Breaking News

ကိုအောင်မှိုင်း - ရေနစ်နေတဲ့ မြစ်တစင်း

Aung Htet


ကိုအောင်မှိုင်း - ရေနစ်နေတဲ့ မြစ်တစင်း

(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၀


မြစ်တစင်း

ရေနစ်နေတယ် 

ကယ်မဲ့သူက ရှား

ထိုးနှစ်မဲ့သူတွေက များ

ချစ်ခြင်းများစွာနဲ့   ခွင့်လွှတ်လိုက်ပါဦး မေ။


မြင်းရိုင်းတကောင်

တောတိုးရင်း ခြေကျိူးလို့ တဲ့

ကျော်မကောင်း ကြားမကောင်း

စင်ကာပူမှာ ဆေးရုံတက်နေရရှာတယ်

ခေတ်ပျက်သူဌေးဆိုတော့  ခွင့်လွှတ်လိုက်ပါဦး မေ။


ပန်းချိူးချင်သူတွေ 

ပန်းခိုးချင်သူတွေများတဲ့ ခေတ်ကြီးမှာ

ပန်းပျိူးချင်သူက နည်းမှနည်း ဆိုတော့ 

ပန်းချစ်သူတွေလဲ ပန်းသူခိုးတွေနဲ့ အတူ

ပန်းရောင်းနေကြလေရဲ့  ခွင့်လွှတ်လိုက်ပါဦး မေ။



ဧရာဝတီမြစ်ကြီးကို

ဗြောင်းပြန် လှန်လိုက်လို့ 

သွန်ကျလာတဲ့ ရေတွေနဲ့

တောရိုင်းမြေကို ပြောင်းလဲဘို့

မင်းကျိူးစားတယ် ဆိုရင်တော့

ရေစုံ ရေဆန်ရှိတဲ့ လောကမှာ

သဘာဝဆိုတာကြီးကို ခွင့်လွှတ်လိုက်ပါဥိး မေ။


ခွင့်လွှတ်ချင်ရင် ခွင့်လွှတ် တတ်ပေမဲ့

ခွင့်မလွှတ်ချင်ရင် စွန့်ပစ် တတ်တဲ့

ခွင့်မလွှတ်ခြင်း ဆိုတာကိုတော့

ရိုက်ချိူးပစ်လိုက်တာ အကောင်းဆုံးပါ မေ။


တကယ်တော့

မင်းရေတိမ်နစ်နေပြီလေ မေ။


ကိုအောင်မှိုင်း

ဇန်နဝါရီလ ၁၀ရက် ၂၀၂၁ခုနှစ်