ဧရာ(မန္တလေး) - ဗုဒ္ဓဘာသာမှာ free will ဆိုတဲ့ သဘော ရှိသလား

Art - Than Htay Maung

ဧရာ(မန္တလေး) - ဗုဒ္ဓဘာသာမှာ free will ဆိုတဲ့ သဘော ရှိသလား
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၂၀
ကနောင်မင်းသားကို မြင်းကွန်းနဲ့ မြင်းခုံတိုင်မင်းသားတို့ လုပ်ကြံကြတဲ့ ဖြစ်ရပ်ကို ဖြစ်စေမယ့် initial conditions တွေက စကြာဝဠာအစ မဟာပေါက်ကွဲမှုကြီး ဖြစ်တုန်းက ပါနေခဲ့ပြီးသားလား။ အကယ်၍ ဒီလုပ်ကြံမှုကြီးက ရှောင်ရှားလို့ မရနိုင်ဘဲ ရူပဗေဒ, ဇီဝဗေဒ စတဲ့ နိယာမတွေ အတိုင်း ကျိန်းသေဖြစ်တာ ဆိုခဲ့ရင် မြင်းကွန်းနဲ့ မြင်းခုံတိုင်မင်းသားတို့က ဒီလုပ်ကြံမှုအတွက် အပြစ်ရှိတယ်လို့ ပြောလို့ ရနိုင်ပါ့မလား။ moral responsibility ကို free will မပါဘဲ သိပ္ပံနိယာမတွေနဲ့ ရှင်းပြနိုင်မလား။ အချို့က ဒါဝင်ရဲ့ သီအိုရီက ပြောသလို spontaneous variation မှာ အဖြေရှာကြတယ်။ အချို့ကလည်း quantum indeterminacy ကို အားကိုး ရှာကြတယ်။ အဓိကကတော့ ကြောင်းကျိုးဆက်ဖြစ်စဉ်ကို သွေဖီပြီး ဖောက်ထွက်နိုင်မယ့် သိပ္ပံသီအိုရီ တခုခုကို ရှာကြတာပါပဲ။
တနည်းပြောရင် free will ဆိုတဲ့ စကားကို နှစ်ခုခွဲပြီး ကြည့်လိုက်တာပါပဲ။ ပထမပုဒ် ‘Free’ အရ ရှောင်လွဲလို့ မရဘဲ ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်တယ် ဆိုတဲ့ determinism ကို ဖောက်ထွက်နိုင်မယ့် random chance ကို ရှာတယ်။ ဒုတိယပုဒ် ‘will’ အရ ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်တယ် (pre-determined) လို့ ဆိုမယ့်အစား adequately determined choice နဲ့ အစားထိုးလိုက်ပါတယ်။ ဒါကြောင့် determinism ကို အထိုက်အလျောက် လက်ခံရာလည်း ရောက်ပါတယ်။
ကမ္မ (ကံ) ဆိုတာ အမှု, အလုပ် (actions) လို့ တိုက်ရိုက်အားဖြင့် အဓိပ္ပါယ်ရပေမယ့်၊ “စေတနာနဲ့ စေ့ဆော် တိုက်တွန်း ပြီးမှ ကြံစည်တာ, ပြောဆိုတာ, လုပ်ဆောင်တာကြောင့် စေတနာကို ကံလို့ ခေါ်ကြောင်း” နိဗ္ဗေဓိကသုတ် (အံ.၆.