄င်းသည် ကိုယ်ခန္ဓာကြီးစနစ်တကျအလုပ်လုပ်ရန်အတွက်နှင့် အသက်ရှင်နေနိုင်ရန်၊ ကျန်းမာစွာနေနိုင်ရန်လိုအပ်သည်တို့ကို အကုန်လုပ်ပေးပါသည်။ တဖြည်းဖြည်းနှင့် နျူရိုဆရာဝန်တို့ သိလာကြသည်မှာ ဦးနှောက်သည် တွေးခေါ်မြော်မြင်နေချိန်တွင် သင်သိရှိသည်ထက်ပိုမို၍ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေခဲ့ပါသည်။

ယခုအချိန်ကဲ့သို့ ဒုက္ခပင်လယ်ဝေချိန်၊ သောကဖိစီးနေချိန်တွင် သင်၏စိတ်အလုပ်လုပ်ပုံကို သိခြင်းအားဖြင့် သင်၏ဒုက္ခနှင့် စိတ်ဖိစီးမှုတို့ကို လျော့နည်းစေပါလိမ့်မည်။ ဦးနှောက်၏ သင့်ကို အသိမပေးဘဲ အလုပ်လုပ်နေပုံမှာ အံ့သြစရာများနှင် ပြည့်နေပါသည်။ အချိန်တိုင်းလိုလို သင့်ဦးနှောက်က သင့်လိုအပ်ချက်များကို စောင့်ကြည့်နေရပြီး ထိုလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါသည်။ ဥပမာအားဖြင့် မနက်မိုးလင်း၍ အိပ်ယာမှထချိန်တွင် သင့်ကိုယ်ခန္ဓာ၏လိုအပ်ချက်များရှိပါသည်။ သင်နေ့စဉ်အလုပ်လုပ်နိုင်ရန်အတွက် သင့်သွေးတွင်လိုအပ်သော ဟိုမုန်း(Cotisol) များကို ဖြည့်ပေးရပါသည် ။ သို့မှသာ လိုအပ်သည့် ဂလူးကို့စ်ကိုအဆင်သင့်ဖြစ် စေပါသည်။

သင့်ခန္ဓာကိုယ်မှလိုအပ်သမျှ ဘတ်ဂျက်စာရင်း ရှိပါသည်။ ဘဏ္ဍာရေးဆိုင်ရာဘတ်ဂျက်မှာ လူတို့၏သုံးငွေ နှင့်ဝင်ငွေကို ညီမျှမှုရှိစေရန် ထိန်းသိမ်းပေးပါသည်။ သင့်ကိုယ်ခန္ဓာဘတ်ဂျက်၏စောင့်ကြည့်ရမည့် အရာများမှာ ရေ၊ ဆား၊ ဂလူးကို့စ် စသည်တို့ဖြစ်ပါသည်။ မည်မျှသုံး၍ မည်မျှ ပိုသည် လိုသည်စသည်တို့ကို စောင့်ကြည့်ရပါ သည်။ လူတို့၏အပြုအမှုမှန်သမျှ ဥပမာအားဖြင့် မတ်တပ်ရပ်ခြင်း၊ ပြေးခြင်း၊ ထိုင်ခြင်း၊ ရေကူးခြင်းတို့အတွက် ကိုယ်ခန္ဓာကြီးက အသုံးချရမည့် စွမ်းအင်လိုအပ်ပါသည်။ လိုအပ်သည်များကို ကိုယ်ခန္ဓာ၏အကောင့်မှ ဆွဲယူအ သုံးပြုရပါသည်။ ကုန်သွားသည်များကို ဖြည့်ဆည်းပေးခြင်း (Deposit) လုပ်ရပါသည်။ အိပ်ခြင်း၊ စားခြင်း၊ အနား ယူခြင်းတို့သည် ထိုလိုအပ်ချက်အတွက် ဖြည့်ဆည်းပေးခြင်းဖြစ်ပါသည်။

ထိုသို့ကိုယ်ခန္ဓာလိုအပ်သမျှ ဆွဲယူသုံးစွဲခြင်းကို (Allostasis) ဟုခေါ်ပါသည်။ ဆိုလိုသည်မှာ ခန္ဓာကိုယ်၏ အသုံးပြုရမည့်စွမ်းအင်တို့ကို သိရခြင်း၊ ပြင်ဆင်ခြင်းတို့ကို ခေါ်ပါသည်။