၆၈) မှာ ဟောထားပါတယ်။ စေတနာ ဆိုတာ volitional intention or will ပါပဲ။ စေတနာ ဦးဆောင်တဲ့ တရားတွေကို ‘သင်္ခါရာ’ တရား (determination, volitional formation) လို့ ခေါ်ပါတယ်။ ဒါကြောင့် အနောက်တိုင်း ဒဿနဆရာတွေ ပြောတဲ့ adequately determined choice ဆိုတာကိုလည်း လက်ခံပါတယ်။ ဒါကြောင့် free will ရဲ့ လိုအပ်ချက် နှစ်ခု ဖြစ်တဲ့ alternative possibilities / ability to act otherwise ရော, adequately determined choice ကိုပါ လက်ခံတဲ့ အတွက် ဗုဒ္ဓဝါဒက free will ကို လက်ခံတယ်လို့ အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်။
ဒါပေမယ့် ‘free’ ဆိုတဲ့ နေရာမှာ common sense သဘောအရ ability to act otherwise ကိုသာ လက်ခံတာ ဖြစ်ပြီး ဒီနေ့ခေတ် ဒဿနဆရာတွေ ကြံဆနေတဲ့ Darwinian spontaneous variation တို့, quantum indeterminacy တို့လို free from predetermined causality မျိုးကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ ပဋိစ္စသမုပ္ပါဒ် ဒေသနာအရ ကံတရားတွေကလည်း အကြောင်း ကင်းပြီး မဖြစ်ပါဘူး။
‘ကမ္မဘဝ’ ဆိုတာ ရည်ရွယ်ချက်နဲ့ ရွေးချယ် လုပ်ဆောင်တဲ့ စေတနာ, ကံ, အပြုအမူတွေလို့ ဆိုပေမယ့်၊ လွတ်လပ်စွာ ရွေးချယ်ရတာတော့ မဟုတ်ပါဘူး။ “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာအရ ဥပါဒါန် တရားလေးပါးရဲ့ လွှမ်းမိုးမှု ခံထားရပါတယ်။ အဆင်း, အသံ, အနံ့ စတဲ့ ကာမဂုဏ် တရားတွေအပေါ်မှာ တပ်မက်စွဲလမ်းမှု (ကာမုပါဒါန်)၊ အယူဝါဒ, အတွေးအခေါ်, ယုံကြည်မှုတွေအပေါ်မှာ တပ်မက်စွဲလမ်းမှု (ဒိဋ္ဌုပါဒါန်)၊ အလေ့အကျင့်တွေ, rite and ritual တွေအပေါ်မှာ တပ်မက်စွဲလမ်းမှု (သီလဗ္ဗတုပါဒါန်)၊ ‘ငါရှိတယ်’ ဆိုတဲ့ အတ္တအယူဝါဒ အပေါ်မှာ တပ်မက်စွဲလမ်းမှု (အတ္တဝါဒုပါဒါန်) လို့ ဥပါဒါန်တရားလေးပါး ရှိတယ်။ ဒီဥပါဒါန်တရားလေးပါးရဲ့ လွှမ်းမိုးမှု မကင်းဘဲ ‘ကမ္မဘဝ’ က ရွေးချယ် စေ့ဆော် လုပ်ဆောင်ရတာ ဖြစ်လို့ ဗုဒ္ဓဝါဒက free will ကို လက်ခံတယ် ဆိုရင်တောင် free will ဆိုတာထက် ‘conditioned will’ ဆိုတာက ပိုပြီး သင့်တော်မယ်လို့ ယူဆရတယ်။
အနောက်တိုင်းဒဿနမှာ moral responsibility ကို ပြောမယ်ဆိုရင် free will နဲ့ determinism ဆိုတဲ့ အယူအဆတွေက တွဲပြီး ပါလာတတ်တယ်။
ဒဿနသမိုင်းကို ပြန်လှန်ရင် လူတွေရဲ့ ကံကြမ္မာကို နတ်တွေက စေစား ပြဋ္ဌာန်းနေတယ်ဆိုတဲ့ fatalism ကနေ ရုန်းထွက်ဖို့အတွက် determinism ကို ဖော်ထုတ်ခဲ့တာဖြစ်တယ်။ Democritus ရဲ့ “အရာရာမှာ အကြောင်း ရှိပြီး လိုအပ်ချက်အရ ဖြစ်ပေါ်လာတာသာ ဖြစ်တယ်” ဆိုတဲ့ သဘောက ဆင်ခြင်တုံတရားကို အလေးပေးတဲ့ ပညာရှင်တွေကြားမှာ ရေပန်းစားခဲ့တယ်။
ဒါပေမယ့် ဖြစ်ပျက်သမျှ အရာရာက သဘာဝနိယာမတွေအတိုင်း ကြိုတင် ပြဋ္ဌာန်းပြီး ဖြစ်နေမယ်ဆိုရင် ကိုယ်ကျင့်တာဝန် ဆိုတာ အဓိပ္ပါယ်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် နိယာမတွေက ပြဋ္ဌာန်းတဲ့ လမ်းကြောင်းကနေ သွေဖီ သွားတာမျိုး (random swerve, or clinamen) ရှိရမယ်လို့ Democritus ရဲ့ တပည့် Epicurus က ယုံကြည်တယ်။ Aristotle ကလည်း မိမိသဘောအလျောက် (up to us) လုပ်ဆောင်နိုင်တာ ရှိရမယ်လို့ ဆိုတယ်။ Aristotle နဲ့ Epicurus တို့ကို အနောက်တိုင်း ဒဿနသမိုင်းမှာ free will အယူအဆကို အစောဆုံး ထုတ်ဖော်ခဲ့သူတွေ အဖြစ်သတ်မှတ်ကြတယ်။
အရာရာက ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်တယ် ဆိုတဲ့ determinism နဲ့ မိမိ စိတ်ဆန္ဒအလျောက် ဆုံးဖြတ် လုပ်ဆောင်နိုင်တယ် ဆိုတဲ့ free will သဘောက ဝိရောဓိ ဖြစ်နေတယ်။ အနောက်တိုင်းဒဿနသမိုင်း တစ်လျှောက်မှာ ဒီပြဿနာကို ဆွေးနွေး ငြင်းခုန်ခဲ့ကြပေမယ့် ဒီနေ့အထိ ကျေနပ်လောက်စရာ အဖြေ မရှိသေးဘူးလို့ ဆိုနိုင်တယ်။
Determinism ကို လုံးဝ ပစ်ပယ်ပြီး free will ကို လက်ခံတဲ့ အယူဝါဒမျိုးကိုတော့ Libertarianism လို့ခေါ်တယ်။ အချို့ကတော့ Determinism နဲ့ free will တို့ ဆန့်ကျင်ဖက် မဖြစ်ဘဲ သဟဇာတ ဖြစ်အောင် ပေါင်းစပ်ယူတဲ့ ဝါဒမျိုးကို Compatibilism (အချို့ကလည်း Soft Determinism) လို့ ခေါ်တယ်။ Free will ကို လုံးဝ ငြင်းပယ်လိုက်တဲ့ ဝါဒမျိုးကိုတော့ Hard Determinism လို့ ခေါ်တယ်။ (၂၀၀၉ ခုနှစ်မှာ လုပ်ခဲ့တဲ့ စစ်တမ်းတွေအရ ဒီနေ့ခေတ် ဒဿနပညာရှင် 59% လောက်က Compatibilists, 13% လောက်က Libertarians တွေ ဖြစ်ပြီး၊ 12% လောက်ကတော့ Free will ကို လုံးဝ ငြင်းပယ်ကြတယ်လို့ သိရတယ်)။
Determinism
Determinism အကြာင်း ပြောမယ်ဆိုရင် Laplace’s Demon ကို ထည့်ပြောရမယ်။ အကယ်၍သာ အရာခပ်သိမ်းကို သိနိုင်တဲ့ တန်ခိုးရှင်တဦးက စကြာဝဠာမှာ ရှိရှိသမျှ အက်တမ်တွေရဲ့ တည်နေရာနဲ့ အလျှင်တွေသာကို သိခဲ့ရင် Newton ရဲ့ ရွေ့လျှားမှုဆိုင်ရာ ညီမျှခြင်းထဲကို ထည့်လိုက်ရင် အနာဂတ်ကို တွက်ထုတ်နိုင်လိမ့်မယ်လို့ ပြင်သစ် သိပ္ပံပညာရှင် Laplace က ၁၈၁၄-ခုနှစ်တုန်းက ရေးခဲ့ဖူးတယ်။