သင်သည်ရေဆာသဖြင့် ရေတစ်ခွက်ကို သောက်လိုက်သည်ဆိုပါစို့။ ရေသည်သွေးကြောများသို့ဖြာ၍ ရောက်ရှိရန်မိနစ် ၂၀ မျှ အချိန်ယူရပါသည်။ သို့သော် သင်ရေငတ်ပြေသွားခြင်းမှာ စက္ကန့်ပိုင်းမျှသာ ကြာပါသည်။ သင်၏ရေဆာခြင်းကို မည်သည့်အရာက သက်သာအောင်ပြုလုပ်ပေးပါသနည်း။ သင်ဦးနှောက်ဖြစ်ပါသည်။ သင် ၏ရေလိုအပ်ချက်ကို ယခင်လွန်ခဲ့သောကာလများက ဖြည့်ဆည်းပေးခဲ့သလိုပင် သင်၏ခန္ဓာကိုယ်ဘတ်ဂျက်သို့ လိုအပ်ချက်ပြည့်စုံစွားပြီဖြစ်ကြောင်း သင့်ခန္ဓာကိုယ်ကို အသိပေးလိုက်ပါသည်။ ဆိုလိုသည်မှာ ရေကို ခန္ဓာကိုယ် တခုလုံးသို့ ဖြန့်ဝေမပေးနိုင်မီမှာပင် ဦးနှောက်ကရေဆာခြင်းကို ပြေဖျောက်ပေးလိုက်ပါသည်။

သင်၏ကိုယ်ခန္ဓာဘတ်ဂျက်လိုအပ်မှုကို သင်၏ဦးနှောက် အလုပ်လုပ်ပုံကိုကြည့်၍ သိနားလည်နိုင်ပါသည်။ 

သင်၏စိတ်ခံစားချက်အရလိုအပ်မှုသည် ငွေ အသွင်း အထုတ် လုပ်သလို ဘတ်ဂျတ်တွင် အသွင်းအထုတ်များနှင့် စဉ်းစားရပါသည်။ သင်၏အတွေ့အကြုံမှာ ဦးနှောက်အတွင်းတွင် အလုပ်လုပ်ပုံနှင့် ပြော၍မရပါ။ သင် ဘာကိုဘဲ တွေးတွေး၊ ဘာကိုဘဲ ခံစားခံစား သင်၏ပျော်ရွှင်မှုဒေါသထွက်မှုတို့သည် သင်က တခြားလူအပေါ်တွင်အကြင်နာ ပိုခြင်း (သို့မဟုတ်) အစော်ကားခံရခြင်းတို့သည် သင်ဦးနှောက်က တွက်ချက်၍နေပါသည်

ဦးနှောက်၏လုပ်ငန်းများအပေါ် ရှု့မြင်ခြင်းမှာ အကျိုးသက်ရောက်မှုများရှိပါသည်။ ဥပမာ-  မတော်ရာကို စားမိသည့်အတွက် အစာမကြေဖြစ်၍ ဆရာဝန်ထံ သွားပြသည့်အခါ ဆရာဝန်က အစာကြေဆေးပေးပါလိမ့်မည်။ သို့သော် ရှုပ်ထွေးခက်ခဲ၍  စိတ်သောကရောက်စေသည့်လင်မယားပြတ်စဲသည့်ကိစ္စများဖြစ်သည့်အခါတွင်လည်း အစာမကြေ ဖြစ်တတ်ပါသည်။ ထိုအခါ ရိုးရိုးဆရာဝန်ထံပြသခြင်းထက် စိတ်ဝေဒနာ ဆရာဝန်ထံ သွားရမည်ဖြစ် ပါသည်။ ရိုးရိုးဆရာဝန်ကအစာကြေဆေးပေးရုံနှင့် ဤရောဂါကိုပျောက်အောင် မကုနိုင်ပါ။ စိတ်ဆရာဝန်က ကျွန် တော်တို့၏ စိတ်အနှောင့်အယှက်ဖြစ်မှုအကြောင်းရင်းကိုသိရှိခြင်းဖြင့်သာ ကုစားနိုင်ပါလိမ့်မည်။ စိတ်ပညာ ဆရာ ဝန်ကသာ စိတ်အနှောင့်အယှက်ဖြစ်ကြောင်းကို ခွဲခြားသိနိုင်ပါလိမ့်မည်။