Neuroscience ထွန်းကားလာတဲ့ ဒီနေ့ခေတ်မှာ အတွေးစိတ်, မှတ်ဉာဏ်, အိပ်မက် စတာတွေက ဦးနှောက်ထဲက နျုရွန်တွေ, ဓာတုပစ္စည်းတွေရဲ့ ဖြစ်ပျက် ပြောင်းလဲနေတဲ့ ဖြစ်စဉ်သာ ဖြစ်တယ်၊ တနည်းအားဖြင့် အသိစိတ်နဲ့ နာမ်တရားတွေ ဆိုတာက ရုပ်တရားက ထုတ်လုပ်ထားတဲ့ အရာတွေသာ ဖြစ်တယ်ဆိုတဲ့ reductionism ကို လက်ခံလာကြတယ်။ ဒါကြောင့် determinism နဲ့ free will အယူအဆက သဟဇာတ မဖြစ်ရုံသာမက၊ conscious will ဆိုတာတောင် မရှိဘူးလို့ ယူဆလာကြတယ်။
Compatibilism
ကနောင်မင်းသားကို မြင်းကွန်းနဲ့ မြင်းခုံတိုင်မင်းသားတို့ လုပ်ကြံကြတဲ့ ဖြစ်ရပ်ကို ဖြစ်စေမယ့် initial conditions တွေက စကြာဝဠာအစ မဟာပေါက်ကွဲမှုကြီး ဖြစ်တုန်းက ပါနေခဲ့ပြီးသားလား။ အကယ်၍ ဒီလုပ်ကြံမှုကြီးက ရှောင်ရှားလို့ မရနိုင်ဘဲ ရူပဗေဒ, ဇီဝဗေဒ စတဲ့ နိယာမတွေ အတိုင်း ကျိန်းသေဖြစ်တာ ဆိုခဲ့ရင် မြင်းကွန်းနဲ့ မြင်းခုံတိုင်မင်းသားတို့က ဒီလုပ်ကြံမှုအတွက် အပြစ်ရှိတယ်လို့ ပြောလို့ ရနိုင်ပါ့မလား။ moral responsibility ကို free will မပါဘဲ သိပ္ပံနိယာမတွေနဲ့ ရှင်းပြနိုင်မလား။ အချို့က ဒါဝင်ရဲ့ သီအိုရီက ပြောသလို spontaneous variation မှာ အဖြေရှာကြတယ်။ အချို့ကလည်း quantum indeterminacy ကို အားကိုး ရှာကြတယ်။ အဓိကကတော့ ကြောင်းကျိုးဆက်ဖြစ်စဉ်ကို သွေဖီပြီး ဖောက်ထွက်နိုင်မယ့် သိပ္ပံသီအိုရီ တခုခုကို ရှာကြတာပါပဲ။
မိမိပြုတဲ့ အမှုအတွက် မိမိမှာ တာဝန်ရှိတယ်လို့ ပြောဖို့အတွက် ပထမအချက်အနေနဲ့ တခြားရွေးချယ်စရာ (to do otherwise/ alternative possibilities) ရှိရမယ်။ ဒုတိယအချက်အနေနဲ့ အဲဒီ တခုခုကို သူတို့ စိတ်ဆန္ဒ အလျောက် ရွေးချယ်နိုင်ရမယ် (adequately determined choice)။
တနည်းပြောရင် free will ဆိုတဲ့ စကားကို နှစ်ခုခွဲပြီး ကြည့်လိုက်တာပါပဲ။ ပထမပုဒ် ‘Free’ အရ ရှောင်လွဲလို့ မရဘဲ ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်တယ် ဆိုတဲ့ determinism ကို ဖောက်ထွက်နိုင်မယ့် random chance ကို ရှာတယ်။ ဒုတိယပုဒ် ‘will’ အရ ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်တယ် (pre-determined) လို့ ဆိုမယ့်အစား adequately determined choice နဲ့ အစားထိုးလိုက်ပါတယ်။ ဒါကြောင့် determinism ကို အထိုက်အလျောက် လက်ခံရာလည်း ရောက်ပါတယ်။