ကိုယ်ခန္ဓာ၏ဘတ်ဂျက်လိုအပ်ချက်အရကြည့်လျှင် စိတ်၏လိုအပ်ချက်၊ ကိုယ်ခန္ဓာ၏လိုအပ်ချက်များကို ရှာဖွေရပါသည်။ စိုးရိမ်သောကရောက်ရခြင်းက အစာအိမ်ကို ဒုက္ခမပေးပါ။ လူ၏ဦးနှောက်က စိုးရိမ်သောကရောက်ရခြင်းကြောင့် အစာအိမ်ကို ဒုက္ခဖြစ်ရခြင်းတို့ကို အတူတူဖြစ်ကြောင်း ဆုံးဖြတ်ပေးပါလိမ့်မည်။ အကြမ်း ဖြင်းကြည့်လျှင် စိတ်လိုအပ်ချက်ကြောင့် လူသည်ဒုက္ခမရောက်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော်စိတ်ကတွေ့ကြုံ ခံစားရမှုသည် ရုပ်၏ ဘတ်ဂျက်လိုအပ်ချက်တွင် အကျိုးသက်ရောက်မှုရှိစေခြင်းသာဖြစ်ပါသည်။ ဤပြဿနာ တွင် အသက်ကိုဝ၀ရှုခြင်း (Deep breadth) အိပ်ရေးဝ၀အိပ်ခြင်းတို့သည် ထိရောက်သောကုသခြင်းမျိုးဖြစ်ပါ သည်။ ထိုလုပ်ရပ်များက စိတ်ပိုင်းဆိုင်ရာဒုက္ခရောက်ခြင်းများကို ကုစားပေးနိုင်ပါသည်။

သင်၏သွေးခုန်နှုန်း၊ ကိုယ်ခန္ဓာအပူချိန် သွေးဖိအား စသည်တို့မှာ သာမာန်အချိန်များတွင် သင်အဖို့ ဂရုမပြုဘဲရှိပါလိမ့်မည်။ သင့်ဦးနှောက်က မနေပါ။ အမြဲသိအောင်လုပ်နေသည်ကို (metabolic need ) ဟုခေါ်သည်။ သင်အဖို့သကြားဓါတ်နည်းနေပါသလား။ ပန်းသီးတစ်လုံးဖြစ်စေ၊ ချောကလက်ကိုဖြစ်စေ စားနိုင်သည်။ ယမန်နေ့ ညက ကောင်းကောင်းမအိပ်ခဲ့ရလျင် သင့်ဦးနှောက်တွင် Dopamine နည်းနေလိမ့်မည်။ ကော်ဖီအမဲကိုသောက်ရင်းမနက်ဖြန်တွင်သုံးမည့် စွမ်းအင်ကို ချေးငှားသုံးစွဲနိုင်ပါသည်။ ကိုယ်ခန္ဓာလိုအပ်ချက်ကြောင့် အရိပ်လက္ခဏာ ပြလျင် စိတ်တွင်လည်း စနိုးစနှောင့်ဖြစ်ရသည်။ ကိုယ်ခန္ဓာသည် စိတ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။

လူ့ယဉ်ကျေးမှုအရ ကျေနပ်နှစ်သိမ့်ခြင်း၊ မကြေနပ်ခြင်း၊ အေးဆေးတည်ငြိမ်ခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်းစ သောအခြေအနေများကို ဖြစ်ပေါ်စေသောအရာများ ရှိကြပါသည်။ ထိုအရာများသည် အများသဘောတူ ယူနီဗာဆယ် မဟုတ်ပါ။ တစ်စုံတစ်ယောက်က ငြင်သာစွာထိခိုက်မိခြင်းကို တစ်ချို့ကကောင်းသည်ဟုပြော၍ တစ်ဦးကမူ မခံမရပ်နိုင်ဖြစ်နေသည်။ လူ၏ ခံစားချက် mood ကိုလိုက်၍ အမူအရာများ ကွဲကြပါသည်။ ထိုသို့ မထင်မရှား သောအရာကို ကောင်း၏ မကောင်း၏ ဆုံးဖြတ်သည်မှာ လူ၏ဦးနှောက်ဘတ်ဂျက်အရ ဖြစ်ရပါသည်။