ဒါကို two-stage model of free will လို့လည်း ခေါ်လေ့ရှိတယ်။ determinism နဲ့ free will ကို ပေါင်းစည်းလိုတဲ့ compatibilists အများစုက ဒီ two-stage model သဘောမျိုးကို တနည်းမဟုတ် တနည်း သုံးပြီး သူတို့ အယူအဆကို တင်ပြကြတယ်။
ကမ္မသကတာ
ဗုဒ္ဓဘာသာမှာ free will ဆိုတဲ့ သဘော ရှိသလား။
ကမ္မဿကတဉာဏ် ဆိုတာ sense of moral responsibility ကို ဆိုလိုတာပါပဲ။ ကမ္မ = ကံ ဆိုတာ ‘ကောင်းဆိုး အမှုတွေကို တွေးကြံ-ပြောဆို-လုပ်ဆောင်တာ’ ကို ဆိုလိုပါတယ်။ ‘သက’ ဆိုတာကတော့ ‘ကိုယ်ပိုင်ဥစ္စာ’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ ‘ကမ္မဿကတာ’ ဆိုတာ မိမိရဲ့ ‘အတွေးအကြံ-အပြောအဆို-အပြုအမူ’ လုပ်ဆောင်ချက်တွေကို မိမိ ပိုင်တယ်ဆိုတဲ့ အမြင်ပါပဲ။
‘ကမ္မဿကတာ’ သဘောကို လက်ခံနားလည်ဖို့ ဆိုရင် ‘အကြောင်းကြောင့် အကျိုးဖြစ်ရတယ်’ ဆိုတဲ့ အခြေခံ နိယာမသဘော ‘adequate determinism’ လိုအပ်ပါတယ်။ ဓမ္မနိယာမ သဘော, ပဋိစ္စသမုပ္ပါဒ် သဘောလို့လည်း ခေါ်ပါတယ်။ ဒီသဘောတွေက ကျယ်ပြန့်နက်နဲတယ် ဆိုပေမယ့် အခြေခံသဘော အားဖြင့်ကတော့ အလွန် ရိုးရှင်းပါတယ်။
မဇ္ဈိမနိကာယ် ဝါသေဋ္ဌသုတ် (အံ.၂.၄၆၀) မှာ “လူတွေ အမျိုးဇာတ် ကွဲပြားနေတယ် ဆိုတာက တိရစ္ဆာန်တွေလို မျိုးရိုးဇာတိ ကွဲပြားမှုကြောင့် မဟုတ်ဘဲ၊ အတတ်ပညာနဲ့ အသက်မွေးမှု ကွဲပြားတာကြောင့် ဖြစ်တယ်။ အလုပ် (ကံ) ကြောင့် လယ်သမား, ကုန်သည်, သူခိုး, စစ်သား စသဖြင့် ကွဲပြားနေကြတယ်။ ပဋိစ္စသမုပ္ပါဒိကို သိမြင်တဲ့သူ, ကံ ကံ၏အကျိုးကို ကောင်းစွာနားလည်သူက ဒါကို အမှန်အတိုင်းမြင်တယ်” လို့ ဟောထားတယ်။
တိတ္ထာယတနသုတ်
ကမ္မဿကတဉာဏ်ကို ရဖို့ဆိုရင် moral responsibility နဲ့ ဆန့်ကျင့်တဲ့ အယူဝါဒ (ဒိဋ္ဌိ)တွေကို ပယ်ဖို့ လိုတယ်။ မဟာဗောဓိဇာတ် (ဇာတကအမှတ် ၅၂၈) မှာ ဒီလို အယူဝါဒတွေကို moral responsibility ရှုထောင့်ကနေ ငြင်းပယ်ပြထားတယ်။ တိတ္ထာယတနသုတ် (အံ.၃.၆၂) မှာတော့ (၁) ပုဗ္ဗေကတဟေတုဝါဒ (၂) ဣဿရနိမ္မာနဟေတုဝါဒ (၃) အဟေတုကဝါဒ တွေကို moral pragmatism ရှုထောင့်ကနေ ငြင်းပယ်ထားတယ်။