ရောဂါဖြစ်ပွားမှုကြောင့် စိတ်တက်ကြွမှု (Motivation) မရှိဘူး ဖြစ်နိုင်သည်။ ဤအဖြစ်အပျက်များကို ကိုယ် ခန္ဓာ၏ဘတ်ဂျက်လိုအပ်ချက်များအရ စဉ်းစားကြည့်ပါ။ ယင်းတို့သည် ကိုယ်ခန္ဓာဘတ်ဂျက်၏တောင်းဆိုမှုများ သာဖြစ်ပါသည်။ ဤအချက်က သင့်ကို စိတ်သက်သာရစေပါလိမ့်မည်။ စိတ်ထဲမှာ အနှောင့်အယှက်တခုကြောင့် ခံစားရလျှင် “ငါဒီဟာကို ဆက်ပြီး မခံစားနိုင်တော့ဘူး” ဟုများ ခံစားနေရလျှင် သင်၏ ကိုယ်ခန္ဓာကိုယ်ဘတ်ဂျက် အကြောင်းကို စဉ်းစားကြည့်လိုက်ပါ။ 
 
“ငါ အရင်ညကအိပ်ရေးဝ၀အိပ်ရရဲ့လား” 
“ ငါရေဆာနေသလား” 
“ငါလမ်းလျှောက်ထွက်ရင်ကောင်းမလား” 
“မိတ်ဆွေနှင့် ဖုန်းပြောပြောရရင်ကော” ဆိုသည့်နည်းနှင့် ကိုယ်ခန္ဓာဘတ်ဂျက်တွင် လိုအပ်သောအင်အားများ ကို ဖြည့်ဆည်းပေးနိုင်ပါသည်။

လက်ဖျစ်တီးရုံနှင့်တော့ သင်၏ခံစားမှုများသည်ပျောက်သွားလိမ့်မည်မဟုတ် ။သင်၏စိတ်တွင် မပြေလည် အောင်ခံစားရခြင်း၊ စိတ်ဖိစီးခြင်း (Depression) ရောဂါကို အမြင်တခုခုပြောင်းရုံဖြင့် ကုစားနိုင် လိမ့်မည်မဟုတ်ပါ ။ သို့သော် သင်၏ဦးနှောက်အလုပ်လုပ်ပုံကို မြင်အောင်ကြည့်၍ ထိုဖြစ်ရပ်မှ သင်ခန်းစာယူဖို့ ဘဲဖြစ်ပါသည်။

(၃)
ဦးနှောက်သည် ကြွက်းသားပေါင်း ၆၀ဝ ခန့်၏လှုတ်ယှားမှုများကို ထိမ်းချုပ်ရပါသည်။ ဒါဇင် ကျော်မျှရှိ သော ဟိုမုန်းများကို ဟန်ချက်ညီစွာ အသုံးချရပါသည်။ သွေးကို တစ်နေ့လျင် ဂါလံ နှစ်ထောင်ကျော် နှလုံးမှ နေ့စဉ်နှင့်အမျှ ပန်းထုတ် ပေးရပါသည်။ ဘီလီယံချီသော ဦးနှောက်ဆဲလ်များကို တညီတညွတ်တည်း ဖြစ်အောင် ထိမ်းသိမ်းရပါသည်။ အစာချေခြင်း၊ အညစ်အကြေး စစ်ထုတ်ခြင်း နှင့် လူကိုဖျားနာခြင်းမရှိအောင် စောင့်ရှာက်ရပါ သည်။  လူတို့သက်တမ်းရှိသမျှ မရပ်မနားဘဲ ဆက်တိုက်အလုပ်လုပ်ရပါသည်။

ကိုသန်းလွင်
Ref: Your Brain is not for Thinking, By Lisa Brett New York Times Nov 25 2020.