“ဣဿရနိမ္မာနဟေတုဝါဒ” ဆိုတာ တွေ့ကြုံလာသမျှ ကောင်းဆိုးခံစားမှုတွေက တန်ခိုးရှင် ဘုရားသခင်, နတ်ဒေဝတာတွေကနေ ဖန်ဆင်းထားတယ် ဆိုတဲ့ အယူအဆပဲ။ ‘ပုဗ္ဗေကတဟေတုဝါဒ’ ဆိုတာကတော့ ဖြစ်ဖြစ်သမျှက အတိတ်က ပြုခဲ့တဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ရတယ် ဆိုတဲ့ အယူအဆမျိုး ဖြစ်တယ်။ အတိတ်ကံ သက်သက်ကိုပဲ ယုံကြည်တာကလည်း ‘ပုဗ္ဗေကတဟေတုဝါဒ’ မှာ အကြုံးဝင်တယ်။ မိမိတို့ တွေ့ကြုံ ခံစားရသမျှကို တစုံတဦးက ဖြစ်စေ, မိမိပြုခဲ့တဲ့ အတိတ်ကံတွေက ဖြစ်စေ, ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ အတိတ် အကြောင်းတရားတွေက ဖြစ်စေ ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်တယ်၊ ပြုပြင်ရှောင်လွဲလို့ မရနို်ငတော့ဘူး ဆိုတဲ့ hard determinism တွေပါပဲ။ ‘အဟေတုကဝါဒ’ ဆိုတာကတော့ တွေ့ကြုံခံစားရသမျှက အကြောင်းရင်းမြစ် မရှိဘဲ ကြုံကြိုက်တိုက်ဆိုင်မှု (သင်္ဂတိ - accidental occurrence / or random chance) သာ ဖြစ်တယ် ဆိုတဲ့ strict indeterminism ပါပဲ။
ဒီအယူဝါဒတွေကို လက်ခံယုံကြည်ထားရင် “ကိုယ် လုပ်သင့်တာတွေကို လုပ်ဖို့၊ မလုပ်သင့်တာတွေကို ရှောင်ကြဉ်ဖို့ အတွက် ဆန္ဒနဲ့ ကြိုးစားအားထုတ်မှုတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘာက လုပ်သင့်တဲ့ အလုပ်, ဘာက မလုပ်သင့်တဲ့ အလုပ်လို့လည်း မှန်မှန်ကန်ကန် သိမှာ မဟုတ်တော့သလို သတိနဲ့ စောင့်ထိန်းမှာလည်း မဟုတ်တော့ဘူး... (... န ဟောတိ ဆန္ဒေါ ဝါ ဝါယာမော ဝါ ဣဒံ ဝါ ကရဏီယံ ဣဒံ ဝါ အကရဏီယန္တိ။ ဣတိ ကရဏီယာကရဏီယေ ခေါ ပန သစ္စတော ထေတတော အနုပလဗ္ဘိယမာနေ မုဋ္ဌဿတီနံ အနာရက္ခါနံ ဝိဟရတံ ...)” လို့ တိတ္ထာယတနသုတ်မှာ ရှင်းရှင်းလင်းလင်း ဟောထားပါတယ်။ ဒါက moral pragmatism ရှုထောင့်ကနေ ငြင်းပယ်တယ်လို့ ဆိုနိုင်ပါတယ်။ တိတ္ထာယတနသုတ်ရဲ့ နောက်ပိုင်းမှာ ပဋိစ္စသမုပ္ပါဒ်ကို ဟောပါတယ်။ ဒီတော့ ဗုဒ္ဓဝါဒက hard determinism နဲ့ strict indeterminism သဘောတွေကို ငြင်းပယ်ပြီး အခြေခံ ဓမ္မနိယာမသဘော ‘adequate determinism’ ကို ရှင်းပြတယ်လို့ ဆိုနိုင်ပါတယ်။
အတ္တကာရီသုတ်
ဒါဆို ဗုဒ္ဓဝါဒမှာ free will ဆိုတဲ့ သဘော ရှိသလား။ Free will အကြောင်းပြောရင် UC Berkeley က ပါမောက္ခ John Searle ပြောလေ့ရှိတဲ့ စကားတခု ရှိတယ် - “ငါလက်ကို မြှောက်မယ် စိတ်ကကြံရွယ်ပြီး မြှောက်လိုက်ရင် လက်က မြောက်သွားတယ်” တဲ့။ ဒီသဘောမျိုးကို ဗုဒ္ဓက ပြောခဲ့ဖူးတယ်။ တခါတုန်းက ဗြာဟ္မဏတဦးကနေ ဗုဒ္ဓကို သူက “မိမိ ပြုသော အမှု (အတ္တကာရီ act of own volition)” ဆိုတာ မရှိဘူးလို့ ယုံကြည်ကြောင်း ပြောတယ်။ ဒီတော့ ဗုဒ္ဓက “မိမိကိုယ်တိုင် ရှေ့ကို တိုးနိုင် နောက်ကို ဆုတ်နိုင်ပါလျက် မိမိပြုသော အမှု မရှိ, သူတပါး ပြုသော အမှု မရှိလို့ သင်ဘာကြောင့် ဆိုရတာလဲ” လို့ မေးခွန်းထုတ်ပါတယ် (အံ.၆.၃၈၊ အတ္တကာရီသုတ်)။ အဲဒီနောက် ကိုယ်လက် လှုပ်ရှားမှု စတဲ့ အမူအရာတွေကို ဖြစ်စေတဲ့ အာရဗ္ဘဓာတု (initiative energy) စတာတွေကို ဆက်ဟောပါတယ်။ ဗုဒ္ဓဝါဒမှာ free will တိုက်ရိုက် ရည်ညွှန်းတဲ့ သဘောမျိုး မရှိပေမယ့်၊ အတ္တကာရီသုတ်အရ လူက မိမိရဲ့ စိတ်ဆန္ဒအလျောက် ရှေ့တိုးချင် တိုးနိုင်သလို ရှေ့မတိုးဘဲ နောက်ကို ဆုတ်ချင်လည်း ဆုတ်စေနိုင်တဲ့ အာရဗ္ဘဓာတု ရှိတယ်။ တနည်းပြောရင် အနောက်တိုင်း ဒဿနဆရာတွေ ပြောတဲ့ principle of alternative possibilities (AP) တို့ ability to act otherwise ဆိုတာကို ဗုဒ္ဓက လက်ခံပါတယ်။
ကမ္မ (ကံ) ဆိုတာ အမှု, အလုပ် (actions) လို့ တိုက်ရိုက်အားဖြင့် အဓိပ္ပါယ်ရပေမယ့်၊ “စေတနာနဲ့ စေ့ဆော် တိုက်တွန်း ပြီးမှ ကြံစည်တာ, ပြောဆိုတာ, လုပ်ဆောင်တာကြောင့် စေတနာကို ကံလို့ ခေါ်ကြောင်း” နိဗ္ဗေဓိကသုတ် (အံ.၆.၆၈) မှာ ဟောထားပါတယ်။ စေတနာ ဆိုတာ volitional intention or will ပါပဲ။ စေတနာ ဦးဆောင်တဲ့ တရားတွေကို ‘သင်္ခါရာ’ တရား (determination, volitional formation) လို့ ခေါ်ပါတယ်။ ဒါကြောင့် အနောက်တိုင်း ဒဿနဆရာတွေ ပြောတဲ့ adequately determined choice ဆိုတာကိုလည်း လက်ခံပါတယ်။ ဒါကြောင့် free will ရဲ့ လိုအပ်ချက် နှစ်ခု ဖြစ်တဲ့ alternative possibilities / ability to act otherwise ရော, adequately determined choice ကိုပါ လက်ခံတဲ့ အတွက် ဗုဒ္ဓဝါဒက free will ကို လက်ခံတယ်လို့ အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်။
ဒါပေမယ့် ‘free’ ဆိုတဲ့ နေရာမှာ common sense သဘောအရ ability to act otherwise ကိုသာ လက်ခံတာ ဖြစ်ပြီး ဒီနေ့ခေတ် ဒဿနဆရာတွေ ကြံဆနေတဲ့ Darwinian spontaneous variation တို့, quantum indeterminacy တို့လို free from predetermined causality မျိုးကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ ပဋိစ္စသမုပ္ပါဒ် ဒေသနာအရ ကံတရားတွေကလည်း အကြောင်း ကင်းပြီး မဖြစ်ပါဘူး။
ဥပါဒါနပစ္စယာ ဘဝေါ
ပဋိစ္စသမုပ္ပါဒ် ဒေသနာမှာ ကံတရားကို ‘သင်္ခါရာ’ နဲ့ ‘ဘဝ’ ဆိုပြီး ဝေါဟာရ နှစ်မျိုးနဲ့ သုံးထားပါတယ်။ ‘ဘဝ’ ဆိုတာကို မြန်မာစကားမှာ “မွေးရာကနေ သေဆုံးရာအထိ ဖြစ်တည်မှု ဘဝ” ကို ရည်ညွန်းပြောဆိုတာ ရှိသလို၊ ကလေးဘဝ, ကျောင်းသားဘဝ စသဖြင့် “အဖြစ်” ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးတာလည်း ရှိပါတယ်။ မူရင်း အဓိပ္ပါယ်ကတော့ “အဖြစ်, ဖြစ်ခြင်း, ဖြစ်တည်မှု” (being, existence) လို့ အဓိပ္ပါယ်ရပါတယ်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာ ‘ဘဝ’ ကို ကမ္မဘဝ နဲ့ ဥပပတ္တိဘဝ ဆိုပြီး နှစ်ပိုင်း ခွဲကြည့်ပါတယ်။ ‘ကမ္မဘဝ’ က စေတနာ, ကံ, သင်္ခါရတရားဆိုတဲ့ ပြုခြင်းဘဝ (doing, acting, determining)တွေကို ဆိုလိုပါတယ် ။ ရည်ရွယ်ချက် စေတနာပါတဲ့ ရွေးချယ်လုပ်ဆောင်မှုတွေကို ဆိုလိုပါတယ်။ ကံတရားကို အခွင့်အလမ်းတွေကို ဖန်တီးပေးတဲ့ ‘လယ်ယာမြေ’ လို့ သုတ္တန်တွေမှာ တင်စားပြောဆိုလေ့ ရှိပါတယ် (အံ.၃.၇၇၊ ပဌမဘဝသုတ်)။ ပစ္စုပ္ပန်မှာ ရည်ရွယ်ချက်နဲ့ ရွေးချယ် လုပ်ဆောင်တဲ့ အပြုအမူတွေက အနာဂတ်အတွက် အခွင့်အလမ်းနယ် (range of possibilities) ကို ဖန်တီးပေးတယ်လို့ ပြောချင်လည်း ပြောလို့ ရပါတယ်။ ‘ဥပပတ္တိဘဝ’ ဆိုတာကတော့ လုပ်ဆောင်ချက် ကံတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား ‘ဖြစ်ခြင်းဘဝ’ (being, existence, determined) တွေကို ဆိုလိုပါတယ်။ ကမ္မဘဝက ရွေးချယ်ပိုင်ခွင့် ရှိပြီး၊ ဥပပတ္တိဘဝကတော့ အကျိုးဆက်ဖြစ်လို့ ရွေးချယ်ပိုင်ခွင့် မရှိတဲ့ ဘဝ ဖြစ်ပါတယ်။ “လယ်လုပ်ပြီး အသက်မွေးလို့ လယ်သမားဖြစ်တယ်” ဆိုတဲ့ နေရာမှာ အခြားအလုပ်မလုပ်ဘဲ လယ်လုပ်ပြီး အသက်မွေးဖို့ ရွေးချယ် လုပ်ဆောင်တာက ‘ကမ္မဘဝ’ ဆိုရင်၊ လယ်သမားဘဝ, လယ်သမားအဖြစ်ဆိုတာက ‘ဥပပတ္တိဘဝ’ ပါ။ မကောင်းမှု အကုသိုလ်တွေကို ရွေးပြီး လုပ်ဆောင်ခဲ့တာက ‘ကမ္မဘဝ’ ဆိုရင် ဒီအကုသိုလ်တွေကြောင့် သေလွန်ပြီးနောက် ဒုဂ္ဂတိဘဝမှာ ဖြစ်ရတယ် ဆိုတာ ‘ဥပပတ္တိဘဝ’ ပါ။